28 July 2011

လွမ်းမိသူ

တွေဝေမိမောစွာနဲ့
ခေါင်းငိုက်စိုက်ရင်း
ရင်မှာကြွေကွဲပြီး
အဖော်တွေရှာတောလည်း
လွမ်းရက်တွေရှည်ခဲ့ပြီး။
အိပ်ပျက်ညတွေ တိုးဝင်လာတော
ရက်တွေကြာညောင်းခဲ့ပေမဲ့
အလွမ်းတွေမဟောင်းခဲ့ပါဘူး။
သူ့ကိုသာ ရင်မှာစွဲနစ်ကာ
နတ်မိမယ်လားထင်ရတဲ့
သူ့ရုပ်လွှာကတော
အိမ်မက်ညတွေ ဖန်ဆင်းခဲ့ရော
သူ့စကားကို ကြားရသူမှာတော
ပိတိတွေဖုံး အချစ်တွေလွမ်းခြုံသွားပေါ။
အော်......ချစ်မိသူရယ်
ရေမြေတွေခြားနေပေမဲ့
ချစ်မိသူအသဲမှာ
တမ်းတရင်းနဲ့ Emotion တွေများတော
လွမ်းရသူမှာ ကြွေပြီးပေါ။

မြတ်ခိုင်

ဆက်လက်ရန်.....

27 July 2011

Uninstaller Program 2008

ဒီနေ့ ကျနော်လက်တွေ့ Computer မှာ ပြဿနာတစ်ခု ဖြစ်တယ်။ Virus Program တစ်ခုကို Remove လုပ်တာ လုပ်လို့မရဘူး ဖြစ်နေတယ်။ အဲဒါကြောင်း ကျနော် ဒီဟာလေးနဲ့ ရှင်းလိုက်ရတယ်။ ကောင်းတယ်ဗျာ။ ကျနော်လို ဖြစ်သွားရင် စမ်းကြည့်လို့ရပြီး။




ရင်သွီး

ဆက်လက်ရန်.....

Kaspersky 2010 ထွက်ပြီး

ကျနော်ကို သူငယ်ချင်းတစ်ယောက်က Kaspersky လိုချင်လိုတယ်လို့ ပြောလာတယ်။သူမှာ ရက် ၃၀ ပဲ ရတယ် ထင်ပါရဲ့.. ကျနော် ရှာပြီးတင်ပေးလိုက်ပါတယ်ဗျာ။ ၂၀၁၀ အတွက် Vision ထွက်တယ်လို့ ထင်ပါတယ်။ ကျနော်တော အသုံးဖူးဘူး။ သုံးကြိုက်ကြပါတော စိတ်ရှိလက်ရှိ။



ရင်သွီး

ဆက်လက်ရန်.....

26 July 2011

Dictionaries Collection

ဒီနေ့တော တော်တော်အဆင်ပြေသွားတယ်ဗျာ..ကျနော်ဝါသနာတူထင်ပါတယ်..ကျနော်လည်း Dictionary တွေကိုစုစည်းနေတယ်။ သူကလည်း ကျနော်လို့ Dictionary တွေ စုထားတယ်။ ကေ....။ Dictionary လိုချင်တဲ့သူတွေ ဘယ်လောက်လိုချင်လဲ..ယူလို့ရပြီးနော်။


Smiley Myanmar


ရင်သွီး

ဆက်လက်ရန်.....

Shweyoe Unicode Dictionary V:1.1

ကျနော် Shweyoe Unicode Dictionary V:1.1 ကို တင်ပေးလိုက်ပါတယ်..တော်တော်ကောင်းမဲ့ပုံပဲ..ကျနော်တော မသုံးရသေးဘူး..။ သုံးကြည့်ပါ။ Download ကို နှိပ်လိုက်ရင် Shweyoe Unicode Dictionary V:1.1 ကို တင်ထားသော ဆိုက်ကို ရောက်ပါလိမ့်မည်။ အညွန်းတွေကို ဖတ်ပြီး သုံးလိုက်ကြတောနော်။




ရင်သွီး

ဆက်လက်ရန်.....

25 July 2011

Download Program 6.01

အင်တာနက် Connection နှေးကွေးနေလဲ စွမ်းအားရှင် IDM ကတော့ စွမ်းဆောင်နိုင်ပါတယ်။ အခုဆို Version 6.01 တောင် ဖြစ်လာပါပြီဆိုတော သုံးစွဲဖူးသူတိုင်း သိမှာပါ။ မည်သူမှ လက်မလွှတ်နိုင်ပါဘူး။ ဘလော့တိုင်းမှာ ဖော်ပြနေပေမယ့် ဒါပေမဲ့ မိမိအတွက် မှတ်တမ်းအနေနဲ့ တင်ထားတာပါ..။





ရင်သွီး

ဆက်လက်ရန်.....

Babylon Dictionary

ကျနော် သူငယ်ချင်းတို့ကို မျှဝေလိုက်ပါတယ်ဗျာ..ကျနော် မြန်မာ IT Development ထင်ပါတယ် ကျနော် ယူလာတယ်..ပြီးတော ကျနော်လည်း စမ်းကြည့်တော တော်တော်လည်း အဆင်ပြေပါတယ်။ Windown အသစ်တင်မှာ ကုန်သွားတယ်။ ကျနော် သုံးနေတာကို မြင်တော ကျနော်သူငယ်ချင်းတွေက လာပြီး တောင်းကြတယ်။ ကျနော် ထည့်ပေးလိုက်ပါတယ်။ တော်တော်အဆင်ပြပါတယ်။ သုံးကြည့်ပါနော်။













လုပ်နည်းကိုတော နားလည်ရင်ပိုကောင်းတာပေါ့။

(၁)Babylon ကို အင်စတောလုပ်ပါ။

(၂) Babylon ကို အမြဲတမ်းသုံးနိုင်ရန်အတွက် Start bar တွင် ပေါ်နေသော Babylon Icon ကို Exit လုပ်ပါ။

Crack File ကို Copy ယူပါ။ C:\Program Files\Babylon\Babylon-Pro ထဲဝင်ပြီးတော Past ချလိုက်ပါ ပြီးတော Run လိုက်ပါ။

(၄) Babylon Icon လေး Start bar တွင် ပြန်ပေါ်လာလိမ့်မည်။

(၅) ZWT License file ထဲက ZWT License file ကို Run ပါ။

(၆) ပြီးလျှင် ဖိုင်ကို Run ပါ။

အမြဲတမ်း အသုံးပြုနိုင်ကြပါစေ


ရင်သွီး

ဆက်လက်ရန်.....

Planet Online Dictionary

ကျနော် Dictionary ကို လိုချင်လို့ ရှာလိုက်တော.ရှာလေ တွေ့လေ ထင်တာပဲ..။ အရမ်းကောင်းတယ်.planet Dictionary ကို တွေ့တယ်။ ဒါပေမဲ့ အွင်လှိုင်းမရှိမှ ရမယ်နော်..မဟုတ်ရင်တော မရနိုင်ပါဘူး..အွင်လှိုင်းမရှိတဲ့သူတွေကိုတော နည်းနည်းအားတောနာတယ်ဗျာလ်..။
ကျနော်တော စွဲသွားပြီးနော...။
ဒီမှာ သွားကြည့်လို့ရပြီး

ရင်သွီး

ဆက်လက်ရန်.....

မြန်မာ အင်္ဂလိပ် နဲ့ အင်္ဂလိပ် မြန်မာ Dictionary

ကျနော် Dictionary ကို လိုချင်လို့ ရှာလိုက်တော..တွေ့တယ်ဗျာ..မိုက်တယ်..အရမ်းကောင်းတယ်..ဒါပေမဲ့ အွင်လှိုင်းမရှိမှ ရမယ်နော်..မဟုတ်ရင်တော မရနိုင်ပါဘူး..အွင်လှိုင်းမရှိတဲ့သူတွေကိုတော နည်းနည်းအားနာတတ်ဗျာလ်..။
ဒီပုံကတော ကိုယ်လိုချင်တဲ့ အင်္ဂလိပ်စာလုံးကို ရိုက်ထည့်တာပါ..


ဒီပုံကို အင်္ဂလိပ်စာလုံးကို ပြန်မာလို ဥပမာတွေနဲ့တကွ ရှင်းပြထားတာပါ.. အရမ်းကောင်းတယ်နော်..


ဒီမှာလာကြည့်ပါ

ရင်သွီး

ဆက်လက်ရန်.....

Oxford English Dictionary

ကျနော် ဒီနေ့ ပျင်းတာနဲ့ ကျနော့် Computer ထဲမှာ ဟိုရှာဒီရှာလုပ်တော Oxford English Dictionary တွေ့တယ် ..။ ကျနော် ဘယ်ဆိုက်ကနေပြီး Download ခဲ့လေးဆိုတာကို သေသေချာချာမမှတ်မိတောဘူး..အင်္ဂလိပ်စာ လေ့လာနေတဲ့ သူတွေအတွက်ကတော အဆင်ပြေမယ်လို့ ထင်ပါတယ်ဗျာ..။





ရင်သွီး

ဆက်လက်ရန်.....

