Showing posts with label အခြေခံကွန်ပျူတာ. Show all posts
Showing posts with label အခြေခံကွန်ပျူတာ. Show all posts

20 July 2011

Windows XP လျှင်မြန်စေရန် နည်းလမ်း(12)သွယ်

Windows Vista ဆိုပြီး ခပ်စွာစွာထွက်ပေါ်လာခဲ့ပေမယ့်လည်း အခြေအနေအကြောင်း
အမျိုးမျိုး အရ Windows XP ကိုကျွန်တော်တို့မစွန့်လွှတ်နိုင်ခဲ့ပါဘူး။
အဓိကအကြောင်းရင်းက Hardware ပိုင်းဆိုင်ရာ လိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိအသုံးပြုနေဆဲ Windows XP ကိုပိုမိုလျှင်မြန်စွာအသုံးပြုနိုင်ဖို့ နည်းလမ်းအချို့
တင်ပြလိုခြင်းဖြစ်ပါတယ်။Disk Defragment ဟာ Hard disk ပေါ်ရှိ ဖိုင်များကို
နေရာအစီစဉ်တကျရှိနေစေဖို့ ပုံမှန်လုပ်ဆောင်ပေးဖို့လိုအပ်ပေမယ့် Windows ရဲ့စွမ်းဆောင်ရည်ကို
သိသိသာသာတိုးတက်လာစေခြင်းမရှိနိုင်ပါဘူး။ Windows XP ကိုလျှင်မြန်စေဖို့ Disk Defragment
လုပ်တာအပြင် အခြားနည်းလမ်းများစွာရှိပါတယ်။
1. System Boot Time

Windows စတက်တဲ့အချိန် Boot Time မှာ တစ်မေ့တမောစောင့်ရတာ ငြီးငွေ့ဖို့
ကောင်းလိုက်တာလို့ခံစားဖူးကြပါလိမ့်မယ်။ Windows Boot Time ကိုလျှော့ချပြီး စွမ်းဆောင်ရည်
ကောင်းလာစေဖို့အတွက် defragmentation software တစ်ခုခုဝယ်ယူအသုံးပြုမယ့်အစား Hardware
ပိုင်းကိုပဲ လဲလှယ်သင့်ပါတယ်။ Defragment အတွက်က Windows မှာတဲ့ Built-in Defragmenter
ဆိုရင်လုံလောက်ပါပြီ။ ဒါကြောင့် Software တစ် ခုခုကို ငွေကုန်ခံအသုံးပြုမယ့်အစား 8-MB cache buffer
နဲ့ SATA Hard disk ကိုအသုံးပြုလိုက်တာအကောင်းဆုံးပါ။

2. 512MB RAM

တကယ်လို့ ပီစီမှာ RAM ပမာဏက 512 MB ထက်နည်းနေမယ်ဆိုရင် RAMကိုထပ်တိုးသင့်ပါတယ်။
ဒါဆိုရင် ပီစီရဲ့စွမ်းဆောင်နိုင်စွမ်းပိုကောင်းလာတာတွေ့ရပါလိမ့်မယ်။

3. NTFS File System

Windows XP မှာ NTFS ဖိုင်စနစ်ကိုအသုံးပြုခြင်းဟာလည်း ပီစီရဲ့စွမ်းဆောင်ရည်ကို
ပိုကောင်းမွန်လာစေနိုင်ပါတယ်။ ဒါကြောင့် Hard disk ဟာ NTFS ဖိုင်စနစ်ဟုတ်မဟုတ်စစ်ဆေးကြည့်ဖို့ရာ
Hard disk မှာ Right Click နှိပ်ပြီး Properties ကိုရွေးချယ်ပါ။ ဒါဆိုရင် Hard disk Properties
ထွက်လာပါပြီ။ဖိုင်စနစ်အမျိုးအစားကို File system ဘေးမှာ ဖော်ပြထားပါတယ်။



