20 December 2011
တွယ်တာမိတာ အပြစ်လား
မမျှော်လင်းခဲ့ပေမယ့်
တိတ်တိတ်လေးပဲ
အမှောင်ထုကိုဖြတ်ကျော်မယ့်
မျှော်လင်းခြင်းလမင်းလေးတစင်း
သူ့အကြင်နာမျက်ဝန်းက
ဖန်ဆင်းပေးခဲ့တယ်။
သူ့ရဲ့ကြင်နာမှုတွေက
ငါ့နှလုံးသားကို
အထပ်ထပ်အခါအခါ
ယိုင်လေးစေခဲ့တယ်။
ဆက်လက်ရန်.....
17 December 2011
အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း...
အခမဲ့ရနိုင်တဲ့ email လိပ်စာများစာရင်း
http://www.30gigs.com:
Storage ပမာဏ 30GB (1GB = 1024MB) ရနိုင်ပါတယ်။
http://www.aussiemail.com
သြစတြေးလျ email service တစ်ခုကနေ ကျောင်းသားသုံး ရည်ရွယ်ပြီး ဖန်တီးပေးထားတာပါ။
http://www.aim.com:
America Online ရဲ့ service ဟာ အခမဲ့ အသုံးပြုသူတွေအတွက် 5GB ပမာဏပေးထားပြီး နောင်မှာ unlimited အထိတိုးမြှင့်ပေးပါလိမ့်မယ်။
ဆက်လက်ရန်.....
16 December 2011
ဂျီမေးလ်ကို ပတ်စ်ဝေါ့ မသုံးပဲဝင်ရအောင် . . .
ကျတော်တို့ အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ key logger ရန်ကလွတ်အောင် ဒီနည်းလေးသုံးလိုက်ရင် တော်တော်အဆင်ပြေသွားမှာပါ။ အောက်က ပေးထားတဲ့ ကုတ်တွေကို notepad ထဲမှာ copy ကူးယူပြီး USERNAME နဲ့ PASSWORD နေရာမှာ ကိုယ့် username နဲ့ password ထည့်ပါ။ username မှာ @gmail ထည့်စရာမလိုပါ။
ဆက်လက်ရန်.....
တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့လုပ်ပိုင်ခွင့် ခုံရုံးလျှောက်ထားချက် အနိုင်ရ
2011-12-14
တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အဆောင်အယောင်တွေဟာ တိုင်းဒေသနဲ့ ပြည်နယ်ဝန်ကြီးတွေနဲ့ တန်းတူခံစားခွင့်ရှိရမယ်ဆိုတဲ့ လျှောက်ထားချက်ကို အခြေခံဥပဒေခုံရုံးက ဒီကနေ့ အနိုင်ပေးလိုက်ပါတယ်။
(Photo: AFP)
ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီဆုံးဖြတ်ချက်ဟာ တိုင်းရင်းသား တန်းတူညီမျှရေး လှုပ်ရှားနေသူတွေအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်စရာ ဆုံးဖြတ်ချက်လို့ အမျိုးသားလွှတ်တော်အမတ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။
ဆက်လက်ရန်.....
သံဃာ့မဟာနာယက ဆိုတာ ဘာလဲ
အခုတလော အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည် စစ်အာဏာပိုင်တွေ၊ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်တဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအကြောင်း မေးကြ ပြောကြတာတွေကို စုစည်းပြီး တင်ပြပေးချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။
၂၀၀၈ ခုနှစ် သံဃာ့မဟာနာယကအဖွဲ့ (၄)လပတ် အစည်းအဝေး တခုမှာ အချို့ရဟန်း သာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမဝင် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်နေသည်လို့ လျှောက်ထားဖူးတယ်လို့ မှတ်သားဖူးပါတယ်။
ဆက်လက်ရန်.....
ရွှေညဝါဆရာတော်အား လူဝတ်လဲရန် သတင်းများ ထွက်ပေါ်
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟအား သံဃာ အဖွဲ့အစည်း၏ အဆုံးအမကို မနာခံသူဟု နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဆုံးဖြတ်ကြောင်းနှင့် လူဝတ်လဲရန်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့၏ ထိုဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပေးရန် ရွှေည၀ါ နာယက ဆရာတော်ကြီးများက ဦးဆောင်၍ လက်မှတ်ထိုး တင်ပြမည်ဟု သိရှိရသည်။
ဆက်လက်ရန်.....
15 December 2011
 BANGLADESH tribali protesta သက်အမျိုးသမီးများက သူတို့ အခွင့်အရေးအတွက် ယခုလို မကြာခဏ ဘင်္ဂလာဒေခ်ျ့တွင် ဆန္ဒပြတောင်းဆိုကြသည်။
ရခိုင်တွေက သက်ထောင်လို့ လူသိများတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက စစ်တကောင်းတောင်တန်း နယ် ရကန္တာမတီမှာ သက်လူမျိုး ဒေသခံတွေနဲ့ အခြေချ နေထိုင်ရန် ရောက်လာတဲ့ ဘင်္ဂလီတွေအကြား အဓိဂရုန်း ဖြစ်ပေါ်မယ့် အခြေအနေကြောင့် အရေးပေါ် ကာဗျူး ထုတ်ထားရတယ်လို့ သိရပါတယ်။အခုလို ကာဗျူး ထုတ်ထားရတာကတော့ ရကန္တာမတီ ခရိုင် Baghaichari နယ်ဒေသ တစ်ခုမှာ ဘင်္ဂလီ မော်တော်ဆိုင်ကယ် မောင်းသူ တစ်ဦးကို အမည်မသိသူတွေက သတ်သွားပြီးတဲ့ နောက်ပိုင်းမှာ အဲဒီ ဒေသမှာ အခြေချနေထိုင် နေကြတဲ့ ဘင်္ဂလီတွေက ဒေသခံ သက်လူမျိုးတွေကို တိုက်ခိုက်ရာကနေ ပြဿနာ စတင် ဖြစ်ပွားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်တာကြောင့် သက်လူမျိုး အသက် (၅၀) နှစ် အရွယ် စိန်ခေါင်မီလာဟာ သေဆုံးသွားခဲ့ပြီး တခြား အများအပြားလည်း ဒဏ်ရာ ရသွားခဲ့တယ်လို့ ပြောပါတယ်။
ဆက်လက်ရန်.....
14 December 2011
Gtalk Account အဟောင်းထဲမှ သူငယ်ချင်းတွေကို Account အသစ်ထဲသို့ ပြောင်းထည့်တဲ့ နည်းလေးပါ။
ဒီ တစ်ခါတော့ ကျွန်တော်က Gtalk အသုံးပြုနေကြတဲ့ သူငယ်ချင်းတွေ အတွက် နည်းပညာတစ်ခုလေး ပြောပြပါရစေဗျာ။ကျွန်တော်တို့ Gtalk အသုံးပြုနေကြတဲ့ သူတော်တော်များများဟာ Gtalk Account ကို 1 ထက်မက ရှိတက်ကြပါတယ်။တစ်ချို့ ဆို 6 ၊ 7 ခုလောက်တောင် ရှိတက်ပါတယ်။ဒါကတော့ ပြဿနာမရှိပါဘူး။တစ်ချို့တွေ က VIP Account ဆိုပြီး ထားထားကြပါတယ်။အဲ့ဒီလို  ထားထားတဲ့ သူတွေကျတော့လဲ။မိမိ Account လေးက ပြဿနာ တစ်စုံတစ်ခု ကြောင့် Lock ကျသွားတာတို့ သူများ Hack ခံထိတာတို့ ကျရင် မိမိ Account ထဲမှာ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေတွေအားလုံး ကို ဆုံးရှုံးလိုက်ရရင် ကိုယ်လဲ စိတ်မကောင်းဖြစ်မိမှာသေချာပါပဲ။အဲ့တော့ Gmail Account နောက်တစ်ခု ရှိတဲ့ သူတွေ အတွက်တော့ ကျွန်တော် အခု ပြောတဲ့ နည်းလေးက သူငယ်ချင်းတွေ အတွက် အကူအညီပေးပါလိမ့်မယ်ဗျာ။ပြီးတော့ Account အဟောင်းထဲက သူငယ်ချင်းတွေကို Account အသစ်ထဲကို ရိုက်ထည့်နေစရာမလိုပဲ ရောက်ရှိနေအောင်လုပ်တဲ့ နည်းလေးပေါ့ဗျာ။မိမိ ရဲ့ Account ထဲက လူတွေကို မိမိ ရဲ့ VIP Account ထဲသို့ ပြောင်းသုံးချင်ရင်တော့ ကျွန်တော် ပြောတဲ့ အဆင့်လေးတွေ အတိုင်း လုပ်ဆောင် သွားလိုက်ပါတယ်နော်။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေ နဲ့ ပြပေးထားပါတယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။
ဆက်လက်ရန်.....
တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး။
ကျွန်တော် ဒီ Post လေးကို မတင်ခင် ဓာတ်ပုံလေးတွေ ကြည့်ရင်းနဲ့တင် တော်တော်ကြီးကိုဝမ်းနည်းမိပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံးလဲ ကြည့်ပြီး ခံစားကြည့်ပေးကြပါဦးဗျာ။တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကို စွပ်ပြုတ်လုပ်သောက်ကြပါတယ်.....ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ.....
ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton) ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်....ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ဆိုပါတယ်...
ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....
ဆက်လက်ရန်.....
10 December 2011
အမေရိကန်ရောက် မြန်မာများက BBC မှ အင်နာဂျုံးဝန်ချ တောင်းပန်ရန် ဆန္ဒပြ တောင်းဆို
မင်းဆက်ခိုင်
------------
အမေရိကန်ရောက် ရခိုင်လူမျိုးများအပါအဝင် တခြားမြန်မာနိုင်ငံသားများက ဘီဘီစီမှ သတင်းထောက် အန်နာဂျုံးရေးသားသော သတင်းနှင့် ဓာတ်ပုံအတွက် ၀န်ချတောင်းပန်ရန် နယူးယောက်မြို့ရှိ ဘီဘီစီ ရုံးရှေ့တွင် သွားရောက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
Arakanese-in-USAstage-protest-against-BBC
အဆိုပါဆန္ဒပြပွဲကို ရခိုင်အပါအဝင် တခြားတိုင်းရင်းသား ၁၅၀ ခန့်တက်ရောက်ခဲ့ကြပြီး နယူးယောက်မြို့ရှိ BBC Worldwide Americas ရှေ့တွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ရန်.....
ALP နှင့် ဗမာစစ်တပ် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်
မောင်ရမ္မာ
---------
ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်နှင့် ဗမာ တပ်တော်တို့ အကြား နိုဝင်္ဘာလ ၂၇ ရက်နေ့က ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ALP ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်မှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၏ လက်နက်ကိုင် တပ်မတော်ဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ နယ်စပ်ကို ခြေကုတ်ယူပြီး လူပ်ရှားနေသော တပ်ဖြစ်သည်။
ဆက်လက်ရန်.....
8 December 2011
ကုလားတန် ဖွံ့ဖြိုးရေးစီမံကိန်း သတင်းအားနည်းဟုဆို
နယူးဒေလီ(မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တည်ဆောက်နေသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏ သတင်းအချက်အလက် ရရှိမှု အားနည်းနေပြီး ဒေသခံတို့က စီမံကိန်းအပေါ် စိုးရိမ်မှုများ ရှိနေသည်ဟု ရခိုင်ကမ်းရိုးတန်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (RCA) ၏ ဒုဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေ က ပြောသည်။
“များသောအားဖြင့်က ဒီစီမံကိန်းအကြောင်းကို မကြားဘူးတာများတယ်။ တချို့ကလည်း စီမံကိန်းကြီးဖြစ်လာတော့ သူတို့ ထွက်ကုန်တွေ တိုက်ရိုက် တင်ပို့ရောင်းချနိုင်မယ်လို့ မြင်တာရှိသလို သာမန် ရွာသားတွေကတော့ သူတို့ ပုံမှန် လုပ်ကိုင်စားသောက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်မယ်ဆိုပြီး မြင်ကြပါတယ်။” ဟု ဦးမောင်မောင်သိန်းဖေက မဇ္ဈိမကို ပြောသည်။
ဆက်လက်ရန်.....
RNDP နှင့် USDP ပူးပေါင်း၍ ရခိုင်ပြည်နယ်နေ့ ကျင်းပမည်
မင်းဆက်ခိုင်
-------------
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP နှင့် ပြည်ခိုင်ဖြိုး ပါတီ USDP တို့ ပူးပေါင်းပြီး ယခုနှစ်တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ကို မောင်တောမြို့တွင် ပူးပေါင်း ကျင်းပကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
downtown-maungdow
ရခိုင်ပြည်နယ်နေ့မှာ ဒီဇင်္ဘာလ ၁၅ရက် နေ့ ဖြစ်ပြီး ဒီဇင်္ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂ ရက်တိုင်တိုင် အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။
ဆက်လက်ရန်.....
ရှုထောင့်သစ်
"ရိုဟင်ဂျာဆိုတာ ဘာလဲ" (အဏ္ဏ၀ါစစ်သည်) nov29,2011
သမိုင်းတစ်ကွေ့ နိုင်ငံရေး အတွေ့အကြုံများ အကြောင်းရေးဖို့ အချက်အလက်တွေ ပြန်ရှာနေတုန်း.. ရေဒီယိုမှာ၊ အင်တာနက်မှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုတာတွေ ကြားရသည်။ 
အစိုးရကို ဆန့်ကျင်နေ သူများကလည်း ဘာဖြစ်ဖြစ် အစိုးရကို ဆော်ဖို့အခွင့်အရေးရင် မနည်းဘူးဆိုပြီး.. ရိုဟင်ဂျာတွေကို ဂရုဏာသက်စရာ အဖိနှိပ်ခံများအဖြစ် ဘေးတီးပေးကြသည်။
ဆက်လက်ရန်.....
ဆွမ်းဆန်ထဲက ကြွက်ချေးများ(၂)
မဟော်သဓာ
မြန်မာပြည်တွင် လူအခွင့်အရေးချိုးဖောက်ခံနေရသည်ကိုစစ်ဗိုလ်ချုပ်ကြီးတွေက
လွဲလျှင်လူတိုင်းသိသည်၊လက်ခံသည်၊ထို့ ကြောင့်လည်းဒေါ်အောင်ဆန်းစုကြည်ဦး
ဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ နှင့်အတူတိုင်းရင်း သား အားလုံးပူးပေါင်း
ပြီးတိုက်ပွဲဝင်နေကြ ခြင်းဖြစ်ပါသည်၊သို့ သော်မြန်မာ ပြည်တွင် လူ့ အခွင့်အရေးမ
ရှိသည့် ကိစ္စနှင့် ရခိုင်ပြည် တွင်နေထိုင်နေကြသောဘင်္ဂါလီရွှေ့ ပြောင်းအလုပ်သ
မားများနှင့် ၄င်းတို့ .ဆွေမျိုး များ ကို (ရိုဟင်ဂျာ) ဟူသောအမည်သစ်တစ်ခုတတ်
ပြီးမြန်မာလူမျိုးစုဝင် စာရင်းထဲတွင်ထည့်သွင်းရန်နှင့် ဘာမှမဆိုင်ပါ။
ဆက်လက်ရန်.....