24 July 2011

ဆိုင်မှာ အင်တာနက် သုံးသူများ သတိထားရန်

ကျနော် မြန်မာနိုင်ငံမှာ သုံးတုန်းက သူငယ်ချင်းတစ်ယောက်အကောက့်ကို ခိုးဖတ်နေတာကို သိလိုက်ရတယ်..ဒါကို ကျနော်က လေ့လာမယ်ဆိုပြီး ရှာလိုက်တော..ကို ခွန်မောင်ပန် ရေးထားတဲ့ ပို့စ်ကိုတွေလို့ ကျနော် Blog မှာ ပြန်ပြီးမျှဝေလိုက်ပါတယ်နော်...။
ကျွန်တော် ကိုယ်တိုင်တွေ့ခဲ့ရတာကို သူငယ်ချင်းတွေ သိသင့်တယ်ထင်လို့ ဒီပိုစ့်လေးကို တင်ဖြစ်အောင်တင်လိုက်တာပါ။ သိပြီးသားဆိုရင်လည်း ကျော်သွားလိုက်ပေါ့ ။ ရည်ရွယ်တာက မြန်မာနိုင်ငံ ကျွန်တော် သူငယ်ချင်းတော်တော်များများက ဆိုင်မှာ သုံးတာများတယ်လေ ။ခုပြောပြမယ် အချက်က တကယ်လည်း အရေးကြီးလို့ပါ ။ စလိုက်ကြစို့ ။


   ကျွန်တော်တို့ ဆိုဒ်တစ်ခုခုကို ဝင်မယ်ဆိုရင် အကောင့်တွေဘာတွေဖြည့်ပြီးချိန်မှာ တွေ့ရတတ်တာက ဒါတွေပါ ။ ဒါမှ မဟုတ် ဒါမျိုးလည်း ရှိသေးတယ် ။


တွေ့ဖူးကြမယ်ထင်ပါတယ် ။Remember ကို နိပ်မိလိုက်တာနဲ့  ကိုယ်ရဲ့ အကောင့် နာမည်နဲ့ ပစ်ဝေါ့က Firefoxကျန်နေပါလိမ့်မယ် ။
အောက်ပုံတွေကို ကြည့်ရင့် သဘောပေါက်ကြမယ်ထင်တယ် ။








ဒါကြောင့် မို့လို့ ဆိုင်မှာ အင်တာနက်သုံးနေတဲ့ သူငယ်ချင်းများရေ ... တကယ်လို့ Remember ကို နိပ်မိပြီဆိုရင် သင်ရဲ့ Password ပြောင်းလိုက်ပါတော့ ။ တကယ်လို့ ဆိုင်ဖွင့်နေတဲ့ သူငယ်ချင်းဆိုရင်လည်း စိတ်ထားကောင်းကောင်းနဲ့ နံပါတ်သုံးပုံမှာ ပါတဲ့အတိုင်း သူတစ်ပါးတွေရဲ့အကောင့်ကို မယူသုံးဘဲနဲ့ ။Remove all ကို နိပ်ပေးလိုက်ပါလို့ တောင်းဆိုလိုက်ပါ။ နောက်တစ်ချက်က အဲပေါ်မှ ပြတဲ့ပုံတွေထဲက Remember.Never for this site. Not now သုံးခုမှာ Never for this site ကို ရွေးပေးကြပါ ။ ပြီးတော့ အဲဒါကို မေးမေးနေတာကိုလည်း ပိတ်ထားပေးကြပါ ။


အဲဒါကတော့ Viwe page info ကနေဝင်တာပါ ။ အမှတ်လေးပေးထားရင် ဖြုတ်ထားပေးလိုက်ရုံပါပဲ ။
အားလုံးပဲ ပစ်စ်ဝေါ့အခိုးခံရခြင်းမှ ကင်းဝေးကြပါစေ


ရင်သွီး

ဆက်လက်ရန်.....

Adobe Indesign CS3 မြန်မာပြန်စာအုပ်

ကျနော် ဘယ် ဆိုက်က ရထားလဲ မသတောဘူးဗျာ..။ ကျနော် Indesign CS3 သင်ဖူးတယ်..တော လေ့လာရတာ လွယ်ကူလို့ ယူထားတာ...။ ကျနော် Indesign CS3ကို လေ့လာတုန်းကတော Indesign CS2, 3 , 4 , လောက်ပဲ ရှိသေးတယ်..အခုတော Indesign CS5 ထိ ရှိသွားပြီးနော်...။ စာအုပ်က ကောင်းတယ်ဗျာ..ဒီဇိုင်းကောင်းကောင်း ဆွဲလို့ရတယ်..မိုက်တယ်... 

 

ရင်သွီး

ဆက်လက်ရန်.....

windws myanmar translator version1.0

သိပြီးသားဆိုရင်တော့ ခေါင်းစဉ်ကို ဖတ်ကတည်းက သိလောက်ပါပြီးနော် ။ ကျွန်တော် ဘယ်ဆိုက်ကနေပြီး ဒေါင်းထားတာတော့ မမှတ်မိတော့ဘူး ။ တော်တော်လေးကို ကောင်းပါတယ် ။ အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ဆိုနိုင်ပါတယ်။ ။ အင်္ဂလိပ်ဝါကျကို ကော်ပီပြီး ထည့်လိုက်ရင် မြန်မာလို့ ဘာသာပြန်ပေးမှပါတယ်။ စမ်းကြည့်လိုက်ပေါ့....။
windws myanmar translator version1.0 ကောင်းပါတယ်..သုံးကြည့်ပါ..

 


ရင်သွီး

ဆက်လက်ရန်.....

စကားတစ်ခွန်းပြောပါရစေ

တမ်းတမှုတွေနဲ့ ငါတို့ပြည်ရဲ့
အတိတ်သမိုင်းကို ကြည့်လိုက်တဲ့အချိန်
ငါတို့ပြည်က ငါကိုပြောတယ်
မင်းတို့ရင်ထဲမှာ ငါလွတ်မြောက်မယ့်တွက်
ကြိုးစားရမယ်လို့ မှတ်ထားပါ။.

စိတ်ကူးယဉ် အိမ်မက်တွေနဲ့
အနာဂါတ်ကို လှမ်းကြည့်တဲ့အချိန်
အနာဂါတ်က ငါကိုပြောတယ်
စိတ်ကူးမယဉ်ပါနဲ့တော
မင်းတို့ရဲ့ကြိုးစားမှု
မင်းတို့ရဲ့စည်းရုံးမှု
မင်းတို့ရဲ့လုပ်ဆောင်မှု
မင်းတို့ရဲ့ဇွဲလုံးလမှာ
ငါမှုတယ်နေတယ်တဲ့။
တွေဝေမှုတွေနဲ့ စဉ်းစားနေတဲ့အချိန်
ပစ္စုပ္ပန်က ငါကိုပြောတယ်
အခုချိန်မှာ ငါဟာ
မင်းတို့ရဲ့ဘဝ
မင်းတို့ရဲ့နှလုံးသား
မင်းတို့ရဲ့အသက်သွေးကြော
မင်းတို့ရဲ့ဒီနေ့
မင်းတို့ရဲ့မနက်ဖန်
မင်းတို့ရဲ့ထာဝရဖြစ်သောကြောင်း
လွတ်မြောက်အောင် ကြိုးစားကြပါတဲ့။


ရင်သွီး

ဆက်လက်ရန်.....

မအောင်မြင်ခြင်းအကြောင်းအရင်းများ

၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း

၂။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများ မတင့်တယ် မဖွယ် မရာ ရှိခြင်း။

၃။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက် စွက်ဖက် တတ်သော ထူးဆန်းသည့်
အကျင့်ရှိခြင်း။

၎။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။

၅။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။
၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများ အပေါ် အရေးမစိုက်ခြင်း၊ စိတ်
ဝင်စားမှူ့ မထားခြင်း ။

၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော
ကြီးမြင့်စိတ် မရှိခြင်း။

၈။ ကျန်းမာရေးကို အလေးမထား ဂရုမစိုက်ခြင်း။

၉။ ငယ်စဉ် ဘ၀က ပတ်ဝန်းကျင်၏ မကောင်းမှူ့ အရှိန်အ၀ါများ ရိုက်ခတ်မှူ့ဒဏ်
ခံခဲ့ရခြင်း။

၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။


၁၁။ အဖျက်စိတ်ထားများ လက်ခံ ကျင့်သုံးနေခြင်း။

၁၂။ စိတ်ထိခိုက် လှူပ်ရှားမှူ့များအပေါ် ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။

၁၃။ မိမိက ဘာမျှ မပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒ ထားရှိခြင်း။

၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှူ့ မရှိခြင်း။

၁၅။ တစ်စုံ တစ်ခုကို ဖြစ်စေ၊ ထို့ထက် များများကို ဖြစ်စေ မလုပ်ရဲ
မကိုင်ရဲဘဲ အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း။ ၇ မျိုး ၇ှိသည်။
(က) ဆင်းရဲ ပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း။
(ခ) ဝေဖန် ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း
(ဂ) မကျန်းမမာ ဖြစ်မည်ကို ကြောက်ရွံ့ခြင်း။
(ဃ) ချစ်ခင်မှူ့ များ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရှုံးမည်းကို
ကြောက်ရွံ့ခြင်း။
(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း။
(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ ဖြစ်သည်။

၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။

၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။

၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။

၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။

၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊
စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။

ရသွီး

MMSACM မှ
ကူးယူထားသည်

ဆက်လက်ရန်.....

အောင်မြင်တိုးတက်ခြင်းအကြောင်းများ

၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။

၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။


၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။

၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။

၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။

၁၁။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကို ဖြစ်စေသည်။

၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။

၁၃။ သင်၏ ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာ
မူတည်ပါလိမ့်မယ်။

၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ် မပြုလုပ်သင့်။

၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။


ရင်သွီး....


MMSACM
မှ ကူးယးထားသည်

ဆက်လက်ရန်.....