အများအားဖြင့် FAT32 ဒါမှမဟုတ် NTFS ဖိုင်စနစ်တွေပဲဖြစ်ပါတယ်။ FAT32 ဖြစ်ဖြစ် NTFS ဖြစ်ဖြစ်
အသုံးပြုလို့ရတယ်ဆိုပေမယ့်လည်း စွမ်းဆောင်ရည်၊ လုံခြုံစိတ်ချရမှု အတွက်ဆိုရင် NTFS စနစ်ကိုပဲ
အသုံးပြုသင့်ပါတယ် တကယ်လို့ FAT32 ဖြစ်နေခဲ့မယ်ဆိုရင် NTFS သို့ပြောင်းပေးနိုင်ပါတယ်။
ပထမဦးဆုံး အရေးကြီးဒေတာများကို Backup လုပ်ထားတာအကောင်းဆုံးပါပဲ။ Backup လုပ်ပြီးပြီဆိုရင်
Start>Run ကိုခေါ်ပြီးcmd လို့ရိုက်ထည့်ပြီး OK နှိပ်ပါ။


Command Windows နဲ့ Prompt ထွက်လာတဲ့အခါ CONVERT C: /FS:NTFS လို့ရိုက်ပြီး Enter
နှိပ်လိုက်တာနဲ့ FAT32 ဖိုင်စနစ်မှ NTFS ဖိုင်စနစ်သို့ပြောင်းပေးသွားပါလိမ့်မယ်။


Hard disk အရွယ်အစားအပေါ်မူတည်ပြီး အချိန်ကြာနိုင်ပါတယ်။ ဒီလိုပြောင်းတဲ့နေရာမှာ Virus
ကင်းရှင်းဖို့အရေးကြီးပါတယ်။ ဗိုင်းရပ်စ်ရှိနေခဲ့ရင် ဖိုင်စနစ်ပြောင်းလဲတဲ့ လုပ်ဆောင်ချက်ကို
အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။


4.Disable file indexing

Windows ရဲ့ Indexing service ဟာ Documents နဲ့ အခြားဖိုင်များမှာပါဝင်တဲ့ သက်ဆိုင်ရာ
အချက်အလက်များကို Hard disk ပေါ်မှာဖြန့်ချပြီး Searchable keyword index များကို
တည်ဆောက်ပေးပါတယ်။ Windows ရဲ့ Search ကိုအသုံးပြုပြီး ဖိုင်များ၊ ဖိုလ်ဒါများရှာဖွေတဲ့အခါ
လျှင်လျှင်မြန်မြန်ရှာပေးနိုင်စေဖို့ Hard disk မှာသိမ်းထားတဲ့ ဖိုင်များနဲ့ပတ်သတ်တဲ့ အကျဉ်းချုပ်ကို
မှတ်သားထားပေးတာပါ။ ထို service ကိုပိတ်ထားပေးခြင်းဖြင့် ကွန်ပျူတာမှာ
အခြားလုပ်ငန်းဆောင်တာများကို ပိုမိုလျှင်မြန်စွာလုပ်ကိုင်လာနိုင်ပါလိမ့်မယ်။
Indexing service ကို အသုံးပြုဖို့ရာ My computer မှာ
Right click နှိပ်၊ Manage ကိုရွေးပါ။ Computer Management Windows ထွက်လာတဲ့အခါ
ဘယ်ဘက်အခြမ်းရှိ Services and Applications ကို Double click နှိပ်လိုက်ပါက Indexing service
ဆိုတာ ညာဘက်အခြမ်းမှာ ထွက်လာပါလိမ့်မယ်။


အဲဒီ Indexing Service ကို Double Click နှိပ်လိုက်တဲ့အခါမှာတော့ Indexing Service ထွက်လာပါလိမ့်မယ်။
Indexing Service အလုပ်လုပ်နေသလားသိနိုင်ဖို့ ပုံမှ အပြာရောင်ဝိုင်းပြထားသောနေရတာတွင်ကြည့်ပါ။
ပုံတွင် Indexing Service အားပိတ်ထားသောကြောင့် Play သင်္ကေတ Active ဖြစ်နေပါလိမ့်မည်။
အကယ်၍ Indexing Service အလုပ်လုပ်နေပါက Stop သင်္ကေတ Active ဖြစ်နေပါလိမ့်မယ်။


Hard disk partition တစ်ခုချင်းအား Indexing Service ပိတ်လိုပါက ပိတ်လိုသည့် Hard drive တွင်
Right Click နှိပ်ပြီး Properties ကိုရွေးပါ။