ဆွမ်းဆန်ထဲက ကြွက်ချေးများ(၁)
မဟော်သဓာ
တလောက နိုင်ငံတကာသတင်းတွေထဲမှာရောမြန်မာ့ပြည်ပသတင်းမီဒီယာလော
ကမှာပါဟိုးလေးတကျော်ဖြစ်သွားတဲ့ သတင်းတစ်ခုကိုမြန်မာ့အရေးစိတ်ဝင်စား
သူတိုင်းမှတ်မိကြမှာပါ၊ ဘင်္ဂါလီလူမျိုးလှေဖြင့်စွန့် စားပြီးအလုပ်သွားရှာကြသည့်
လူမျိုးများကိုဖမ်းမိပြီးထိုင်းစစ်တပ်ကပင်လယ်ထဲပြန်မျောလွှတ်သည့်သတင်းဖြစ်
ပါတယ်။ တကယ်တော့ဒီနေ့ ကမ္ဘာပေါ်မှာရွှေ့ ပြောင်းအလုပ်သမားကိစ္စတွေဟာ
သိပ်ထူးခြားတဲ့သတင်းတော့မဟုတ်ပါဘူး။ငွေကြေးတန်ဖိုးနည်းတဲ့နိုင်ငံသားတွေ
ဟာငွေကြေးတန်ဖိုးများ တဲ့တိုင်းပြည်တွေဆီကိုဒီလိုပဲသွားလာလုပ်ကိုင်နေကြပါ။
ဆက်လက်ရန်.....
ရန်ကုန်တွင် တိုင်းရင်းသားအရေး ဆွေးနွေးပွဲ ကျင်းပမည်
ချင်းမိုင်(မဇ္စျိမ) ။ ။ ငြိမ်းချမ်းရေးပုံရိပ် ကော်မတီမှ ဦးဆောင်၍ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများ ဆွေးနွေး အဖြေရှာရန် ပညာရှင်များကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့တွင် လာမည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့၌
ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားသည်ဟု ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောသည်။
“တိုင်းရင်းသားတွေ လိုလားနေတဲ့အရာက ဘာလဲဆိုတာ ပညာရှင်တွေ အားလုံးက ဝိုင်းပြီးဖလှယ်ပြီးတော့ အကောင်းဆုံး အဖြေတခု ရလာလိမ့်မယ်လို့ ယုံကြည်တယ်။”ဟု ဒေါ်ဘောက်ဂျာက ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို
ပြောသည်။
ဆက်လက်ရန်.....
ကျောက်ဖြူ ဘောရဘာ ရွံ့မီးတောင် တတိယ အကြိမ်ပေါက်ကွဲ
ထွန်းထွန်း
----------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ရှိသော ဘောရဘာ ရွံ့မီးတောင်မှာ နိုဝင်္ဘာလ ၂၆ ရက်နေ့က ပေါက်ကွဲခဲ့ကြောင်း သတင်း ရရှိသည်။
Volcano_Rambree_island ကျောက်ဖြူမြို့နယ် နဂါးကြီး မီးတောင် ၂၀၀၈ ခုနှစ်က ပေါက်ကွဲနေစဉ် (ဓါတ်ပုံ - နိရဉ္စရာ)
အဆိုပါ မီးတောင်မှာ ဘောရဘာကျေးရွာနှင့် တမိုင်ခန့်အဝေးတွင် တည်ရှိပြီး ၁၉၉၀ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၀ ခုနှစ်က တစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယခု ပေါက်ကွဲမူမှာ တတိယ အကြိမ်ဖြစ်ပြီး အသံများ မြည်ဟီးကာ ရွံ့ရည်များကို မီးတောင်နုတ်ခမ်းမှ မူတ်ထုတ်ခဲ့သည်ဟု မျက်မြင် ရွာသားများက ပြောသည်။
မီးတောင် ပေါက်ကွဲရာကို သွားကြည့်ခဲ့သူ လူငယ် တစ်ဦးက ဘောရဘာ ရွာသားများကို ကိုးကားပြီး မီးတောင် ပေါက်ကွဲပုံကို ယခုလို ပြောသည်။
" ရွာသားတွေ ပြောတာက နိုဝင်္ဘာလ ၂၆ ရက်နေ့ နံနက် ၇နာရီမှာ စပေါက်ကွဲတယ်။ အသံတွေ မြည်ဟီးပြီး ရွံ့ရည်တွေကို တွင်းဝကနေ အမြင့်ပေ ၂၀ လောက်ထိ မူထုတ်ခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲ သံကတော့ ၂ ကြိမ် ကြားရတယ်လို့ ပြောပါတယ်။ ဒုတိယ အကြိမ်ကတော့ မွန်းလွဲပိုင်း ပေါက်ကွဲ တာဖြစ်တယ်။ ရွံ့ရည်တွေက အမြင့် ၁၀ ပေထိ မြင့်တက်ခဲ့ပါတယ်။ ညနေ ၅ နာရီခန့်မှာ ငြိမ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။"
Mud-Volcano-Erupts-in-Arakan
ဘောရဘာ ရွံ့မီးတောင် ပေါက်ကွဲပြီးနောက် ရွံ့ရည်များ ဖုံးလွှမ်းသွားသည်ကို မြင်ရစဉ် ( ဓါတ်ပုံ- Weekly)
မီးတောင် ပေါက်ကွဲမူကြောင့် ရွံ့ရည်များက အနီးပတ်ဝန်းကျင်ရှိ နေရာ အတော်များများကို ဖုံးလွှမ်းသွားခဲ့သည်ဟု သိရသည်။
ကျောက်ဖြူမြို့ နယ်တွင် ရွံ့မီးတောင် အများအပြား တည်ရှိပြီး ၂၀၀၈ ခုနှစ် ဇန်န၀ါရီ လကလည်း စိုင်ခြုံ ကျေးရွာ အနီးရှိ နဂါးကြီး မီးတောင် မိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့ပြီး ရွှံရည်များကို ပေ ၁၀၀ ခန့် အမြင့်ထိ မူတ်ထုတ် ခဲ့ကြောင်း သိရသည်။ မီးတောက် မီးလျှံမျာလည်း ပေ ၄၀၀ ခန့်မြင့်တက်ခဲ့ပြီး မီးတောင်ပေါက်ကွဲ မှုကြောင့် စပါးစိုက် လယ် (၂) ဧကထိ ချော်ရည် ဖုံးလွှမ်းကာ ပျက်စီး သွားခဲ့သည်။
အဆိုပါ နဂါးတောင် မီးတောင်သည် ၁၉၉၆ ခုနှစ်ကလည်း တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး မီးတောင်မှ ချော်ရည်များ ပန်းထွက်လာကာ လယ်မြေ ဧက ၄၀ ကျော် ပျက်စီးစေခဲ့ကြောင်း သိရသည်။
--------------------------------
.: နိရဉ္စရာ.
ဆက်လက်ရန်.....
7 December 2011
Man forces lover to wear chastity belt
စိတ်မချနိုင်ဘူးကွယ်...
တရုတ်နိုင်ငံမှ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ၎င်း၏ချစ်သူမိန်းကလေး၏ပတ္တမြားရွှေကြုတ်
အားသော့ ခတ်ထိန်းသိမ်းထားရန် အတင်းအဓမ္မစေခိုင်းခဲ့ ပါတယ်...
ထိုကဲ့ သို့ ပြုလုပ်စေရန် ဖြစ်ပေါ်ခဲ့ ရသည့် အကြောင်းရင်းကလည်း ဟေ ဟုအမည်ရှိသည့် ထိုအမျိုးသား
ဟာ သူနှင့် အတူနေထိုင်လျှက်ရှိသည့် ရှောင်တျန် ဟုခေါ်သည့် ချစ်သူမိန်းကလေးအား တစ်ခြားယောကျာင်္း
တစ်ဦးနှင့် တွေ့ ဆုံနေခဲ့ သည် ကိုတွေ့ မြင်ခဲ့ ရတာကစပါတယ်...