နေ့စဉ်သုံးဖို့နည်းလမ်းတစ်ချို့

(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ
မကြောက်တော့ဘူး။
(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။ လူ၏ ဦးတည်ရာကို
ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။
(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။
(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။
(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့် ပစ်ချချင်ကြသည်။

(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏
နောက်တွင် ဆုတ်ယုတ်ခြင်း ရှိသည်။ ခေါင်းငုံ့တတ်မှသာ
ခေါင်းကိုမတိုက်မိနိုင်။
(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။
ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။
(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။
(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့
နားဆီမရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။
(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါပြုံးပဲနေပါ။
(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။
မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။
(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။
(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက
သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။
ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။
(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။
(၁၅) "မ"သိဘူး၊ "မ"လုပ်ဘူး၊ "မ"ရဘူး၊ "မ"တတ်ဘူး ဆိုတဲ့ "မ"နေရာမှာ
"ကြိုးစားကြည့်မယ်" "သိပ်မသေချာဘူး" "အချိန်အနည်းငယ်ပေးပါ"
"ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်" လို့ ပြောင်းသုံးကြည့်ပါ။


ရင်သွီး

MMSACM
မှ ယူးယူးထာူသည်

ဆက်လက်ရန်.....

23 July 2011

သူ့ကြောင်း

အဖေါ်မပါ တစ်ယောက်တည်းလည်း
ဥသြတို့ရဲ့ လွမ်းဆွဲသံလို့
တေးဆိုရင်းနဲ့ လွမ်းတတ်ပြီး။
သံယောဇဉ်နှောင်း မေတ္တာစစ်မို့
စွဲနစ်ရင်မှာ ဝေဒနာတည်ကာ
သောကတွေဝဲ လွမ်းတွေဝေပြီး
အိပ်မရတဲ့ ညနက်တွေမှာ
ရင်ခုန်သံတွေကို စီကာချလို့
ကဗျာတွေလည်း ရေးတတ်ပြီး။
လွမ်းဆွဲနေရ နေ့နဲ့ညမှာ
သူ့ကိုအမြဲ ချစ်နေဆဲမို့
မနက်ဖြန်မှာ သူ့ကိုတွေ့ဖို့
ဥသြလို့လည်း ကျူးတတ်ပြီး။

ရင်သွီး

ဆက်လက်ရန်.....

အချစ်ဆိုတာ ဒါလား

အနားကဖြတ်သွားတော
အလိုက်သိသိနဲ့
ငိုက်ကြည့်နေမိတယ်။
သူများတွေနဲ့
စကားပြောနေတော
ရင်ထဲမှာ
မနာလို သဝန်တိုမိတယ်။

အပြုံတဝက်နဲ့
လှည့်ကြည့်ပြန်တော
ရင်ထဲမှာ
မီးတောင်ကြီးပေါက်ကွဲသလို
ပှုလောင်သွားတယ်။
(သူ) ပြန်လာမှာကို
ရင်ထဲမှာ စောင့်နေမိတယ်။
မင်းအဝေးကို ထွက်သွားတော
ပဟေဠိပုစ္ဆာတစ်ခုလို့
ရင်ထဲမှာ ရှာနေမိတယ်
ဒါအချစ်လား......။


ရင်သွီး

ဆက်လက်ရန်.....

21 July 2011

Winrar Program

လူတိုင်းသိပြီးသားလေးဖြစ်မှာပါ။ဒီ Program မရှိရင် computer မှာ အဆင်မပြေပါဘူး..wrar400 ကို ကျနော် တင်ပေးပါလိုက်ပါဗျာ.။ full version သုံးချင်ရင်တော ယူသွားလို့ရပါပြီးနော်...။ဖိုင်တွေကျုံ့လို့ကောင်းတယ်။ ကွန်ပြူတာက Download ဆွဲချတိုင်းမှာ win rar မဟုတ်ရင် win Zipတင်ထားတာတွေများတယ်။
ဒါကြောင်း Computer မှာ မ၇ှိမဖြစ်လိုအပ်တဲ့ wind rar ကို တင်ပေးလိုက်ပါတယ်။

ကျုံ့မယ်ဆိုရင် ကိုယ်ကျုံမယ့် ဖိုင်ကို Right Click ကိုထောက် ပြီးတော Add Here သို့မဟုတ် Add to Archive ကိုနှိပ်လိုက်ပါ ။ အဲဒီအနားမှာ ဒီလိုပုံလေး ပေါ်လာတယ်နော်..။
။ ပြန်ချဲ့မယ်ဆိုရင်တော အဲဒီဖိုင်ကို Right click ထောက်ပြီးတော Extras here ကိုနှိပ်လိုက်ပါ ...။ အသုံးပြုပုံကိုလည်း တင်ပေးလိုက်တယ်နော်... ဒါဆိုတော OK ပြီးနော်...။


ရင်သွီး

ဆက်လက်ရန်.....

USB Guard Software

USB Guard Software လေးကို တင်ပေးလိုက်ပါတယ်နော်...ကြိုက်ရင်တော ယူသုံးလိုက်ပေါဗျာ..ကြိုက်မယ်လို့လည်း ထင်ပါတယ်..USB သုံးရင် USB Guard Software လေးနဲ့ USB သုံးလေးကို Virus ရှိမရှိ စစ်ဆေးပြီး Scan လုပ်ပေးရင် ကိုယ့် Computer လုံခြုံတာပေါဗျာ..။


 

ရင်သွီး

ဆက်လက်ရန်.....

20 July 2011

Funshion ဗွီဒီယိုကားများကြည့်ကြမယ်

ကျနော်တော ကြိုက်တယ်ဗျာ။ ဘာလို့လဲဆိုတော နိုင်ငံတာကာ ဗွီဒီယိုကားတွေကို တစ်နေရာတည်းမှာ ကြည့်လို့ရတယ်အတွက် အရမ်းကြိုက်တယ်။


 

ရင်သွီး

ဆက်လက်ရန်.....

ကြောက်နေမိ

ရာထူးစည်းစမ်
ဂုဏ်ပကာသန
အထက်တန်းကျလည်း
မမက်မောခဲ့။

နေစရာလည်းမရှာ
စားစရာလည်းမရှိ
ဝတ်စရာဗလာနတ္ထိ
သို့သောလည်း
ကြောက်စိတ်လုံးဝမရှိ။


ဒါပေမဲ့
ကျနော်ကြောက်နေတာ
အကြင်နာတရားတွေ
အမှန်တရားတွေ
ကွယ်ပျောက်မှာကို
ကြောက်နေတာပါ...။

ရင်သွီး

ဆက်လက်ရန်.....

သန္နိဋ္ဌာန်

ခံစားချက်တွေကို
လိုက်ရင်း
ခံစားမှုတွေက
ကဗျာလိုပြောင်းသွားပြီး

ရင်ခုန်မှုရဲ့
လှိုင်းတံဖိုးတွေဟာ
စိတ်အာရုံမှာ
ကဗျာအဖြစ်
ကျန်ခဲ့ပြီး။
ခံစားသမျှ
တွေ့ဖူးသမျှ
လွမ်းဖူးသမျှ
မြင်မြင်သမျှ
စုံစည်းဖွယ်ရာ
ချစ်မေတ္တာကို
ကဗျာတွေပဲ
ရေးတောမယ်။

ရင်သွီး

ဆက်လက်ရန်.....

Windows XP လျှင်မြန်စေရန် နည်းလမ်း(12)သွယ်

Windows Vista ဆိုပြီး ခပ်စွာစွာထွက်ပေါ်လာခဲ့ပေမယ့်လည်း အခြေအနေအကြောင်း
အမျိုးမျိုး အရ Windows XP ကိုကျွန်တော်တို့မစွန့်လွှတ်နိုင်ခဲ့ပါဘူး။
အဓိကအကြောင်းရင်းက Hardware ပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအသုံးပြုနေဆဲ Windows XP ကိုပိုမိုလျှင်မြန်စွာအသုံးပြုနိုင်ဖို့ နည်းလမ်းအချို့
တင်ပြလိုခြင်းဖြစ်ပါတယ်။Disk Defragment ဟာ Hard disk ပေါ်ရှိ ဖိုင်များကို
နေရာအစီစဉ်တကျရှိနေစေဖို့ ပုံမှန်လုပ်ဆောင်ပေးဖို့လိုအပ်ပေမယ့် Windows ရဲ့စွမ်းဆောင်ရည်ကို
သိသိသာသာတိုးတက်လာစေခြင်းမရှိနိုင်ပါဘူး။ Windows XP ကိုလျှင်မြန်စေဖို့ Disk Defragment
လုပ်တာအပြင် အခြားနည်းလမ်းများစွာရှိပါတယ်။
1. System Boot Time

Windows စတက်တဲ့အချိန် Boot Time မှာ တစ်မေ့တမောစောင့်ရတာ ငြီးငွေ့ဖို့
ကောင်းလိုက်တာလို့ခံစားဖူးကြပါလိမ့်မယ်။ Windows Boot Time ကိုလျှော့ချပြီး စွမ်းဆောင်ရည်
ကောင်းလာစေဖို့အတွက် defragmentation software တစ်ခုခုဝယ်ယူအသုံးပြုမယ့်အစား Hardware
ပိုင်းကိုပဲ လဲလှယ်သင့်ပါတယ်။ Defragment အတွက်က Windows မှာတဲ့ Built-in Defragmenter
ဆိုရင်လုံလောက်ပါပြီ။ ဒါကြောင့် Software တစ် ခုခုကို ငွေကုန်ခံအသုံးပြုမယ့်အစား 8-MB cache buffer
နဲ့ SATA Hard disk ကိုအသုံးပြုလိုက်တာအကောင်းဆုံးပါ။