General tab အောက်ရှိ Allow Indexing Service to index this disk for fast file searching ဘေးရှိ
အမှန်ခြစ်အားဖြုတ်ပေးလိုက်ပါ။ OK ကိုနှိပ်လိုက်တဲ့အခါ Drive နှင့်တကွ Subfolders နှင့် ဖိုင်များကိုပါ
ပိတ်ရန်အတွက် Apply changes to C:\, subfolders and files ကိုရွေးပြီး OK ပေးလိုက်ပါ။
အကယ်၍ သတိပေးစာတန်း (ဥပမာ- Access is denied) များထွက်လာပါက
Ignore All Button ကိုနှိပ်ပေးလိုက်ပါ။


5. Video and Motherboard Chipset Drivers Update

Microsoft Windows XP သည် Video Card နှင့် Motherboard Chipset Driver အများစုကို
Support ပေးနိုင်သော်လည်း အချို့ Video Card များအတွက် Driver မှာ လုံးဝဥဿုံ
အဆင်ပြေဆီလျော်ခြင်းမရှိပဲ သုံးဖြစ်ရုံသာရှိနေတတ်သည်။ Video Card နှင့် Mother Board များအတွက်
Driver CD မှ သီးသန့်တင်ယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ Driver အဆင်မပြေဖြစ်နေပါက
စက်၏စွမ်းဆောင်ရည်ကို အပြည့်အ၀အသုံးမပြုနိုင်ဘဲ နှေးကွေးလေးလံ နေတတ်သည်။

6. Empty the Windows Prefetch folder

Windows ပိုမိုလျှင်မြန်စေရန်အတွက် နောက်ထပ်ပြုလုပ်ရမည်မှာ Prefetch folder
ကိုပုံမှန်ရှင်းထားပေးရန်ဖြစ်သည်။ Prefetch folder မှာ Windows folder အောက်တွင်ရှိသည်။
Windows XP သည် ပုံမှန်အသုံးပြုနေကျ Application နှင့် Data များကို ခေါ်ယူအသုံးပြုရာတွင်
အဆင်ပြေလျှင်မြန်စေရန် Prefetch folder တွင် အချို့အစိတ်အပိုင်းများကို သိမ်းဆည်းထားလေ့ရှိသည်။
ထိုလုပ်ဆောင်ချက်သည် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ
Prefetch folder တွင် ဖိုင်များစုပုံလာပြီး အသုံးမပြုတော့သည့် Application များအတွက်ပါ ဖိုင်များ
ကျန်ရှိနေတတ်သည်။ ထိုသို့ဖြစ်လာသည့်အခါတွင် Windows XP သည် လိုအပ်သည့်ဖိုင်များကို
ရှာရန်အတွက် အချိန်ပိုမိုအသုံးပြုလာရပြီး ထိုဖိုင်များကို မှတ်ဥာဏ်အတွင်းသို့ ကြိုတင်ရှာဖွေထည့်သွင်း
နေရသည့်အတွက် ကွန်ပျူတာ၏ စွမ်းဆောင်ရည်ကို နှေးကွေးလာစေသည်။ ထိုPrefetch folder
အတွင်းရှိဖိုင်များအားလုံးကို ဖျက်ပစ်သော်လည်း ဘာကိုမျှထိခိုက်စေခြင်းမရှိနိုင်ပါ။

7. Disk Cleanup
Disk cleanup ကိုတစ်လတစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် Windows XP ၏ လျှင်မြန်စွာ
လုပ်ဆောင်နိုင်မှုကို ထိန်းထားနိုင်သည်။ Start>All Programs>Accessories>System Tool>Disk Clean Up
သို့ဝင်၍ Disk Clean Up လုပ်ဆောင်နိုင်သည်။



Disk cleanup သို့ဝင်ရောက်လိုက်ပါက ပထမဦးဆုံး Cleanup လုပ်လိုသည့် Drive ကိုရွေးချယ် ပေးရပါမည်။