ဆက်လက်ရန်.....
Only in Latin America....
လက်တင်အမေရိကမှာလည်းဒီလိုရှိတယ် အကို...
သဲသဲမဲမဲ အမျိုးသမီးနပမ်းပွဲ...
ဆက်လက်ရန်.....
Malaysians 3rd most unfaithful in the world
မလေးရှားက ကိုသစ္စာများ...
ကိုကို့ ကိုချစ်သလို မောင့် ကိုလည်း မြတ်နိုးတွယ်တာမိပါတယ်...
မလေးရှားနိုင်ငံသား(အမျိုးသား) များက ၎င်းတို့ ၏ဇနီးမယားများအပေါ် သစ္စာမဲ့ မှုတွင် ကမ္ဘာ့ တတိယ
မြောက် နံပါတ်ချိတ်ခဲ့ တယ်လို့ လေ့ လာကောက်ယူခဲ့ တဲ့ စစ်တမ်းတစ်ခုကဆိုပါတယ်....
ဆက်လက်ရန်.....
Anti-Rohingha လှုပ်ရှားမှု ထောက်ခံအားပေးသူများနှင့် တက်ကြွလှုပ်ရှားသူအားလုံးသို့  အိတ်ဖွင့်ပေးစာ
ဆက်လက်ရန်.....
ဝေါကာအိုဒင်းသို့ အိပ်ဖွင့် ပေးစာ
ဝေါကာအိုဒင်းသို့ အိပ်ဖွင့် ပေးစာ (သို့ )ဝေါကာအိုဒင်းပြောတဲ့ရိုဟင်ဂျာ
ရခိုင်ပြည်ထဲ့ကိုဝင်ရောက်အခြေချနေထိုင်လာတဲ့ ဘင်္ဂလီ တွေရဲ့ ခေါင်းဆောင်
(ရိုဟင်ဂျာ)အစည်းအရုံးဥက္ကဌဝေါကာအိုဒင်းက RFA က ကိုခင်မောင်စိုး
ရဲ့ မေးမြန်းချက်တွေကိုဖြေကြားသွားတာတွေရပါတယ်-
-အေးဒီမှာပထမ ကိုခင်မောင်စိုးက
စမေးထားပါတယ် NLD ဒုဥက္ကဌ ဦးတင်ဦးအားအောက်တိုဘာ ၇ ရက်နေ့က RFA
ကဆက်သွယ်မေးမြန်းချက်အပေါ် ဦးတင်ဦးရဲ့ဖြေကြားချက်ကို ဝေါကာအိုဒင်း
အနေနဲ့ဘယ်လိုမြင်ပါသလဲလို့ မေးလိုက်တဲ့အခါ -သူက ဘဘဦးတင်ဦးကိုတိုက်ခိုက်
ထားတာတွေရပါတယ်-ဦးတင်ဦးက သူတို့ ကို (ရိုဟင်ဂျာ)လို့ မသုံးပဲ ဘင်္ဂလီလို့ သုံး
တာဟာ ဒီမိုကရေစီ မကျဘူးဆိုပဲ ပြီးတော ဘဘဦးတင်ဦးက ဘင်္ဂလီတွေဟာ ဖဆပလ
ခေတ်မှာစလို ရိုဟင်ဂျာဆိုတာစသုံးလာတာရယ် ဦးနုလုပ်ရပ်ကြောင်း ရိုဟင်ဂျာဆိုတာ ပေါ်
ပေါက်လာရတယ်လို့  ဘဘရဲ့ ကိုယ်တွေ့တွေကိုအမှန်အတိုင်းပြောပြထားတာကိုတွေရပါတယ်
ဘဘပြောပြတာတွေက မှုံဝေါဝေါ ပါးစပ်သမိုင်းမဟုတ်ဘူး တကယ့် ဖြစ်ရပ် ကိုယ်တွေ့ 
တွေပဲ အေးတာကိုမှဝေါကာအိုဒင်းက သူက ရိုဟင်ဂျာတွေကိုမုန်းလို့ ခုလိုဖြေတာပါဆိုပဲ
ပြောမှာပေါ့ အမှန်ပြောရင် လူလိမ်တွေနဲ့ဘယ်တည့်ပါ့ မလည်း -ဟသူပြောပြတဲ့ ရိုဟင်ဂျာ
သမိုင်းအကြောင်း ဘယ်လောက်ထိရယ်စရာလည်းဆိုစာ ကြည့်ကြရအောင်--ကျွန်တော်
အပိုမပြောပါဘူး သူRFA ကို ဖြေကြားထားတာလောက်ပဲ့  အဓီပ္ပာယ်ဖွင့် ပြပါမယ်
ရိုဟင်ဂျာရခိုင်ပြည်ကိုစရောက်လာပုံ သူကပြောတယ် အာရပ်ကုန်သည်တွေက
မလေးနဲ့အင်ဒိုနီင်ငံတွေကို ရေကြောင်းကနေ ခရီးသွာရင်းနဲ့မုန်တိုင်းမိပြီးသင်္ဘော
မှောက်တာကနေ ရခိုင်ပြည်ကို အာရပ်တွေရောက်လာတယ် ၄င်းအာရပ်တွေနဲ့ဒေ
သခံ ရှိရင်းစွဲရခိုင်လူမိုးတွေနဲ့ ပေါင်းစပ်ပြီးတော (ရိုဟင်ဂျာ)ဆိုတဲ့လူမိုးပေါ်ပေါက်
လာသတဲ့ဗျာ-မရယ်မိအောင်မနည်းအောက်ထားတဲ့ကြားက ရယ်မိပါတယ်သူအဖြေ
ကိုကြားရလို့ --ကြည့်ကြရအောင်အရပ်ကတို့ ရယ်--သူပြောလောက်အောင်ဘာသာ
မတူ လူမိုးမတူ စကားမတူ လူမိုး၂မိုးကို အလွယ်တကူ သူကတော mix လုပ်လိုက်တယ်
သူရဲ့ ရခိုင်နဲ့ အာရပ်သင်္ဘောပျက်က ကမ်းကတ်လာသူတွေကို mix ချက်ကတော ကော်ဖိ
တခွက်ကိုmix တာထက်တောင်လွယ်နေသေးတယ်--သူရဲ့ကျောထောက်နောက်ခံသက္ကရာဇ်
မရှိပဲ ယောင်ဝေါဝေါ ဖြစ်နေတဲ့ အာရပ်သင်္ဘောကိုလည်း တကယ်မှောက်ပေးလိုက်မယ်
ပြီးတော သူစိတ်ချမ်းသာအောင် မုန်းတိုင်းမိလို့ င်္ဘောမှောက်ပါတယ်ဆိုမှ လူက အသက်ရှင်
လို့ ကမ်းကိုရောက်တယ်လို့ လည်း မှတ်ပေးလိုက်မယ် ကေတခုမေးချင်တယ်ဗျာ သူရဲ့သင်္ဘော
ကလူဦးရေဘယ်လောက်များတောင် အသက်ရှင်ပြီးကမ်းကတ်လာသလည်း ၃ယောက်လား
၅ယောက်လား ၁၀ယောက်လို့ ခန့် မှန်းရလာ ရာချီပြီးတော မဖြစ်တန်ရာ ဝေါကာကြီးရယ်
အခုပြောနေတဲ့ အဆင့် တွေက ဝေါကာကြီး စိတ်ချမ်းသာအောင် တကယ်မဖြစ်ခဲ့တာတွေ
ကို အသက်သွင်းပေးနေတာနော် ဆိုလိုက်ပါ ၆ယောက် အသက်ရှင်လာတယ် အဲ့ဒီအာရပ်