2. 512MB RAM

တကယ်လို့ ပီစီမှာ RAM ပမာဏက 512 MB ထက်နည်းနေမယ်ဆိုရင် RAMကိုထပ်တိုးသင့်ပါတယ်။
ဒါဆိုရင် ပီစီရဲ့စွမ်းဆောင်နိုင်စွမ်းပိုကောင်းလာတာတွေ့ရပါလိမ့်မယ်။

3. NTFS File System

Windows XP မှာ NTFS ဖိုင်စနစ်ကိုအသုံးပြုခြင်းဟာလည်း ပီစီရဲ့စွမ်းဆောင်ရည်ကို
ပိုကောင်းမွန်လာစေနိုင်ပါတယ်။ ဒါကြောင့် Hard disk ဟာ NTFS ဖိုင်စနစ်ဟုတ်မဟုတ်စစ်ဆေးကြည့်ဖို့ရာ
Hard disk မှာ Right Click နှိပ်ပြီး Properties ကိုရွေးချယ်ပါ။ ဒါဆိုရင် Hard disk Properties
ထွက်လာပါပြီ။ဖိုင်စနစ်အမျိုးအစားကို File system ဘေးမှာ ဖော်ပြထားပါတယ်။



အများအားဖြင့် FAT32 ဒါမှမဟုတ် NTFS ဖိုင်စနစ်တွေပဲဖြစ်ပါတယ်။ FAT32 ဖြစ်ဖြစ် NTFS ဖြစ်ဖြစ်
အသုံးပြုလို့ရတယ်ဆိုပေမယ့်လည်း စွမ်းဆောင်ရည်၊ လုံခြုံစိတ်ချရမှု အတွက်ဆိုရင် NTFS စနစ်ကိုပဲ
အသုံးပြုသင့်ပါတယ် တကယ်လို့ FAT32 ဖြစ်နေခဲ့မယ်ဆိုရင် NTFS သို့ပြောင်းပေးနိုင်ပါတယ်။
ပထမဦးဆုံး အရေးကြီးဒေတာများကို Backup လုပ်ထားတာအကောင်းဆုံးပါပဲ။ Backup လုပ်ပြီးပြီဆိုရင်
Start>Run ကိုခေါ်ပြီးcmd လို့ရိုက်ထည့်ပြီး OK နှိပ်ပါ။


Command Windows နဲ့ Prompt ထွက်လာတဲ့အခါ CONVERT C: /FS:NTFS လို့ရိုက်ပြီး Enter
နှိပ်လိုက်တာနဲ့ FAT32 ဖိုင်စနစ်မှ NTFS ဖိုင်စနစ်သို့ပြောင်းပေးသွားပါလိမ့်မယ်။


Hard disk အရွယ်အစားအပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ်။ ဒီလိုပြောင်းတဲ့နေရာမှာ Virus
ကင်းရှင်းဖို့အရေးကြီးပါတယ်။ ဗိုင်းရပ်စ်ရှိနေခဲ့ရင် ဖိုင်စနစ်ပြောင်းလဲတဲ့ လုပ်ဆောင်ချက်ကို
အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။


4.Disable file indexing

Windows ရဲ့ Indexing service ဟာ Documents နဲ့ အခြားဖိုင်များမှာပါဝင်တဲ့ သက်ဆိုင်ရာ
အချက်အလက်များကို Hard disk ပေါ်မှာဖြန့်ချပြီး Searchable keyword index များကို
တည်ဆောက်ပေးပါတယ်။ Windows ရဲ့ Search ကိုအသုံးပြုပြီး ဖိုင်များ၊ ဖိုလ်ဒါများရှာဖွေတဲ့အခါ
လျှင်လျှင်မြန်မြန်ရှာပေးနိုင်စေဖို့ Hard disk မှာသိမ်းထားတဲ့ ဖိုင်များနဲ့ပတ်သတ်တဲ့ အကျဉ်းချုပ်ကို
မှတ်သားထားပေးတာပါ။ ထို service ကိုပိတ်ထားပေးခြင်းဖြင့် ကွန်ပျူတာမှာ
အခြားလုပ်ငန်းဆောင်တာများကို ပိုမိုလျှင်မြန်စွာလုပ်ကိုင်လာနိုင်ပါလိမ့်မယ်။
Indexing service ကို အသုံးပြုဖို့ရာ My computer မှာ
Right click နှိပ်၊ Manage ကိုရွေးပါ။ Computer Management Windows ထွက်လာတဲ့အခါ
ဘယ်ဘက်အခြမ်းရှိ Services and Applications ကို Double click နှိပ်လိုက်ပါက Indexing service
ဆိုတာ ညာဘက်အခြမ်းမှာ ထွက်လာပါလိမ့်မယ်။


အဲဒီ Indexing Service ကို Double Click နှိပ်လိုက်တဲ့အခါမှာတော့ Indexing Service ထွက်လာပါလိမ့်မယ်။
Indexing Service အလုပ်လုပ်နေသလားသိနိုင်ဖို့ ပုံမှ အပြာရောင်ဝိုင်းပြထားသောနေရတာတွင်ကြည့်ပါ။
ပုံတွင် Indexing Service အားပိတ်ထားသောကြောင့် Play သင်္ကေတ Active ဖြစ်နေပါလိမ့်မည်။
အကယ်၍ Indexing Service အလုပ်လုပ်နေပါက Stop သင်္ကေတ Active ဖြစ်နေပါလိမ့်မယ်။


Hard disk partition တစ်ခုချင်းအား Indexing Service ပိတ်လိုပါက ပိတ်လိုသည့် Hard drive တွင်
Right Click နှိပ်ပြီး Properties ကိုရွေးပါ။


General tab အောက်ရှိ Allow Indexing Service to index this disk for fast file searching ဘေးရှိ
အမှန်ခြစ်အားဖြုတ်ပေးလိုက်ပါ။ OK ကိုနှိပ်လိုက်တဲ့အခါ Drive နှင့်တကွ Subfolders နှင့် ဖိုင်များကိုပါ
ပိတ်ရန်အတွက် Apply changes to C:\, subfolders and files ကိုရွေးပြီး OK ပေးလိုက်ပါ။
အကယ်၍ သတိပေးစာတန်း (ဥပမာ- Access is denied) များထွက်လာပါက
Ignore All Button ကိုနှိပ်ပေးလိုက်ပါ။


5. Video and Motherboard Chipset Drivers Update

Microsoft Windows XP သည် Video Card နှင့် Motherboard Chipset Driver အများစုကို
Support ပေးနိုင်သော်လည်း အချို့ Video Card များအတွက် Driver မှာ လုံးဝဥဿုံ
အဆင်ပြေဆီလျော်ခြင်းမရှိပဲ သုံးဖြစ်ရုံသာရှိနေတတ်သည်။ Video Card နှင့် Mother Board များအတွက်
Driver CD မှ သီးသန့်တင်ယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ Driver အဆင်မပြေဖြစ်နေပါက
စက်၏စွမ်းဆောင်ရည်ကို အပြည့်အ၀အသုံးမပြုနိုင်ဘဲ နှေးကွေးလေးလံ နေတတ်သည်။

6. Empty the Windows Prefetch folder

Windows ပိုမိုလျှင်မြန်စေရန်အတွက် နောက်ထပ်ပြုလုပ်ရမည်မှာ Prefetch folder
ကိုပုံမှန်ရှင်းထားပေးရန်ဖြစ်သည်။ Prefetch folder မှာ Windows folder အောက်တွင်ရှိသည်။
Windows XP သည် ပုံမှန်အသုံးပြုနေကျ Application နှင့် Data များကို ခေါ်ယူအသုံးပြုရာတွင်
အဆင်ပြေလျှင်မြန်စေရန် Prefetch folder တွင် အချို့အစိတ်အပိုင်းများကို သိမ်းဆည်းထားလေ့ရှိသည်။
ထိုလုပ်ဆောင်ချက်သည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ
Prefetch folder တွင် ဖိုင်များစုပုံလာပြီး အသုံးမပြုတော့သည့် Application များအတွက်ပါ ဖိုင်များ
ကျန်ရှိနေတတ်သည်။ ထိုသို့ဖြစ်လာသည့်အခါတွင် Windows XP သည် လိုအပ်သည့်ဖိုင်များကို
ရှာရန်အတွက် အချိန်ပိုမိုအသုံးပြုလာရပြီး ထိုဖိုင်များကို မှတ်ဥာဏ်အတွင်းသို့ ကြိုတင်ရှာဖွေထည့်သွင်း
နေရသည့်အတွက် ကွန်ပျူတာ၏ စွမ်းဆောင်ရည်ကို နှေးကွေးလာစေသည်။ ထိုPrefetch folder
အတွင်းရှိဖိုင်များအားလုံးကို ဖျက်ပစ်သော်လည်း ဘာကိုမျှထိခိုက်စေခြင်းမရှိနိုင်ပါ။

7. Disk Cleanup
Disk cleanup ကိုတစ်လတစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် Windows XP ၏ လျှင်မြန်စွာ
လုပ်ဆောင်နိုင်မှုကို ထိန်းထားနိုင်သည်။ Start>All Programs>Accessories>System Tool>Disk Clean Up
သို့ဝင်၍ Disk Clean Up လုပ်ဆောင်နိုင်သည်။