Drive ကိုရွေးချယ်ပြီး OK နှိပ်လိုက်သည့်အခါ Disk Cleanup လုပ်ရန်အတွက် ရှင်းလင်းနိုင်သည့်
ဖိုင်များကို ရှာဖွေသည့်လုပ်ငန်း စတင်လုပ်ဆောင်ပါလိမ့်မည်။ Drive အရွယ်အစားအပေါ်မူတည်၍
အချိန်ကြာမြင့်နိုင်ပါတယ်။
Hard disk ပမာဏကြီးသည်ဆိုပါက Office Setup file များကို ရှင်းမပစ်သင့်ပါ။ Office Setup ဖိုင်များကို
ရှင်းပစ်ခဲ့ပါလျှင် တကယ်လို့ Office မှာ ပြဿနာတစ်ခုခုဖြစ်လာလို့ ပြန်ပြုပြင်ဖို့လိုအပ် လာတဲ့အခါ
မူလတင်ခဲ့တဲ့ CD ထည့်ပေးဖို့လိုအပ်လာပါလိမ့်မယ်။ Setup file များရှိနေခဲ့လျှင် ထိုဖိုင်များထဲမှ
လိုအပ်သည်များကို အလိုအလျှောက်ရှာယူတင်သွားမှာ ဖြစ်ပါတယ်။ရှင်းလိုသည့် ဖိုင်များဘေးတွင်
အမှန်ခြစ်ပြီးသည့်နောက် OK ကိုနှိပ်လိုက်သည့်အခါ တကယ်ရှင်းမှာ သေချာရဲ့လားဆိုသည့်
Confirm box တစ်ခုထွက်လာလျှင် OK ပေးလိုက်တဲ့အခါ Disk cleanup လုပ်ငန်းစဉ်
ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။

8. Enable DMA

Windows XP လုပ်ဆောင်မှု လျှင်မြန်စေဖို့ နောက်ထပ်လုပ်ဆောင်ရမယ့်နည်းလမ်းတစ်ခုကတော
့IDE ATA/ATPI Controllers device များမှာ DMA ကို Enable လုပ်ထားဖို့ပါ။
ဒီလိုလုပ်ဖို့ အတွက် Device Manager ကိုဖွင့်ဖို့လိုပါတယ်။ Device Manager ကိုဘယ်လိုဖွင့်ရမလဲဆိုတာ
အရင်က ရေးခဲ့ပြီးသားမို့ အခုထပ်မပြောတော့ပါဘူး။ Device Manager မှာ IDE ATA/ATAPI controllers
ခေါင်းစဉ်အောက်က Primary IDE channel ကို Double Click လုပ်ပါ။ ဒါဆိုရင် IDE Primary Channel Properties
ထွက်လာပါလိမ်မယ်။ အဲဒီမှာ Advance Settings tab အောက်က Transfer Mode ဘေးမှာ DMA if available
ကိုရွေးထားဖို့လိုပါတယ်။ Device 0 မှာရော Device 1 မှာပါ ရွေးပေးခဲ့ပြီး OK ပေးလိုက်ပါ။ ဒီအတိုင်းပဲ
Secondary IDE channel မှာလည်း DMA enable လုပ်ပေးခဲ့ပါဦး။

9. Upgrade the cabling

Hard drive နည်းပညာများတိုးတက်လာတာနဲ့အမျှ၊ Hard drive များကို Motherboard နဲ့ ချိတ်ဆက်အသုံးပြုတဲ့
Cable အမျိုးအစားများလည်း ပိုရှုပ်ထွေးလာပါတယ်။ Cable နဲ့ Hard drive ချိတ်ဆက်တဲ့အခါ Master, Slave
မှန်ကန်မှုရှိဖို့၊ Hard drive မှာလည်း Master, Slave jumper setting မှန်ကန်ဖို့ လိုအပ်ပါတယ်။
Hard drive အမျိုးအစားအပေါ်မူတည်ပြီး Primary, Master Jumper setting ကွဲပြားသွားပါတယ်။
Hard drive တိုင်းမှာ Jumper setting တစ်ပါတည်းပါရှိပါတယ်။ Device တစ်ခုတည်းဆိုရင်တော့
Cable အစွန်းမှာပဲ တပ်သင့်ပါတယ်။

