Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

16 July 2011

ဝါဆိုလပြည့်နေ့အကြောင်းနှင့် ဓလေ့ထုံးစံများ

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့ဧ။် ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့်
သန္တုဿိတ နတ်သားအဖြစ်မှ မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင်
ပဋိသန္ဓေနေတော်မူပါသည်။ ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။
ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေဧ။် ရာဟုလာ အမည်ရသော သားတော်တစ်ပါး
မွေးဖွားလေဧ။် ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါးဧ။် ခ
ျမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် မောင်စံ ကန္နကမြင်းတို့ နှင့် ဥရုဝေလ တောသို့ ကိလေသာကုန်ခန်းပြီး ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော်မူပါသည်။
မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ရှေးဟောင်း အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့ဧ။် အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကိုမရရှိပေ၊ (၆)နှစ်မျှကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့ဧ။် အကျင့်များသည် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု သိရသောအခါ မိမိဧ။် ကိုယ်ပိုင်နည်းစနစ်ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်
သဗ္ဗညုတ ဥာဏ်တော်ကို ရရှိကာဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည် ၊ ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ
ခက်ခဲလွန်းနေဧ။် လောကလူသားတို့ဧ။် အသိဥာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေဧ။။် ငါဧ။်တရားတို့သည်ကား အလွန်နက်နဲကာ ခက်ခဲလွန်နေဧ။် ပုထုဇဉ်တို့အား ဟောကြားရန် လားလားမှ မတန်ဟု စဉ်ခြင်နေစဉ် သဟမ္ပတိ ဗြဟ္မာဧ။် တောင်းပန်မှုဖြင့် အရင်က မိမိ တပည့်တော်ခဲ့ဘူးသော ကာသိတိုင်း ဗာရာဏသီမြို့အနီး
မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊၀ဂ္ဂ-အစု အဖွဲ့) တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည် ။
ဝါဆိုလပြည့်နေဝယ် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သူ့ဘဝဧ။် ထမဦးဆုံးဖြစ်သော ဓမ္မစင်္ကြာ တရားတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော် မူလေသည်။ ဝါဆိုလပြည့် နေ့သည် ဗုဒ္ဓဘာဝင်တို့ အတွက် မွန်မြတ်သောနေ့တစ်နေ့ဖြစ်ပါသည်။

ဝါဆိုလပြည့် (၅) နေ့

(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ၀ါဆိုလပြည့်။(ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ၀ါဆိုလပြည့်။(တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။(စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့)

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)

သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင် စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်။ “ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

တောထွက်တော်မူသောနေ့ (တနင်္လာနေ့)

ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ် ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ “ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ “၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)

ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ အား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

ဓမ္မစင်္ကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်ညှင်းဆဲပြီး ကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ်
ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇ္စျိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

မြန်မာတို့ ရဲ့  အထွဋ် လမြတ်ဝါဆိုနေ့ မှာ ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူရာ ပဉ္စ၀ဂ္ဂီ ၅ ဦးကို
ဝါဆိုလပြည့်၌ ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့၏ သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက် သံချို လ ၀ါဆိုဟု
နေ့ ထူး နေ့ မြတ် ဓမ္မစကြာ နေ့ ဟု ခေါ်တွင် သမုတ်ပြုကြ၏
မြတ်စွာဘုရားထားတော်မှုသော သာသနာတွင်း ဝါဆိုလပြည်နေ့၏ ဘာသာရေးပွဲတော်များတွင် ထိုင်း၊ မြန်မာ၊ သီရိလင်္ကာစသော ဗုဒ္ဓဘာသာဝင်နိုင်ငံများ၌ အလေးအနက်ထားပြီး ပြုလုပ်လေ့ရှိသော ဘာသာရေးအမှတ်တရ ပွဲတော်တစ်ခု ဖြစ်ပေသည်။ ၀ါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပဉ္စဝဂ္ဂီငါဦးတို့ကို တရားဦးဟောရာနေ့ဟောတော်မှုတဲ့ နေ့မြတ်ဖြစ်သကဲ့သို့၊ သံဃာတော်များအား ၀ါဆို၊ ၀ါကပ်ရသည့် အချိန်ကာလလည်း ဖြစ်သောကြောင့် ဝါဆိုလပြည့်နေ့တွင် သင်္ကန်းကပ်လှူခြင်း၊ ၀ါဆိုပန်းများလှူဒါန်းခြင်း၊ ဆွမ်းကပ်ခြင်းများ တရားနာယူခြင်း ရေစက်ချ အမျှပေးဝေခြင်းစသော ကုသိုလ်ဒါနများစွာကို ပြုလုပ်ကြသည့် ဗုဒ္ဓဘာသာတို့၏ ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဖြစ်ပါသည်။


ဝါတွင်းကာလတွင် သံဃာတော်အရှင်သူမြတ်များသာမက ဗုဒ္ဓဘာသာတိုင်းလည်း အသက်ဂုဏ်သိက္ခာကြီးမားသူများကို လိုက်လံကန်တော့ကြသည်။ သက်ကြီးရွယ်အိုများကလည်း ဘုရားကျောင်းများကို ဥပုသ်နေ့တိုင် ငါးပါးသီလ၊ ရှစ်ပါးသီလစသော သီလတော်မြတ်တို့ကို စောင့်ရှောက်ကြသည်။ ရဟန်းတော်အရှင်မြတ်များသည်လည်း ဆရာတော်များအား တပည့်ပရိသတ်များနှင့်အတူ ကံတော့ကြသည့် အခါသမယဖြစ်ပါသည်။