Disk cleanup သို့ဝင်ရောက်လိုက်ပါက ပထမဦးဆုံး Cleanup လုပ်လိုသည့် Drive ကိုရွေးချယ် ပေးရပါမည်။


Drive ကိုရွေးချယ်ပြီး OK နှိပ်လိုက်သည့်အခါ Disk Cleanup လုပ်ရန်အတွက် ရှင်းလင်းနိုင်သည့်
ဖိုင်များကို ရှာဖွေသည့်လုပ်ငန်း စတင်လုပ်ဆောင်ပါလိမ့်မည်။ Drive အရွယ်အစားအပေါ်မူတည်၍
အချိန်ကြာမြင့်နိုင်ပါတယ်။
Hard disk ပမာဏကြီးသည်ဆိုပါက Office Setup file များကို ရှင်းမပစ်သင့်ပါ။ Office Setup ဖိုင်များကို
ရှင်းပစ်ခဲ့ပါလျှင် တကယ်လို့ Office မှာ ပြဿနာတစ်ခုခုဖြစ်လာလို့ ပြန်ပြုပြင်ဖို့လိုအပ် လာတဲ့အခါ
မူလတင်ခဲ့တဲ့ CD ထည့်ပေးဖို့လိုအပ်လာပါလိမ့်မယ်။ Setup file များရှိနေခဲ့လျှင် ထိုဖိုင်များထဲမှ
လိုအပ်သည်များကို အလိုအလျှောက်ရှာယူတင်သွားမှာ ဖြစ်ပါတယ်။ရှင်းလိုသည့် ဖိုင်များဘေးတွင်
အမှန်ခြစ်ပြီးသည့်နောက် OK ကိုနှိပ်လိုက်သည့်အခါ တကယ်ရှင်းမှာ သေချာရဲ့လားဆိုသည့်
Confirm box တစ်ခုထွက်လာလျှင် OK ပေးလိုက်တဲ့အခါ Disk cleanup လုပ်ငန်းစဉ်
ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။

8. Enable DMA

Windows XP လုပ်ဆောင်မှု လျှင်မြန်စေဖို့ နောက်ထပ်လုပ်ဆောင်ရမယ့်နည်းလမ်းတစ်ခုကတော
့IDE ATA/ATPI Controllers device များမှာ DMA ကို Enable လုပ်ထားဖို့ပါ။
ဒီလိုလုပ်ဖို့ အတွက် Device Manager ကိုဖွင့်ဖို့လိုပါတယ်။ Device Manager ကိုဘယ်လိုဖွင့်ရမလဲဆိုတာ
အရင်က ရေးခဲ့ပြီးသားမို့ အခုထပ်မပြောတော့ပါဘူး။ Device Manager မှာ IDE ATA/ATAPI controllers
ခေါင်းစဉ်အောက်က Primary IDE channel ကို Double Click လုပ်ပါ။ ဒါဆိုရင် IDE Primary Channel Properties
ထွက်လာပါလိမ်မယ်။ အဲဒီမှာ Advance Settings tab အောက်က Transfer Mode ဘေးမှာ DMA if available
ကိုရွေးထားဖို့လိုပါတယ်။ Device 0 မှာရော Device 1 မှာပါ ရွေးပေးခဲ့ပြီး OK ပေးလိုက်ပါ။ ဒီအတိုင်းပဲ
Secondary IDE channel မှာလည်း DMA enable လုပ်ပေးခဲ့ပါဦး။

9. Upgrade the cabling

Hard drive နည်းပညာများတိုးတက်လာတာနဲ့အမျှ၊ Hard drive များကို Motherboard နဲ့ ချိတ်ဆက်အသုံးပြုတဲ့
Cable အမျိုးအစားများလည်း ပိုရှုပ်ထွေးလာပါတယ်။ Cable နဲ့ Hard drive ချိတ်ဆက်တဲ့အခါ Master, Slave
မှန်ကန်မှုရှိဖို့၊ Hard drive မှာလည်း Master, Slave jumper setting မှန်ကန်ဖို့ လိုအပ်ပါတယ်။
Hard drive အမျိုးအစားအပေါ်မူတည်ပြီး Primary, Master Jumper setting ကွဲပြားသွားပါတယ်။
Hard drive တိုင်းမှာ Jumper setting တစ်ပါတည်းပါရှိပါတယ်။ Device တစ်ခုတည်းဆိုရင်တော့
Cable အစွန်းမှာပဲ တပ်သင့်ပါတယ်။

10. Remove all spyware

ကွန်ပျူတာကို နှေးကွေးစေတဲ့ အဓိကတရားခံက Spyware များပါ။ ဒီမကောင်းဆိုးဝါး Spyware
များကိုရှင်းဖြစ်ဖို့အတွက် Lavasoft ကထုတ်လုပ်တဲ့ AdAdware ဒါမှမဟုတ်
SpyBot Search & Destroy လို အလကားရတဲ့ ဆော့ဖ်ဝဲများကို
အသုံးပြုပြီး ဖြေရှင်းနိုင်သလို နာမည်ကျော် Anti-spyware ဆော့ဖ်ဝဲများကို
ပိုက်ဆံပေးဝယ်သုံးနိုင်တဲ့နည်းလမ်းလည်းရှိပါတယ်။ အလကားရတယ်ဆိုပေမယ့်လည်း
မှန်မှန်ကန်ကန် Update လုပ်ထားမယ်ဆိုရင်လည်း AdAdware ဟာ
အတော်လေးသုံးပျော်တဲ့ Program ဖြစ်ပါတယ်။ Spyware များရဲ့အဓိက
ဝင်ပေါက်က အလကားပေးသုံးတဲ့
ဂိမ်းများနဲ့ ဆော့ဖ်ဝဲများဖြစ်ပါတယ်။ Spyware ဆိုတာမျိုးက ကိုယ်ကမဖိတ်ခေါ်ပဲ
အလည်လာလေ့မရှိပါဘူး။
Spyware နဲ့ Anti-spyware တို့တတွေဟာ အမြဲတမ်းလိုလိုပြေးတမ်းလိုက်တမ်းကစား
ပညာပြိုင်နေကြတာဖြစ်လို့ Anti-spyware များဟာ Spyware များကို အမြဲလိုလို
ဖမ်းမိနေနိုင်တာမျိုးမဟုတ်တဲ့အတွက် ကိုယ့်စက်ကိုယ်
စောင့်ကြည့်ဖို့လည်းလိုပါတယ်။ Ctrl+Alt+Delete နဲ့ Task Manager ကို
ခေါ်ကြည့်ပြီး ကိုယ့်စက်မှာ ဘယ် Process တွေအလုပ်လုပ်နေသလဲဆိုတာပုံမှန်
စောင့်ကြည့်ထားဖို့လိုပါတယ်။ပုံမှန်အားဖြင့် Windows ချည်းသီးသန့်ဆိုရင်
Process (20~23) ခုပတ်ဝန်းကျင် Run နေလေ့ရှိပါတယ်။ အသုံးပြုထားတဲ့ Hardware Driver
အမျိုးအစားအပေါ်မူတည်ပြီး တစ်ခုနှစ်ခု ကွာခြားလေ့ရှိပါတယ်။ ကိုယ်သုံးနေကျမဟုတ်တဲ့
Process တစ်ခုခု အလုပ်လုပ်နေတာတွေ့ပြီဆိုရင်တော့ Spyware ဟုတ်မဟုတ် စစ်ဆေးဖို့လိုပါပြီ။

11. Remove any unnecessary programs from Windows startup

အချို့ဆော့ဖ်ဝဲများမှာ အသုံးပြုလိုတဲ့အခါ စတင်တဲ့အချိန်လျှင်မြန်စေဖို့အတွက်
Windows စတင်တဲ့အချိန်မှာ
ဖိုင်တစ်ချို့ကို ကြိုတင် Run ထားလေ့ရှိပါတယ်။ ဥပမာ၊ Adobe Acrobat tray,
Matlab server, Autocad startup accelerator, PowerDVD serv
အစရှိတဲ့ Process များဟာ Windows စတက်လာကတည်းကကြိုတင်အလုပ်လုပ်နေလေ့ရှိပါတယ်။
အဲဒီProcess များနဲ့သက်ဆိုင်တဲ့ Application
များကိုအသုံးပြုတဲ့အခါ လျှင်မြန်ပေမယ့်လည်း
Memory ကိုအသုံးပြုနေတာဖြစ်တဲ့အတွက်
Windows ကိုနှေးစေပါတယ်။ ဒါကြောင့် Windows Startup မှ
မလိုအပ်တဲ့ ဆော့ဖ်ဝဲများကို ဖယ်ထားသင့်ပါတယ်။
ဒီအတွက် System Configuration Utility ကိုအသုံးပြုရပါမယ်။
Start>Run မှာ msconfig လို့ရိုက်ထည့်လိုက်ပါ။
System Configuration Utility ထွက်လာတဲ့အခါ Startup tab အောက်က
မလိုအပ်တဲ့ Process များဘေးမှ
အမှန်ခြစ်ကို ဖြုတ်လိုက်ခြင်းအားဖြင့် Process များကို Windows startup မှာ
အလုပ်မလုပ်နိုင်အောင် ပိတ်ထားနိုင်ပါတယ်။