ခြောက်ယောက် ကိုတွေတွေချင်းလင်လုပ်ရအောင် အေးဒီတုန်းက ရခိုင်ပြည်မှာ ယောက်
ကျားမရှိတာမဟုတ်ဘူး ပြီတောဝေါကာကြီးစဥိးစားရမှာက ရခိုင်အမိုးသမီးတွေရောရခိုင်
အမိုးသားတွေရော ဒီနေ့ လို ခေတ်ပျက်မှာတောင် ဝေါကာတို့ လို ဘင်္ဂလီတွေနဲ့ တယောက်
တလေမျှရောဖူးလို့ လား သိရင်ပြောပြပါ မြန်မာတနှိင်ငံလုံးမှာရခိုင်တွေဟာ အမိုးစောင့် တယ်
ဆိုတာမှာ ပထမ တန်းကနေ ရပ်တည်နေတာလူတိုင်းအသိပဲ -ဝေါကာကြီးပြောသွာတဲ့ လွန်ခဲ့တဲ့ 
နှစ်ပေါင်း၁၀၀၀ ချီဆိုတော အေးတုန်းက ရခိုင်ပြည်ကြီးဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့အုပ်ခူပ်
ပြီး သာသနာရောင်ဝါရွှေရောင်ထွန်းပြောင်း နေတဲ့ရခိုင်တွေအတွက် အာရပ်တွေနဲ့ mix ခဲ့ပြီး
မွတ်ဆလင် ဘာသာကိုသာ ကိုးကွယ်လာတယ် ဆိုတဲ့အဖြေကတော -ဝေါကာ-ဝေါကာ
ဟားဟား လို့ ရယ်မောစရာ ဟာသစကားတခွန်းပါပဲ--
ဝေါကာကြီးပြောတဲ့ ဘင်္ဂလီနဲ့ (ရိုဟင်ဂျာ)ကွားကြားမှု ဝေါကာကြီးကပြောတယ် ရိုဟင်ဂျာဆိုတာ
နာမည်တွေကို ရခိုင၊်ဗမာတွေလိုပေးတတ်ပြီးပုဆိုးဝတ်သတဲ့ဗျာ -ဒါဆိုဝေါကာကြီးရေ ဝါကာကြီးကိုယ်တိုင်
က ရိုဟင်ဂျာမဟုတ်တောဘူး ဘင်္ဂလီ ဆိုတာသေချာနေပြီလေ ရခိုင်မှာ ရောဗမာမှာရော ဝေါကာအိုဒင်း
ဆိုတဲ့ နာမည်မရှိလို့ ပဲ ကဲ့ထာလိုက်ပါတောဝါကာကြီးရယ် လူတယောက်ဟာ နာမည်လေးပြောင်းပေးလိုက်
ရုံနဲ့ လူမိုးပါ ပြောင်းလဲ့သွားသလား ဒါဆို မောင်တောဘက်မှာနေတဲ့ဘင်္ဂလီတွေ ကျောင်းမှာ မောင်လှတင်
ထားပြီး အိမ်မှာ အာမတ်--အဒူရာမောက် ဒီလိုနာမည်တွေဘာလို့ ခေါ်နေကြသလည်း ဝေါကကြီးကကော
အင်္ဂလန်နှိင်ငံသား မဖြစ်ချင်ဘူးလား ဒါဆိုလွယ်တာပေါ့  ရိချက်ဒေးဗစ်ဝေါကာ လို့ ပေးလိုက်လေ အခုလည်း
ဝေါကာကြီးက ဖောင်းဘီတွေဘာတွေဝတ်တတ်နေပြီဆိုတော အဝတ်အစား ကိုတောပြောစရာမလိုတောဘူးလေ
ဝေကာကြီးရဲစကားတွေက ခလေးဆန်တယ်နော်--ထပ်ပြောမယ်
ကိုခင်မောင်စိုး ရဲ့ အမေး၂ခုတည်းကို အမှား၃ခုနဲ့ဖြေတဲ့ ကိုဝေါကာ ကိုခင်မောင်စိုးက ရိုဟင်ဂျာဆိုတဲ့
သူတွေက ရခိုင်ပြည်မှာ ဘယ်ခုနှစ်လောက်ကနေစပြီးအခြေချနေထိုင်းလာသလဲ့ -ပြီးတော သူတို့ ဆင်းသက်ရာ
မိခင်လူမိုးကကော ဘယ်သူတွေလည်းလို့ မေးလိုက်တော-ဝေါကာကြီးက ပထမအဖြေက အိန္ဒယကဆင်းသက့် 
လာပြီးရခိုင်မှာ အခြေချနေလာတာနှစ်ပေါင်းတထောင်ကျော်လောက်ရှိပါပြီတဲ့ နောက်ပြီးမှ အဓီက က အာရပ်က
လာတာပါလို့ ကယောင်ကတန်းနဲ့ ထပ်ဖြေသွားပါတယ် ဆိုတောကို ခင်မောင်စိုးက ထပ်မေးတယ် အာရပ်
သင်္ဘောပျက်တာက ဘယ်ခုနှစ်ထောက်ထင်လည်းဆိုတော ဝေါကာကြီးက တလွဲဖြေပြန်ပါတယ် နှစ်ပေါင်း
တစ်ထောင်ပတ်ဝန်းကျင်ပါတဲ့ တစ်ထောင်နိးနိး ဆိုတော အပေါ်မှာဝေါကာကြီး ဖြေလိုက်တာက ရိုဟင်ဂျာ
ရခိုင်မှာအခြေချတာ တစ်ထောင်ကျောင်းသွားပြီတဲ့ အာရပ်သင်္ဘောပျက်တာကတော တထောင်နိးပါးလောက်
ဆိုတော လူမရောက်ခင် နာမည်များအယင်ရောက်နေသလားလို့ -ဟဟ ဝေါကာကြီးရယ် ရယ်စရာတွေသိပ်မပြော
နဲ့နော် RFA ဆိုတာလည်း လူတိုင်းနားထောင်တယ်နော်--တော်ကြာဝေါကာကြီးလာရင် သိပ်ရယ်၇တာပဲလို့ ပြော
နေကြလိမ့် မယ်--ထပ်ရယ်ရအောင်ဝေါကာကြီးစကားပြောပြလိုက်အုန်းမယ်နော်
ဝေါကာကြီးပြောတဲ့အမှန်စကားတခွန်း-- ကိုခင်မောင်စိုးက ရိုဟင်ဂျာဆိုတဲ့ လူမိုးမရောက်ခင် အခုဘူးသီးတောင်
မောင်တောနေရာမှာ ဘယ်သူဘယ်လူမိုးတွေနေထိုင်ပါလလည်းဘယ်ဘုရင်က အုပ်ခူပ်နေပါလည်းလို့ မေးလိုက်တော
အားရကျေနပ်စရာ အမှန်စကားတခွန်းထွက်လာပါတယ် -ဘုရင်ကတော ရခိုင်ဘုရင်ဖြစ်ရင်ဖြစ်မယ် ဗမာဘုရင်ဖြစ်
ရင်ဖြစ်မယ်တဲ့ နေတဲ့လူမိုးကတော ရခိုင်လူမိုးပါတဲ့ --အေးတာ အေတာ ကိုဝေါကာကြီးရာ --အမှန်ဆိုတာ အေးတာ
အစ ကနဦးက ပင် ရခိုင်တွေ နေထိုင်ပိုင်ဆိုင်ထားတယ်ဆိုတာ ထင်ရှားပါရဲ့သားနဲ့ ဘာလို့ သူများအိမ်ကို အတင်း
ငိုတောင်းနေရတာတုန်း သေတာင်ရမှာမဟုတ်ဘူး --