ရဟန်းတော်များအား ရှင်တော်မြတ်ဘုရားက ဝါတွင်းကာလတွင် (ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှစ၍ သံဃာတော်များ ဝါဆိုဝါကပ်ရာတွင် ပုရိမဝါကို ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်လျှင် သီတင်းကျွတ်လပြည့်နေတွင် သုံးလပြည့်ကာကာမှ သံဃာတော်များ မိမိလိုအပ်ရာ နေရာသို့ လွတ်လပ်စွာ သွားလာခွင့်ရှိသည်။
တကယ်လို့ အကြောင်မညီညွတ်၍ ပုရိမဝါဆိုလိုက်ရသော သံဃာတော်များသည် ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် ပစ္ဆိမဝါဆိုပြီးလျှင် တန်ဆောင်မုန်းလပြည့်နေ့တွင် သုံလပြည့်ကာဝါကျွတ်လေသည်။

ဝါဆိုဝါကပ်ခြင်းကို ညနေပိုင်းတွင်ဖြစ်စေ ညဦးပိုင်းတွင်ဖြစ်စေ ကျောင်းတိုင်အတွင်း၌ ရဟန်းသာမဏေများ စုရုံး၍ ဘုရားတပည့်တော်သည် ဤကျောင်းတွင် ဤဝါတွင်းသုံလတာ ကာလပတ်လုံးဝါဆိုဝါကပ်ပါ၏ဟူသော အဓိပ္ပါယ်ရှိသည့် ဣမသ္မီ ဝီဟာရေ ဣမံတေမာသံ ဝဿံ ဥပေမိ ပါဠိတော်မြတ်ကို သုံကြိမ်တိုင်တိုင် ရွတ်ဆိုရလေသည်။

ထိုသို့ သံဃာတော်များ ၀ါဆိုဝါကပ်သောအခါတွင် အလှူရှင်များက ၀ါဆိုသင်္ကန်းကပ်လှူခြင်း၊ ၀ါဆိုပန်းကပ်လှူခြင်း၊ အဖျော်ရည်စသော လှူဒါန်းဖွယ်ရာ ကပ်လှူခြင်းများကို ပြုလုပ်ကြသည်မှာလည်း မွန်မြတ်သော အလှူဒါနတစ်ခုပင် ဖြစ်ပေသည်။ မြို့ပြနေရာများ၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အစီစဉ်ကို ပြုလုပ်ကြသည်။

ဝါဆိုလဆန်းတရက်နေမှ ဝါဆိုလပြည့်နေ့အထိ ဝါတွင်းသုံးလအတွင်း ဘုန်းတော်ကြီးကျောင်းများတွင် လှူဒါန်းပွဲများ ကျင်းပကြသည်။များသောအားဖြင့် မြို့ပြဒေသများတွင် မိမိနေအိမ်တွင်ဖြစ်စေ တတ်စွမ်းနိုင်သမျှ သံယာတော်များပင့်ဖိတ်ကာ ဆွမ်းခဲဖွယ်နှင့်ဝါဆိုသင်္ကန်းစသော လှူဒါန်းဖွယ်ရာအစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ဥပုဒ်သီလ ဆောက်တည်ကြပေသည်။ ဤသည်မှာ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ချစ်ခင်လေးစားစရာကောင်းသော ဓလေ့စရိုက်ဖြစ်သည်။ စာရေးသူသည် ဤအကြောင်းကို အကျဉ်းမျှသာ ဖော်ပြထားခြင်းဖြစ်ပါသည်။ စာရေးသူတို့၏ ဗုဒ္ဓဘာသာ ရိုးရာယဉ်ကျေးမှုဖြစ်သော အစဉ်လာကောင်းကို ဗုဒ္ဓဘာသာဝင်ဖြစ်ကြသော ကျနော်တို့က မြတ်ဗုဒ္ဓထားခဲ့သော သာသနာတော်ကြီးအဓွန့်ရှည်စေခြင်းအတွက် ဝိုင်းဝန်းဆောင်ရွက်နိုင်သော အမျိုးကောင်း အမျိုးကောင်းသမီးများဖြစ်နိုင်ပါစေ လို့ ဆုတောင်းရင်း ဗုဒ္ဓဘာသာတို့ အထွဋ်အထိပ်ထားသော ၀ါဆိုလပြည့်နေ့အကြောင်းကို အကျဉ်းမျှ ဖော်ပြလိုက်ပါသည်။

နောင်ကျရောက်လာမယ့် လမြတ် ၀ါဆို လပြည့်နေ့ တွင် ၀ါဆို သင်္ဃန်း ကပ်လှူခြင်း ဥပုလ်သီလဆောက်တည်ခြင်း မြန်မာတို့ ရဲ့  တရားဘ၀နာ များကို မမေ့မလျှော့ပဲ နိုးဆော်တိုက်တွန်ရင်နဲ့  မှာရှိတဲ့ ဆရာတော် သံဃာများကို ရည်မှန်းပြီး ၀ါဆိုလပြည့် ဓမ္မစကြာနေ့ အတွက် ဒီစာစုလေနဲ့ အတူ လက်ဆယ်ဖြာ ထိပ်မှာမိုလို့  ရှစ်ခိုးကန်တော့လိုက်ပါတယ်ဘုရား...။

၁၃၇၃ ခုနှစ် ၀ါဆိုလပြည့် ၁၅ ရက်နေ့ 
15--7--2011.....ရက်

ရင်သွီး

ဆက်လက်ရန်.....