Antivirus software & Driver များနဲ့သက်ဆိုင်တဲ့ Process များကလွဲရင် ကျန်တာအားလုံးကို
ရပ်ထားလို့ရပါတယ်။ အမှန်ခြစ်ဖြုတ်ချင်တာတွေကို ဖြုတ်ပြီး OK နှိပ်လိုက်ရင် Restart လုပ်ဖို့
တောင်းပါလိမ့်မယ်။ Restart ချက်ချင်းမလုပ်လိုဘူးဆိုရင် Exit Without Restart ကိုနှိပ်လိုက်ပါ။
Restart လုပ်ပြီးတဲ့နောက် Windows ပြန်တက်လာတဲ့အခါ System Configuration Utility ကို
အသုံးပြုပြီး Windows startup ကိုပြောင်းလဲထားတာတွေ Save လုပ်ပြီးကြောင်းပြောတဲ့ Box
တစ်ခုထွက်လာပါလိမ့်မယ်။

အဲဒီ Box မှာ အောက်နားက လေးထာင့်ကွက်မှာ အမှန်ခြစ်ပြီးမှ OK နှိပ်ပေးပါ။ အမှန်မခြစ်ခဲ့ဘူးဆိုရင်
Windows တက်လာတဲ့အခါတိုင်း အဲဒီ Box ထွက်နေပါလိမ့်မယ်။

12. Remove any unnecessary software

ဒီနည်းလမ်းကတော့ အလွန်ရိုးစင်းတဲ့နည်းလမ်းတစ်ခုပါ။ ကွန်ပျူတာထဲမှာ အသုံးပြုဖို့ မလိုအပ်တော့တဲ့
Software များကို အပြီးတိုင်ဖယ်ရှားလိုက်မယ်ဆိုရင် Windows အလုပ်လုပ်တာ ပိုပေါ့ပါးသွားမှာ
သေချာပါတယ်။ နောက်ပြီး Application ချင်းတူတဲ့ Software နှစ်ခု အတူတူရှိမနေတာလည်း
အကောင်းဆုံးပါပဲ။ အများအားဖြင့် Media Player များဟာ ရှိသင့်တာထက် ပိုများနေတတ်ပါတယ်။

tinmoeaye.blogspot.com

ဆက်လက်ရန်.....

MicrosoftWord နှင့် စာအုပ်လုပ်ကြရအောင်

ယခု ဖော်ပြမယ့် စာအုပ် ပြုလုပ်မည့် နည်းလမ်းကို လူတိုင်း သိပြီး ဖြစ်နိုင်သလို မသိသူ များစွာ ရှိမည် ဖြစ်ပါသည်။ သို့ကြောင့် ဖော်ပြပေးလိုက်ပါသည်။ Microsoft Word တွင် စာအုပ်ထုတ်ဝေသည့် ပုံစံချပြီး Printout ထုတ်နိုင်သည်။ အောက်ပါအတိုင်း ပြုလုပ်ပါ။(၁) မိမိရိုက်ချင်သည့် စာရွက်ကို ရွေးပါ။ဥပမာ – A4 ၊ Legal)(၂) ပြီးလျှင် Page Setup သို့သွား၍ Margin ကို မိမိစိတ်ကြိုက် ပြုပြင်ပါ။(၃) စာအုပ်ဖြစ်သည့်အတွက် Margins —– Orientation မှ Landscape ကို ရွေးချယ်ပါ။(၄) အောက်တွင် ပြသထားသည့်အတိုင်း Margins ၏ Pages ရှိ multiple pages: တွင် Book Fold ကို ရွေးချယ်ပါ။ Sheets per booklet: Auto ကို ရွေးချယ်ပါ။
(၅) ပြီးလျှင် Ok ။(၆) စာ စတင်ရိုက်နိုင်ပါပြီ။ Print out ထုတ်သည့်အခါတွင် စာအုပ်တစ်အုပ် ပုံစံကို Auto Print ထုတ်ပေးသွားမှာ ဖြစ်ပါသည်။ အဆင်ပြေချောမွေ့ကြပါစေ။
(မှတ်ချက်...တဆင့်ကူးယူဖော်ပြထားပါသည်)


ရင်သွီး

ဆက်လက်ရန်.....

Axialis IconWorkshop v6.5.1

ကျနော် Axialis IconWorkshop v6.5.1 ကို တင်ပေးလိုက်ပါတယ်..တော်တော်ကောင်းပါတယ်..ကျနော် Blog တင်မယ့်ပုံတွေ Size ကို ပြုပြင်ရင် ဒီAxialis IconWorkshop နဲ့ပဲ လုပ်ဖြစ်ပါတယ်..နော်တော်တို့ သုံးကြည့်ကြပါနော်..အဆင်ပြေမယ်ဆိုရင် ယူသွားပေါ့..


 

ဆက်လက်ရန်.....

စောင့်နေဆဲပါ

ချစ်ခြင်းမေတ္တာဆိုတာ
Reflection ရှိတယ်လို့
ပြောကြပေမဲ့….
ကျနော့်မှာတော
နွေးကို မိုးစား
မိုးကိုဆောင်းစားပြီး
ရာသီတွေပြောင်း
နှစ်တွေကြာညောင်းတောမယ်..
ဘယ်တော ရောင်ပြန်ဟပ်မှာလဲလို့…
ကျနော်စောင့်နေဆဲ…။

ရင်သွီး

ဆက်လက်ရန်.....

လက်ရွေးစင် စာပေဟောပြောပွဲ (၁၁၂ ပုဒ်)