ဘင်္ဂလီတွေကို ချမ်းသာစေတဲ့ ရိုဟင်ဂျာဆိုတဲ့ဂါထာ -- ဘင်္ဂလီတွေဟာ ရခိုင်တွေကို ၇ိုင်းတယ်လို့ အမြဲတမ်း
လူများကြားမှာ သတင်းအမှား အတင်းစကားပြောတတ်တယ်အတ္တကြီးတယ်လို့ လည်းဆိုကြတယ် ဘာကြောင့်
ပြောကြတာလည်း အဖြေက ရှိပြီးသားပါ ဘင်္ဂလီတွေက လူမိုးရောတဲ့ နည်းနဲ့ ရခိုင်လူမိုးကို ဘယ်တုန်းက မှ
ဆွဲဆောင်လို့ မရခဲ့ပါဘူး အယင်တုန်းကရော ယနေ့ ထိရော တယောက်တလေတောင် မရောခဲ့တာ ရခိုင်မှာနေဖူးတဲ့
ဝန်ထမ်း တွေလည်းသိပါတယ် အေတာကို သူတို့ ကအတ္တကြီးသတဲ့ အေးလိုမှ မကြီးရင်လည်း ရခိုင်ပြည်ဟာ
ဘင်္ဂလီတွေ အောက်ရောက်လောက်ပါပြီ-- အေးလို အနုနည်းနဲ့ မရလေတော မူဂျာဟစ် ဆိုတဲ့ အကြမ်းဖက် အဖွဲ့ 
တွေနဲ့ အကြမ်းနည်းနဲ့လု ယူဖို့ ကြီုးစားတယ် ဒါတွေလည်း မအောင်မြင်လေတော -ဘင်္ဂလီ ပညာရှိဇာဖားရဲ့ ထွင်လုံး
ရိုဟင်ဂျာ ဆိုတဲ့ နာမည်ကို အရင်းအနှိးပြုလာတယ် ဒါတွေကိုလည်း ဇာဖားလက်ထက်ကတည်းကနေ ရခိုင်ပညာရှိ
သမိုင်းဆရာကြီးတွေ ဖြစ်တဲ့ ဦးဖော်ဇံ တို့ ချက်ချင်း အမှားတွေကို ထောက်ပြခဲ့လို့  မှုံဝါးသွာခဲ့တယ် ဒါပေမေ့ 
အာနာရှုး ဦးနုလုပ်ရပ်ကြောင် ဒီနာမည်သက်ဆိုးရှည်နေတာ ဒီနေ့ အထိပဲ --အခုတော ဘင်္ဂလီတွေဟာ ဒီရိုဟင်ဂျာဆိုတဲ့
ဂါထာတွေကိုကမ္ဘာက ကြားအောင်အော်ပြီးတော ကြီးပွားနေကြ တယ် ကြီးပွားမှာပေါ့ နှိင်ငံတကာမှာ သူတို့ က
NGO တွေအနားနားသွာပြီး မဟုတ်က ဟုတ်က ငိုပြနေလေတော လူသားချင်းစာနာပါ ဆိုပြီး ငိုတောင်နေလေတော
ဘင်္ဂလီတွေက ယောက်ကျားတယောက်ကိုမိမ အများကြီးယူပြီးကလေးတွေတပုံကြီးမွေး ရခိုင်ပြည်ထဲ့ကိုဝင်လာက
တည်းကဘာမှပါမလာတော ပိုဆင်းရဲတဲ့သူတွေအများကြီးပဲ အေးဒါတွေကို ဓါတ်ပုံရိုက် NGO တွေဆီအစိုးရဖိနှိပ်လို့ 
ဆင်းရဲနေရတယ်လို့ သွာပြ ဆိုတော ဟိုက လည်း လူသားချင်းဆာနာတဲ့အလုပ် လုပ်တာကို လာပေးတာပေါ့
ကြည့်ပါ ရခိုင်ပြည်မှာထဲ့မှာ ရှိတဲ့ NGO တွေ အကုန်လုံးဟာဘင်္ဂလီတွေကို ပဲ သီးသန်းလာထောက်ပံ့ ပေးတာ တွေရ
ပါတယ် ဒါဟာ ဘလိုင်းကြီးပြောနေတာမဟုတ်ပါဘူး ရခိုင်ပြည်ထဲ့က NGO တခုမှာကျွန်တော်သူ ငယ်ချင်း တွေ နှစ်ရည်လများ
လုပ်နေတဲ့သူတွေ ရှိပါတယ် သူတို့ က ပြောတယ် NGO တွေက တဲ့ အကူအညီတွေပေးတဲ့နေရာမှာ ဘင်္ဂလီရွာတွေကိုပဲ
သွာပဲတာတဲ့ သူတို့ ကိုလည်း အပေါ်က အေးလို့ ဘင်္ဂလီတွေကို ကူညီဖို့ မှာကြားထားတာတဲ့ သူလုပ်ဖူးတဲ့ NGO ကဆို
မင်းပြားမြို့ နယ်မြောက်ဦးမြို့ နယ် ၂ခုလုံးမှာ ကွင်းဆင်းပြီဆို ရခိုင်ဆင်းရဲတဲ့ရွာတွေ အများကြီးကိုဖြတ်ကျော်ပြီးတော
ဘင်္ဂလီရွာတွေကိုပဲ သွားပြီးကူညီပေးတာတဲ့ NGO ဝန်ထမ်းအများစုကိုလည်းဘင်္ဂလီတွေကို ခန့် တယ်တဲ့ ဒေသခံ
ဘင်္ဂလီတွေက နေရာနည်းနည်းရလာတောNGO အကြီးအကဲတွေကို ရခိုင်တွေမကောင်းကြောင်း ထပ်ပြောတယ်
NGO အကြီးအကဲတွေကလည်း သူတို့ က အပေါ်ကိုတင်ပြတယ်အေးတာတွေကို ၇ခိုင်တွေက မသိလိုက်မသိသလိုနေ
ရင်းက အခုလို NGO တွေ စကား နှိင်ငံတကာကိုရောက်နေတဲ့ ဘင်္ဂလီ ခေါင်းဆောင်တွေစကားနဲ့ ရခိုင်တွေကို မကောင်း
မြင်လာတဲ့အထိပါပဲ--အမှန်တော ရခိုင်တွေကခုချိန်မှာ သူတို့ ထက်ဆင်းရဲနေကြတာပါ ဒါပေမေ့ ဘယ်သူကိုမှမပြော
ကိုယ့် ဘာကိုယ်ပဲ ကြိတ်ခံနေကြတာမို့  လူမသိသူမသိဖြစ်နေတာလေ --ဘင်္ဂလီတွေ အားသာနေတဲ့ မြို့ နယ်တွေမှာဆို
ရခိုင်တွေ ပိုင်ဆိုင်တဲ့လယ်ယာမြေတွေ ဘင်္ဂလီတွေလက်ထဲ့ရောက်ကုန်ပါပြီ လက်ရှိကနေလက်မဲ့ဖြစ်လာတဲ့၇ခိုင်တွေကို
တော ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး --ဘင်္ဂလီခေါင်းဆောင်တွေကနှိင်ငံတကာမှာရခိုင်ပြည်ကိုပိုင်ဆိုင်ဖို့ 
နည်း၃ မိုးနဲ့ ကြိုးစားနေတာ အသိသာကြီးပါ
၁။ ။ ဘင်္ဂလီတွေဟာ သူတို့ ဘာသာတူနှိင်ငံတွေက အကြမ်းဖက်တွေနဲ့ ပူးပေါင်းနေတယ်