10. Remove all spyware

ကွန်ပျူတာကို နှေးကွေးစေတဲ့ အဓိကတရားခံက Spyware များပါ။ ဒီမကောင်းဆိုးဝါး Spyware
များကိုရှင်းဖြစ်ဖို့အတွက် Lavasoft ကထုတ်လုပ်တဲ့ AdAdware ဒါမှမဟုတ်
SpyBot Search & Destroy လို အလကားရတဲ့ ဆော့ဖ်ဝဲများကို
အသုံးပြုပြီး ဖြေရှင်းနိုင်သလို နာမည်ကျော် Anti-spyware ဆော့ဖ်ဝဲများကို
ပိုက်ဆံပေးဝယ်သုံးနိုင်တဲ့နည်းလမ်းလည်းရှိပါတယ်။ အလကားရတယ်ဆိုပေမယ့်လည်း
မှန်မှန်ကန်ကန် Update လုပ်ထားမယ်ဆိုရင်လည်း AdAdware ဟာ
အတော်လေးသုံးပျော်တဲ့ Program ဖြစ်ပါတယ်။ Spyware များရဲ့အဓိက
ဝင်ပေါက်က အလကားပေးသုံးတဲ့
ဂိမ်းများနဲ့ ဆော့ဖ်ဝဲများဖြစ်ပါတယ်။ Spyware ဆိုတာမျိုးက ကိုယ်ကမဖိတ်ခေါ်ပဲ
အလည်လာလေ့မရှိပါဘူး။
Spyware နဲ့ Anti-spyware တို့တတွေဟာ အမြဲတမ်းလိုလိုပြေးတမ်းလိုက်တမ်းကစား
ပညာပြိုင်နေကြတာဖြစ်လို့ Anti-spyware များဟာ Spyware များကို အမြဲလိုလို
ဖမ်းမိနေနိုင်တာမျိုးမဟုတ်တဲ့အတွက် ကိုယ့်စက်ကိုယ်
စောင့်ကြည့်ဖို့လည်းလိုပါတယ်။ Ctrl+Alt+Delete နဲ့ Task Manager ကို
ခေါ်ကြည့်ပြီး ကိုယ့်စက်မှာ ဘယ် Process တွေအလုပ်လုပ်နေသလဲဆိုတာပုံမှန်
စောင့်ကြည့်ထားဖို့လိုပါတယ်။ပုံမှန်အားဖြင့် Windows ချည်းသီးသန့်ဆိုရင်
Process (20~23) ခုပတ်ဝန်းကျင် Run နေလေ့ရှိပါတယ်။ အသုံးပြုထားတဲ့ Hardware Driver
အမျိုးအစားအပေါ်မူတည်ပြီး တစ်ခုနှစ်ခု ကွာခြားလေ့ရှိပါတယ်။ ကိုယ်သုံးနေကျမဟုတ်တဲ့
Process တစ်ခုခု အလုပ်လုပ်နေတာတွေ့ပြီဆိုရင်တော့ Spyware ဟုတ်မဟုတ် စစ်ဆေးဖို့လိုပါပြီ။

11. Remove any unnecessary programs from Windows startup

အချို့ဆော့ဖ်ဝဲများမှာ အသုံးပြုလိုတဲ့အခါ စတင်တဲ့အချိန်လျှင်မြန်စေဖို့အတွက်
Windows စတင်တဲ့အချိန်မှာ
ဖိုင်တစ်ချို့ကို ကြိုတင် Run ထားလေ့ရှိပါတယ်။ ဥပမာ၊ Adobe Acrobat tray,
Matlab server, Autocad startup accelerator, PowerDVD serv
အစရှိတဲ့ Process များဟာ Windows စတက်လာကတည်းကကြိုတင်အလုပ်လုပ်နေလေ့ရှိပါတယ်။
အဲဒီProcess များနဲ့သက်ဆိုင်တဲ့ Application
များကိုအသုံးပြုတဲ့အခါ လျှင်မြန်ပေမယ့်လည်း
Memory ကိုအသုံးပြုနေတာဖြစ်တဲ့အတွက်
Windows ကိုနှေးစေပါတယ်။ ဒါကြောင့် Windows Startup မှ
မလိုအပ်တဲ့ ဆော့ဖ်ဝဲများကို ဖယ်ထားသင့်ပါတယ်။
ဒီအတွက် System Configuration Utility ကိုအသုံးပြုရပါမယ်။
Start>Run မှာ msconfig လို့ရိုက်ထည့်လိုက်ပါ။
System Configuration Utility ထွက်လာတဲ့အခါ Startup tab အောက်က
မလိုအပ်တဲ့ Process များဘေးမှ
အမှန်ခြစ်ကို ဖြုတ်လိုက်ခြင်းအားဖြင့် Process များကို Windows startup မှာ
အလုပ်မလုပ်နိုင်အောင် ပိတ်ထားနိုင်ပါတယ်။