၁၊ ဗုဒ္ဓပညာ (ရွှေညဝါ) နန္ဒာသိန်းဇံ
၂၊ အမေစားသော ထမင်းတစ်နပ် ဦးသုခ
၃၊ အဘိဓမ္မာမှပေးသော ဘဝအမြင် (ရွှေညဝါ)ဒေါက်တာ မင်းတင်မွန်
၎၊ တန်ဖိုးရှိတဲ့လူ (မော်လမြိုင် ) အတ္တကျော်
၅၊ စိတ်မျက်စိကို ဖွင့်ရအောင် အတ္တကျော်
၆၊ ကနောင်အလွမ်း၊ ထူးဆန်းထွေလာမြေကမ္တွာ(ကနောင်) အောင်ကျော်ဆန်း
၇၊ ရေးသူ၏ ပရိယာယ်၊ ဖတ်သူ၏ ခံစားမှု (ရိုင်းဟုတ်) အောင်ပြည့်
၈၊ လူနှင့် ပညာ (ဟင်္သာတ) အောင်သင်း
၉၊ လူငယ်တွေနဲ့ အနာဂတ် (ကျောက်ပန်းတောင်း) အောင်သင်း
၁ဝ၊ အမွေ (YMCA) အောင်သင်း
၁၁၊ ခေါင်းဆောင်ဆိုတာ အောင်သင်း
၁၂၊ လက်ခံလိုက်စမ်းပါ (စာပေလောက) အောင်သင်း
၁၃၊ လူနှင့် ပညာ (အသုတ်) အောင်သင်း
၁၄၊ ပညာ (မုံရွာ) အောင်သင်း
၁၅ ယနေ့လူငယ်နှင့် ယနေ့ရသစာပေ (မကွေး) အောင်သင်း
၁၆၊ ယနေ့ လူငယ် ဘ0xlaxာင်မှု (ပျော်ဘွယ်) အောင်သင်း
၁၇၊ ဗမာတွေ ပျော်ကြပါစေ (ကနောင်) အော်ပီကျယ်
၁၈၊ ဗမာတွေ ပျော်ကြပါစေ ( စင်္ကာပူ ၂ဝ၁ဝ) အော်ပီကျယ်
၁၉၊ အသိပညာဖြင့် မောင်းနှင်သော (ဟင်္သာတ) အော်ပီကျယ်
၂ဝ၊ အသိပညာဖြင့် မောင်းနှင်သော (အောင်လံ) အော်ပီကျယ်
၂၁၊ အသိပညာဖြင့် မောင်းနှင်သော (မော်လမြိုင်) အော်ပီကျယ်
၂၂၊ ပျော်ရာမှာမနေရ၊ တော်ရာမှာနေရ (UAE) အော်ပီကျယ်
၂၃၊ ဘဝအရေးနှင့် ကာတွန်းအတွေး (အသုတ်) အော်ပီကျယ်
၂၄၊ လူသစ် စိတ်သစ် (အုန်းနှဲ) ချစ်နိုင် (စိတ်ပညာ)
၂၅၊ စကားလက်ဆောင် (ရှိုင်းဟုတ်) ချစ်နိုင် (စိတ်ပညာ)
၂၆၊ ၂၁ ရာစု၏ စိမ်ခေါ်မှုကို ရင်ဆိုင်ခြင်း (ရှိုင်းဟုတ်) ချစ်ဦးညို
၂၇၊ အနုပညာဖန်တီးသူနှင့် အနုပညာခံစားသူ (စင်္ကာပူ) ချစ်ဦးညို
၂၈၊ သို့ ကျောက်ပန်းတောင်း (ကျောက်ပန်းတောင်း) ချစ်ဦးညို
၂၉၊ ကျွန်တော် ခံစားမိသလို ပြောဆိုပါမည် - ၂ (မြောင်းတကာ) ချစ်ဦးညို
၃ဝ၊ သို့ မော်လမြိုင်၊ မှ ချစ်ဦးညို ချစ်ဦးညို
၃၁၊ ကျွန်တော်ခံစားမိသလို ပြောဆိုပါမည် (မြင်းခြံ) ချစ်ဦးညို
၃၂၊ သို့ အုန်းနှဲ၊ မှ ချစ်ဦးညို ချစ်ဦးညို
၃၃၊ သို့ တောင်ငူ၊ မှ ချစ်ဦးညို (တောင်ငူ) ချစ်ဦးညို
၃၄၊ ဇရပ်ကုန်းအတွက် စာပေလက်ဆောင် (မြောင်) ချစ်ဦးညို
၃၅၊ အနုပညာ ဖန်တီးသူနှင့် အနုပညာ ခံစားသူ (အသုတ်) ချစ်ဦးညို
၃၆၊ နည်းပညာ (ရွှေညဝါ) ချစ်ဦးညို
၃၇၊ အမေဟူသည် အလွမ်းသည် ချစ်စံဝင်း
၃၈၊ စိတ်ဓါတ်ြုပပြင် ပြောင်းလဲမြှင့်တင်ရေး ဒေါက်တာ ခင်မောင်ညို
၃၉၊ လူတိုင်းအတွက် အသုံးချစိတ်ပညာ (ရှိုင်းဟုတ်) ဒေါက်တာ ကျော်စိန်
၎ဝ၊ ဟန်ချက်ညီ စိတ်ထား (ရှိုင်းဟုတ်) ဒေါက်တာ သိန်းလွင်
၄၁၊ ရယ်စရာ မောစရာ (ရှိုင်းဟုတ်) အီကြာကွေး
၄၂၊ အသိပညာဖြင့်ြုပပြင်ပြောင်းလဲရမည့် ဤကမ္ဘာ ဟိန်းလတ်
၄၃၊ ဆဒ္ဒန်ဆင်မင်းဇတ်မှ လူ့သဘာဝ (မော်လမြိုင်) လှထွန်း (မြန်မာစာ)
၄၄၊ စိတ်ပညာနှင့် ယဉ်ကျေးမှု (ရှိုင်းဟုတ်) သိပ္ပံ မှူးတင်
၄၅၊ စာရေးဆရာ၏မှတ်စု (စင်္ကာပူ ၂ဝဝ၉) ဂျူး
၄၆၊ ဘဝနှင့်စာပေ (မော်လမြိုင်) ဂျူး
၄၇၊ စာရေးဆရာ၏တစ်ယောက်၏ မှတ်စုများ (မြင်းခြံ) ဂျူး
၄၈၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ (တောင်ငူ) ဂျူး
၄၉။ စာဖတ်ပါ၊ တွေးပါ (ကျောက်ပန်းတောင်း) ကောင်းသန့်
၅ဝ။ စာပေရေးရာ (မြောင်းတကာ) ကောင်းသန့်
၅၁၊ ဘ၀ထဲက စာများ ခက်မာ
၅၂၊ စာပေရေးရာ (မော်လမြိုင်) ခင်ခင်ထူး
၅၃၊ အညာဓလေ့ ရွာဓလေ့ (တောင်ငူ) ခင်ခင်ထူး
၅၄၊ အမွေခံထိုက်စေ (မော်လမြိုင်) ကိုတာ
၅၅၊ ပုံပြင်များ (မော်လမြိုင်) ကျော်ရင်မြင့် (ဖေလင်းသစ်)
၅၆၊ လမ်းပေါ်မှာ(တောင်ငူ) ကျော်ရင်မြင့် (ဖေလင်းသစ်)
၅၇၊ ဘဝ အောင်မြင်ရေး (မော်လမြိုင်) ကြည်မင်း (ကျော်စောမင်း)
၅၈၊ ဗျူတီပါလာနှင့် မဟာသြသဓ (ရှိုင်းဟုတ်) ကြည်မင်း (ကျော်စောမင်း)
၅၉၊ ဘဝမှစာ၊ စာမှဘဝ (ကျောက်ပန်းတောင်း) လယ်တွင်းသား စောချစ်
၆ဝ၊ ဘဝမှစာ၊ စာမှဘဝ (တောင်ငူ) လယ်တွင်းသား စောချစ်
၆၁၊ ဘဝမှစာ၊ စာမှဘဝ (မင်္ဂလာဒုံ) လယ်တွင်းသား စောချစ်
၆၂၊ မျှတသော စိတ်ထား (ရှိုင်းဟုတ်) လယ်တွင်းသား စောချစ်
၆၃၊ စာပေနှင့် ဘဝအောင်မြင်ရေး လယ်တွင်းသား စောချစ်
၆၄၊ သန့်စင်လှပ အိမ်ရှင်မ (ရှိုင်းဟုတ်) လဲ့လဲ့တင်
၆၅၊ အမျိုးသားရေး တေးဂီတ (၂ဝဝ၉) မာမာအေး
၆၆၊ စာဖတ်ခြင်း အနုပညာ မေငြိမ်း
၆၇၊ ကျန်းမာရေး (ရှိုင်းဟုတ်) မောင်မောင်လှိုင် (အပ်စိုက်ကု)
၆၈၊ ဘဝမရှုံးသူများ (ရှိုင်းဟုတ်) မောင်စိန်ထွေး
၆၉၊ သုတရသစာပေ (ကျောက်ပန်းတောင်း) မောင်စိန်ဝင်း (ပုတီးကုန်း)
၇ဝ၊ ရသစာပေ (စင်္ကာပူ ၂ဝ၁ဝ) မောင်စိန်ဝင်း (ပုတီးကုန်း)
၇၁၊ သုတရသစာပေ (မင်္ဂလာဒုံ) မောင်စိန်ဝင်း (ပုတီးကုန်း)
၇၂၊ သုတရသစာပေ (မြောင်) မောင်စိန်ဝင်း (ပုတီးကုန်း)
၇၃၊ ရသစာပေ (အသုတ်) မောင်စိန်ဝင်း (ပုတီးကုန်း)
၇၄၊ အမျိုးသားနေ့ မောင်စွမ်းရည်
၇၅၊ ရယ်စရာ မောစရာ (ကနောင် ၂ဝ၁ဝ) မောင်သာချို
၇၆၊ နှလုံးသားကို အလှဆင်ပါ (မြောင်းတကာ ) မောင်သာချို
၇၇၊ နှလုံးသားကို အလှဆင်ပါ (မော်လမြိုင် ) မောင်သာချို
၇၈၊ နှလုံးလှပါစေ (အောင်လံ ၂ဝ၁၁) မောင်သာချို
၇၉၊ ဘဝအလှအတွက် စာအလှများ (ကျောက်ပန်းတောင်း) မောင်သာချို
၈ဝ၊ စာအလှမှ ရွာအလှသို့ (တောင်ငူ) မောင်သာချို
၈၁၊ တကယ့်လူ မောင်သာချို
၈၂၊ မိခင်ဖြစ်လာမည့် အပျိုစင်များ (ရှိုင်းဟုတ်) မြမြလှိုင်
၈၃၊ တစ်ခါသုံး လူ့အဖွဲ့အစည်း (စင်္ကာပု) နေဝင်းမြင့်
၈၄၊ စာပေရေးရာ (မော်လမြိုင်) နေဝင်းမြင့်
၈၅၊ ကျွန်တော်တို့ငယ်ငယ်က (အောင်လံ) နေဝင်းမြင့်
၈၆၊ ကျွန်တော်တို့ ငယ်ငယ်က (တောင်ငူ) နေဝင်းမြင့်
၈၇၊ ကျွန်မနှင့် စာဖတ်ခြင်း၊ စာရေးခြင်း (ကျောက်ပန်းတောင်း) နုနုရည် (အင်းဝ)
၈၈၊ ကျွန်မဖတ်တဲ့စာ၊ ကျွန်မရေးတဲ့စာ (တောင်ငူ) နုနုရည် (အင်းဝ)
၈၉၊ ရသစာပေ (အသုတ်) နုနုရည် (အင်းဝ)
၉ဝ၊ စာပေနှင့် ဘဝ နုနုရည် (အင်းဝ)
၉၁၊ စာရေးသူမှ စာဖတ်သူသို့ (ကျောက်ပန်းတောင်း) နွမ်ဂျာသိုင်း
၉၂၊ စကားလုံးများဖြင့် ကခုန်ခြင်း ငြိမ်းမင်း
၉၃၊ ဘ0xJu ဇာတ်ညွှန်း ငြိမ်းမင်း
၉၄၊ စာပေရေးရာ (မော်လမြိုင်) ဖေမြင့်
၉၅၊ မြန်မာသံ ရွှေပြည် ဦးဘတင်
၉၆၊ မျက်ကြည်လွှာ (မင်္ဂလာဒုံ) သန်းမြင့်အောင်
၉၇၊ လူမှုဘဝ လူမှုဝန်းကျင် (မြောင်) သန်းမြင့်အောင်
၉၈၊ မသိမသာ (စစ်ကိုင်း) ဦးဘုန်း (ဓါတု)
၉၉၊ ခေါင်းလောင်းသံ (မော်လမြိုင်) ဦးဘုန်း (ဓါတု)
၁ဝဝ၊ အိမ် (မြင်းခြံ) ဦးဘုန်း (ဓါတု)
၁ဝ၁၊ သရက်စေ့ (မှော်ဘီ) ဦးဘုန်း (ဓါတု)
၁ဝ၂၊ အိမ် (တောင်ငူ) ဦးဘုန်း (ဓါတု)
၁ဝ၃၊ အဖိုးပြောသော ပုံပြင်များ (မြောင်) ဦးဘုန်း (ဓါတု)
၁ဝ၄၊ သရက်စေ့ (မြောင်) ဦးဘုန်း (ဓါတု)
၁ဝ၅၊ စာကောင်းပေကောင်း (ကျောက်ပန်းတောင်း) ဦးသိန်းလွင်
၁ဝ၆၊ စာပေနှင့် အနုပညာ ဝင်းဖေ
၁ဝ၇၊ စွန့်ဦးတီထွင် (ရှိုင်းဟုတ်) ရဲမြင့်(စွန့်ဦးတီထွင်)
၁ဝ၈၊ အသက်ရှူလမ်းကြောင်း ရောဂါ (ရှိုင်းဟုတ်) ဒေါက်တာ ကေသီထွန်း
၁ဝ၉၊ ကြက်၊ ငှက်တုပ်ကွေးရောဂါ (ရှိုင်းဟုတ်) ဒေါက်တာ ခင်မောင်လွင်
၁၁ဝ သွေးဆုံးတာနဲ့ အိုရောလား (ရှိုင်းဟုတ်) ဒေါက်တာ ကျော်ညွန့်
၁၁၁၊ သင့်အရေပြားကို ဘယ်လိုကာကွယ်မလဲ ဒေါက်တာ မြင့်မြင့်ကြည်
၁၁၂၊ ကုရာနတ္တိ(ရှိုင်းဟုတ်) ဒေါက်တာ တင့်လွင်

by: Pyae Sone Aung

MP3

 

ဆက်လက်ရန်.....