၂။ ။မွတ်ဆလင်အဖွဲအစည်းတွေမှာ ဘာသာရေးကိုဗန်းပြပြီးတော အကူညီတောင်းနေတယ်
၃။ ။နှိင်ငံတကာမှာ ရိုဟင်ဂျာ ဆိုပြီးတိုင်းရင်းသားဖြစ်ရေ အသက်သွင်းနေတယ်
ဘင်္ဂလီခေါင်းဆောင်တွေ ဘာကြောင့် သူတို့ ပြောပြောနေတဲ့ ရိုဟင်ဂျာအရေး ဇောက်ချ
လုပ်နေနှိင်သလည်း--သူတိုဘာသာရေးအဖွဲတွေက သူတို့ ငွေကြေးထောက်ပံ့မှုများစွာ၇ပါတယ်
ဟိုကလည်းထောက်ပံ့မှာပေါ့ ဒီလောက် မြေကြီး ၁ပေ ကိုတောင် တန်းဖိုးများစွာပေးနေရတဲ့
ယာဉ်ကျေးတဲ့ကမ္ဘာမှာ ရခိုင်ပြည်လို့ သယံဇာတပေါကြွယ်လှရေ မြေကြီးကိုပိုင်ဆိုင်ရမယ်ဆိုပြီးတော
ဘင်္ဂလီတွေက ပြောတောလည်း သူတို ဘာသားရေးအဖွဲတွေကလည်း ပေးတာပေါ့  အေးကရတဲ့ ငွေတွေနဲ့
သူတို့ ချမ်းချမ်းသာသာနေနှိင်တဲ့အပြင် ရခိုင်ပြည်မှာကျန်ခဲ့တဲ့ သူတို့ ရဲ့ မိသားစုတွေဆီလည်းပို့ ပေးနှိင်
တာပေါ့ ဒါကြောင့် ရိုဟင်ဂျာ လို့ အော်နေတာဟာ သူတို့ အတွက် စီးပွားရေပဲလေ --ပြီးတော ပြည်ထဲ့မှာ
ကျန်ခဲ့တဲ့ သူတို့ လူမိုးတွေအတွက်လည်း NGO တွေက ထောက်ပံ့ပေးနေတော အော်အားရှိတာပေါ့
ရခိုင် တွေမှာက ဘယ်က မှ ရလာစရာအကြောင်းမရှိဘူး ဘာသာရေအဖွဲဆိုတာလည်းမရှိဘူး ပြည်
ပမှာ ပညာသင်နေတဲ့လူတွေကလည်း ကိုယ့်အလုပ်နဲ့ကို ပညာရှင်တွေဆိုလည်း ကိုယ့်အလုပ်နဲ့ကိုယ်
ဖြစ်နေတော သူတို့ အော်တိုင် လိုက် မဖြေရှင်းပဲနေခဲ့ကြတယ် အေလိုတွေကြာလာတော သူတိုပိုဆိုးလာ
တာပေါ့ --ဒါပေမေ့ စပရိန်တပင်ဟာ နောက်ဆုံးတတိုင်းအတာတခုထိပဲအဖိခံမှာလေ နောက်ဆုံးဆိုတဲ့
အတိုင်းအတာထက်တော ဖိလို့ မရတောပါဘူး အခုတောပြန်ကန်ဖို့ ပဲကျန်တောတာမို့  -ဝေါကာကြီးတို့ 
အမှားတခုလုပ်တိုင်း အမှန်တရာလောက်ထုတ်ဖော်ပြမယ် --ဝေါကာကြီးတို့ အမှားများများလုပ်လေ
အမှန်များများပေါ်လာမယ်ဆိုတာသိထားပါ--ရခိုင်တွေမှာသမိုင်းသက်သေတွေ အတိအကျရှိတယ်အခု
ပြော၇ဲဆိုခွင့် တွေလည်း ရာသီဥတုကောင်လာပြီမို့  ပြည်တွင်းက ပညာရှင်တွေလည်း ရွက်အောင်းသီး
ဘဝက ထွက်လာပြီးတော ဝေါကာကြီးတို့ အတွက် အန္တရာယ်များလာတာမို့  အမှားများများမလုပ်ဖို့ 
စေတနာနဲ့ သတိပေးလိုက်ပါတယ်--ဝေါကာကြီးပြောသွားသလို အမေရီကန်နဲ့ ကိုင်ပြီးခြောက်လှန့် 
မနေပါနဲ့ အကိုတို့ က ပါးပြီးသားပါ NGO တွေက ငွေကြေားအကူအညီသာပေးမယ် အတကယ့်ဟေ့ 
ဆိုသမိုင်းနဲ့ရှင်းကြပါလို့ လာလိမ့် မေ အေးဒီအခါကျမှ ကမ္ဘာမှာ ရခိုင်သမိုင်းနဲ့ ပါရဂူ ဘွဲယူ
ထားတဲ့ ပညာရှင်တွေ အများကြီးပါ ကူုညီမေ့ သူ များလွန်းလို့ --တော်လောက်ပါပြီထင်တယ်
ဝေါကာကြီးအိပ်မပျော်ပဲနေလိမ့် မယ်-ဆက်မပြောတောပါဘူး--အလုပ်တွေ၇ှိသေးလို့ -
တခုမှာခဲ့အုန်းမယ်ဝေါကာတိုအတွက်စားပေါက်တခုပေါ်လာပြီ ပြီးခဲ့၃ရက်လောက်က ဘင်္ဂလား
က မလေးကိုခိုးသွားတဲ့ ဘင်္ဂလီ ၁၈၀ လောက်ပါလာတဲ့ လှေနစ်လို့ တဲ့ လူ၁၆၃ ယောက်တောင်
ပျောက်နေပါသတဲ့ အချိန်မီအော်လိုက်ပါအုန်းလား ရခိုင်က ရိုဟင်ဂျာတွေ အစိုးရနှိပ်စက်လို့ 
ထွက်ပြေးယင်းနဲ့ ဖြစ်တာပါလို့ --ဝေါကာရယ်နောက်မှတွေကြမယ်နော်--
ရွှိခိုင်အောင်
27.11.2011
http://anti-rohingya.blogspot.com/2011/11/blog-post_9342.html
ဆက်လက်ရန်.....
Adobe Premiere Pro CS5.5
Adobe Premiere Pro CS5.5
File size: 0.7MBUpload Date: 2011-08-10
Adobe Premiere Pro CS5.5 software lets you edit faster with true native format support. Get breakthrough performance on workstations and laptops; streamline collaboration; and boost productivity with an efficient, robust, cross-platform editing workflow. This is just serial key.
http://www.hooligansgroup.com/uty.php
ဆက်လက်ရန်.....
နယူးယော့ခ်ဆန္ဒပြပွဲသို့ ဖိတ်ကြားလွှာ
ဆက်လက်ရန်.....