19 July 2011

ရခိုင်မုန့်တီချက်နည်း

လိုအပ်သော ပစ္စည်းများ

(၁)မုန့်တီ ၁ ပိသာ
(၂)ငါးရွှေ ၁၅ ကျပ်သား
(၃)ပုစွန်ငါးပိ ၅ ကျပ်သားခန့်
(၄)ကြက်သွန်ဖြူ(ဥအသေး) ၅ ကျပ်သား
(၅)ငရုတ်ကောင်း ၁ ကျပ်သား
(၆)နံနံပင် (လိုအပ်သလောက်)
(၇)မကျည်းသီး အမှည့် (နည်းနည်း)
(၈)ဆား၊ အချိုမှုန့်


ပြုလုပ်နည်း

ပထမဆုံး ရေကို ခန့်မှန်းထည့်ပြီး ရေနွေးဆူအောင်တည်ထားပါ၊ တပြိုင်တည်း ငါးကို (အပိုင်းဆိုရင် ထက်ခြမ်းခြမ်းလိုက်ပါ)ပြီးလျှင် ငါးကင်ပါ (မီးသွေးနဲ့ကင်တာပိုကောင်းပါသည်)၊ ရေနွေးပွက်ပြီဆိုတာနဲ့ င/ပိ ထည့်ပါ၊ ငါးပိကိုကျက်အောင်ထားပြီး အိုးကိုချလိုက်ပါ ခဏအနေထိုင်အောင်စောင့်လိုက်ပါ ပြီးလျှင် င/ပိကို စစ်လိုက်ပါ အောက်ကအဖတ်တွေကို ဖယ်လိုက်ပါ (အိုးတစ်လုံးနဲ့ထည့်ထားလိုက်ပါ လိုအပ်လျှင်ထည့်ရအောင်အတွက်) ပြီးလျှင် အိုးကိုထပ်တည်ထားပါ၊ ငါးမျက်နှာပြင်တင်းပြီဆိုတာနဲ့ ငါးကို ထုတ်လိုက်ပြီး ငါးကို နွင်ပါ။ အတုန်းလေးတွေအထိပဲနော်။ ပြီးလျှင် ငါးကို အိုးထဲထည့်လိုက်ပါ။ အဲဒီအချိန်မှာဘဲ အချိုမှုန့်၊ ဆားကို လိုသလိုထည့်ပါ။ အပေါ့အငံအတော်ဖြစ်ပြီဆိုတာနဲ့ င/ရုပ်ကောင်း၊ ကြက်သွန်ကို ထောင်းပါ။ (င/ရုပ်ကောင်းကို လှော်လိုက်ပါ၊ ကြက်သွန်ဖြူကိုလည်း အမာခွန်ကိုချန်ထားပါ)ပြီးလျှင် ပွက်နေတဲ့အိုးထဲကို ထည့်လိုက်ပါ။ (၂)မိနစ်လောက်ထားပြီး ရင် အရမ်းကောင်းတဲ့ ရခိုင်မုန့်တီကို အားပါတရစားလို့ရပါပြီ။ အဲဒီထဲမှာ နံနံပင်၊ ကြက်သွန်ဖြူဆီသတ်တာရယ်၊ ကြက်သွန်နီကြိုက်ရင် ပါးပါးလှီးပြီး ထည့်လို့လည်းရတယ်နော်။ ပြီးရင် ငါးဖယ်၊ ပဲကြော်၊ ပဲသီးကြိုက်ရင်လည်းထည့်စားလို့ရသေးတယ်၊ (င/ရုပ်သီးကြိုက်သူများအတွက်ဆိုရင်) င/ရုပ်သီးက အစိမ်းဒီအတိုင်းချိုးပြီးထည့်ရင်လည်းရတယ်၊ (ဒါမဟုတ်)င/ရုပ်သီးကိုပြုတ်ပြီး လက်လှည့်စက်နဲ့ လှည့်လိုက်ပါ။ ပြီးရင် င/ပိထည့် (င/ပိများများ)၊ ဆား၊ အချိုမှုန့်၊ ပုဇွန်ခြောက်မှုန့်ထည့်ပြီး ရေထပ်ထပ်ကလေးနဲ့ ချက်လိုက်ပါ။ မကျည်းသီးကိုတော့ ရေနွေးနဲ့ အရည်ဖျော်ထားလိုက်ပါ။ အသုတ်လည်းစားမယ်ဆိုရင်တော့ အာလူးလေးနည်းနည်းပြုတ်လိုက်ပါအုံးနော်၊ ခုဏကပြောတဲ့ င/ရုပ်သီး ချက်ရယ်၊ ပြီးတော့ အာလူးပြုတ်ရယ် နည်းနည်းထည့်၊ အချဉ်လိုသလောက်ထည့်ပြီးသုတ်လို့ရပြီနော်။


www.arrcpuchong.co.cc မှ ကူယူထားသည်

ဆက်လက်ရန်.....

ပေးဆပ်သူသို့

ကျနော့်နှလုံးသားနဲ့
ရင်ခုန်သံတွေကို
စည်းချက်ညီအောင်
စွမ်းဆောင်နိုင်ခဲ့သူ။

ကျနော့်ခံစားချက်တွေကို
နူညံသိမ်မွေးအောင်လည်း
စွမ်းဆောင်နိုင်ခဲ့သူ။
ကျနော့်အချစ်တွေ
မြင့်မားလာဖို့
သဇင်ပန်းလို့
သစ္စာစောင့်ထိန်းဖို့
စွမ်းဆောင်နိုင်ခဲ့သူ။

ကျနော့်ရဲ့ရက်လနှစ်လတွေကို
အကြင်နာတရားတွေနဲ့
ပြုံပန်းတွေဝေဆာဖို့
မေတ္တာလမ်းလည်းခင်းပေးသူ။
မင်းဟာ ကျနော့်ဘဝရဲ့
သက်တန်းရောင်ပါ။

ရင်သွီး

ဆက်လက်ရန်.....

Word To PDF Converter 3.0

ကျွန်တော်တို့တတွေအတွက် အသုံးတည့်မယ်လို့လည်း ယူဆပါတယ်။ ဒီ Program ရှိတဲ့ သူတွေကိုတော ပြောတာမဟုတ်ဘူးနော်.. အကယ်၍ word ကနေ PDF ပြောင်းမယ်ဆိုရင် Save As သွားပြီး နေရာလေးကို Click ပြီး Save PDF ကို ကလစ်လုပ်လိုက်ရုံပါဘဲ။

 


ရင်သွီး

ဆက်လက်ရန်.....

Firefox Setup 3.5.3

Firefox Setup 3.5.3 ကျနော် တင်ပေးလိုက်ပါတယ်..အလိုရှိရင် ယူသွားကြပါ..


 


ရင်သွီး

ဆက်လက်ရန်.....

M+Autorun+Killer+2.1+Smart

M+Autorun+Killer+2.1+Smart Program ကို တင်ပေးလိုက်ပါတယ်..ကျနော်သူငယ်ချင်းက မေးလာတယ်..Comouter မှာ တစ်ချို့ဟာတွေကို Delate လုပ်လို့မရဘူးတဲ့...Comouter မှာ တစ်ချို့ဟာတွေကို Delate လုပ်လို့မရဘူးဆိုရင် ပထမဆုံး ဒီSoftware နဲ့ Scan and Clean နဲ့ သန့်ရှင်းလိုက်ပါ..ပြီးတာနဲ့ Log Off ကို ပေးလိုက်ပါ...computer ပြန်ပွင့်လာတာနဲ့ Delate လုပ်လို့မရတဲ့ File တွေကို Delate လုပ်လို့ ရပါပြီး...စမ်းကြည့်လိုက်တော...


 

ရင်သွီး

ဆက်လက်ရန်.....

RisINT10 Virus Program

ကျုနော် RisINT10 Virus Program ကို ထပ်ပြီး တင်ပေးလိုက်ပါတယ်နော်..ကျနော်တော မကြာမကြာသုံးပါတယ်..ရက် ၃၀ လောက်ပဲ ရပါတယ်..အဆင်ပြေမယ်ဆိုရင် သုံးကြည့်လိုက်ကြပေါ့.

 


ရင်သွီး

ဆက်လက်ရန်.....

3D STUDIO MAX

 3D STUDIO MAX စတင်လေ့လာသူများအတွက်

   စာရေးသူ= ဂယက်
   ထုတ်ဝေသူ=
   ရက်စွဲ= ခုနှစ်၊ လ
   စာမျက်နှာ= ၅၃
   ဖိုင်အမျိုးအစား= PDF



 


ရင်သွီး

ဆက်လက်ရန်.....