ဗမာ့တပ်မတော် ချစ်တီးကုလားလို လယ်သိမ်းပြီး သီးစားချမူ ရပ်တန့်ရန် ပြည်သူများ လိုလားနေ
ဗမာ့တပ်မတော်မှ တပ်မ၊ တပ်ရင်းများသည် ရခိုင်ပြည်နယ်တွင် ပြည်သူများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာသော လယ်များကို အကြောင်းအမျိုးမျိုးပြကာ သိမ်းယူပြီး လယ်သမားများကို သီးစားချနေမူ အပေါ် လယ်သမားများက ရပ်တန့်ရန် လိုလားနေကြကြောင်း သတင်း ရရှိသည်။
ထိုသို့ လိုလားနေရာတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာ အုပ်စုမှ တောင်သူ လယ်သမားများလည်း ပါဝင်သည်။
Confiscated-lands-signboard
" ဟုတ်ပါတယ်။ သူတို့က ကျွန်တော် ကျေးရွာ အုပ်စုက လယ်ဧက ၄၃၂ ကို သိမ်းယူပြီး လယ်သမားတွေကို သီးစားပြန်ချပါတယ်။ တစ်ဧကကို တနှစ် အတွက် စပါးတောင်း (၃၀) ပေးရပါတယ်။ အုပ်စု တစ်ခုလုံးက တနှစ်ကို စပါးတောင်းပေါင်း ၁၂၀၀၀ ကျော် အလိုလို ကျောက်တော် အခြေစိုက် တပ်မ ၉ ကိုပေးနေရပါတယ်။ ဒါကို သနားသက်ညှာသောအားဖြင့် ကင်းလွှတ်ခွင့်ပေးဖို့ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆီကို စာရေးပီး အသနားခံထားပါတယ်" ဟု ကျေးရွာ လူကြီး တစ်ဦးမှ ပြောသည်။
ယခုနှစ်အတွက် ကျောက်တော် အခြေစိုက် တပ်မ စကခ (၉) မှ စပါးကောက်ယူရန် မလာသေးမှီ အချိန်တွင် ထိုသို့ သမ္မတကြီးထံ စာရေး တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
" သူတို့က နှစ်စဉ် ဒီလို ဒီဇင်္ဘာလနဲ့ ဇန္န၀ါရီဆိုရင် စပါး ကောက်ဖို့ လာပါတယ်။ ဒီနှစ်မှာလည်း စပါးတွေ လာယူဖို့ အတွက် စပါးတွေကို စုထားဖို့ ရွာသားတွေဆီကို အကြောင်းကြားစာ ရောက်နေပါတယ်။ သူတို့ မကြာခင် ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာ ဆင်းရဲလွန်းအားကြီးတဲ့ အတွက် စားဝတ်နေရေး အဆင်မပြေ၊ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီနှစ်က စပြီးတော့ စစ်တပ်က လာကောက်တဲ့ စပါးကို မပေးချင်တော့ပါဘူး" ဟု ပြောသည်။
ဗလိပေါက်တွင် ကျေးရွာသား အများစုမှာ တစ်နေ့ လုပ်မှ တစ်နေ့စားရသူ ဖြစ်ကြပြီး သားသမီးများကို မူလတန်း ပညာ အဆင့်ထိတောင် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း သိရသည်။
တခြား ကျေးရွာသားတစ်ဦးကလည်း မပေးဘဲနေရင် စစ်တပ်က ဖမ်းဆီးနိုင်ကြောင်း ယခုလို ပြောသည်။
" မပေးရင် ကျေးရွာသားတွေကို ဖမ်းဆီးနိုင်ပါတယ်။ အရင်နှစ်တွေကလည်း စပါး မပေးတဲ့သူတွေကို ခင်ဗျားတို့ကို ထောင်ချမယ်။ ဖမ်းမယ်။ ဆီးမယ်။ ဒီလို ခြိမ်းခြောက်ပါတယ်။ ဒီစပါးတွေက နိုင်ငံတော် အတွက် ကောက်တာ ဖြစ်တဲ့ အတွက် ခင်ဗျားတို့ ရွာသားတွေကို နိုင်ငံတော် ပုန်ကန်မူနဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒီနှစ်မှာတော့ ရွာသားတွေက မပေးဘူးလို့ သဘောတူထားကြပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရမှာကိုတော့ တစ်ရွာသားလုံးက စိုးရိမ်နေကြပါတယ်" ဟု ပြောသည်။
ဗလိပေါက် ကျေးရွာသားများ အနေဖြင့် အဆိုပါ လယ်မြေများကို မဆလ အစိုးရ လက်ထက်က သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို ယူကာ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ခုတ်ထွင် ရှင်းလင်း ဖေါ်ထုတ်ထားသော လယ်မြေများ ဖြစ်ကြပြီး မြေစာရင်းဌာနတွင် စာရင်းဖေါက်၍ မရှိသဖြင့် စစ်တပ်က မြို့နယ် မယကများနှင့် ပူးပေါင်းကာ ၂၀၀၄ ခုနှစ်က သိမ်းယူသွားသော လယ်မြေများ ဖြစ်ကြကြောင်း သိရသည်။
" ရခိုင်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်တွေက အများကြီးရှိပါတယ်။ တချို့လယ်တွေက နယ်စွန် နယ်ဖျားတွေမှာဆိုတော့ ရွာသားတွေကလည်း ပညာ မတတ်တာနဲ့ မြေစာရင်း ဦးစီးဌာနမှ လပ ဖေါက်လို့ မရှိဘူး။ ဒါတွေကို စစ်တပ်က အကုန်သိမ်းတယ်။ နောက်လယ်တွေက စစ်တပ် တပ်ရင်း တည်ဆောက်ဖို့ အတွက် ဆိုပြီး တပ်ရင်း အနီးအနားက သိမ်းယူသွားတဲ့ လယ်တွေပါ။ ဒီသိမ်းယူသွားတဲ့ လယ်တွေကို စစ်တပ်ကနေပြီး အင်္ဂလိပ် ခေတ်က အိန္ဒိချစ်တီး ကုလားတွေလို လယ်သမားတွေကို ပြန်သီးစားချ ထားပါတယ်။ တနှစ် အတွက် တစ်ဧကကို တချို့ မြို့နယ်တွေမှာ ဆိုရင် ၂၅ တင်းယူတယ်။ တချို့ ဒေသတွေမှာဆိုရင် ၂၅ တောင်း ယူတယ်။ လယ်သမားတွေကလည်း ကြောက်တော့ တောင်းတာကို ပေးနေရပါတယ်" ဟု မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦးက ပြောသည်။
No-263-LIB
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပါဒလိပ်ကျေးရွာ၊ ကြွီတဲကျေးရွာ၊ ချီလင်ပင်ရွာ၊ ငတောက်တက်ရွာ၊ ကျားမသောက်နှင့် ကြက်ကိုင်းတန်ကျေးရွာများမှ လယ်ဧက ၅၀၀၀ နီးပါးခန့်ကိုလည်း ပညာရေး (၁၀)၊ ခမရ ၂၃၂၊ ခမရ ၃၄၄ သိမ်းယူထားပြီး ရွာသားများကို ယခုလို သီးစားချကာ ဌားရမ်းထားကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင်လည်း လယ်သမားများပိုင် လယ်ဧက သောင်းချီပြီး သိမ်းယူထားပြီး တဖန်ပြန်၍ လယ်သမားများကို သီးစားချ ဌားရမ်ထားကြောင်း ဒေသအတွင်းက လာသော သတင်များ အရ သိရသည်။
" ကျွန်တော်တို့ အပေါက်ဝ ကျေးရွာမှာ ဆိုရင် လယ်ဧက ၃၀၀ နီးပါးခန့်ကို ကျောက်တော် အခြေစိုက် ခမရ ၃၇၉ က သိမ်းယူပြီး တနှစ်အတွက် တဧကကို စပါးတင်း (၂၅) တင်းနုန်းနဲ့ လယ်သမားများကို ပြန်ဌားစားထားပါတယ်။ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် တလျောက်လုံးမှာ အသိမ်းခံထားရတဲ့ လယ်တွေက အများကြီးပါ" ဟု အပေါက်ဝ ကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။
ဗြိတိသျှနယ်ချဲ့ခေတ်တွင် အိန္ဒိယ ချစ်တီးကုလားများက မြန်မာ လယ်သမားများကို ငွေထုတ်ချေးပြီး ပြန်လည် မပေးဆပ်နိုင်သောအခါ လယ်များကို သိမ်းယူပြီး လယ်သမားများကို သီးစား ပြန်ချခဲ့သော စနစ်မျိုးကို ဗမာ့ တပ်မတော်ကလည်း ရခိုင်ပြည်နယ်တွင် ပြန်လည် ကျင့်သုံးနေသဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုသော မျိုးချစ် ဗမာ့ တပ်မတော် အပေါ် ရခိုင်ပြည်သူများက မေးခွန်းများ ထုတ်လျှက် ရှိကြောင်း သတင်းများ ရရှိသည်။
နိရဉ္စရာ
ဆက်လက်ရန်.....