Antivirus software & Driver များနဲ့သက်ဆိုင်တဲ့ Process များကလွဲရင် ကျန်တာအားလုံးကို
ရပ်ထားလို့ရပါတယ်။ အမှန်ခြစ်ဖြုတ်ချင်တာတွေကို ဖြုတ်ပြီး OK နှိပ်လိုက်ရင် Restart လုပ်ဖို့
တောင်းပါလိမ့်မယ်။ Restart ချက်ချင်းမလုပ်လိုဘူးဆိုရင် Exit Without Restart ကိုနှိပ်လိုက်ပါ။
Restart လုပ်ပြီးတဲ့နောက် Windows ပြန်တက်လာတဲ့အခါ System Configuration Utility ကို
အသုံးပြုပြီး Windows startup ကိုပြောင်းလဲထားတာတွေ Save လုပ်ပြီးကြောင်းပြောတဲ့ Box
တစ်ခုထွက်လာပါလိမ့်မယ်။

အဲဒီ Box မှာ အောက်နားက လေးထာင့်ကွက်မှာ အမှန်ခြစ်ပြီးမှ OK နှိပ်ပေးပါ။ အမှန်မခြစ်ခဲ့ဘူးဆိုရင်
Windows တက်လာတဲ့အခါတိုင်း အဲဒီ Box ထွက်နေပါလိမ့်မယ်။

12. Remove any unnecessary software

ဒီနည်းလမ်းကတော့ အလွန်ရိုးစင်းတဲ့နည်းလမ်းတစ်ခုပါ။ ကွန်ပျူတာထဲမှာ အသုံးပြုဖို့ မလိုအပ်တော့တဲ့
Software များကို အပြီးတိုင်ဖယ်ရှားလိုက်မယ်ဆိုရင် Windows အလုပ်လုပ်တာ ပိုပေါ့ပါးသွားမှာ
သေချာပါတယ်။ နောက်ပြီး Application ချင်းတူတဲ့ Software နှစ်ခု အတူတူရှိမနေတာလည်း
အကောင်းဆုံးပါပဲ။ အများအားဖြင့် Media Player များဟာ ရှိသင့်တာထက် ပိုများနေတတ်ပါတယ်။

tinmoeaye.blogspot.com

ဆက်လက်ရန်.....

MicrosoftWord နှင့် စာအုပ်လုပ်ကြရအောင်

ယခု ဖော်ပြမယ့် စာအုပ် ပြုလုပ်မည့် နည်းလမ်းကို လူတိုင်း သိပြီး ဖြစ်နိုင်သလို မသိသူ များစွာ ရှိမည် ဖြစ်ပါသည်။ သို့ကြောင့် ဖော်ပြပေးလိုက်ပါသည်။ Microsoft Word တွင် စာအုပ်ထုတ်ဝေသည့် ပုံစံချပြီး Printout ထုတ်နိုင်သည်။ အောက်ပါအတိုင်း ပြုလုပ်ပါ။(၁) မိမိရိုက်ချင်သည့် စာရွက်ကို ရွေးပါ။ဥပမာ – A4 ၊ Legal)(၂) ပြီးလျှင် Page Setup သို့သွား၍ Margin ကို မိမိစိတ်ကြိုက် ပြုပြင်ပါ။(၃) စာအုပ်ဖြစ်သည့်အတွက် Margins —– Orientation မှ Landscape ကို ရွေးချယ်ပါ။(၄) အောက်တွင် ပြသထားသည့်အတိုင်း Margins ၏ Pages ရှိ multiple pages: တွင် Book Fold ကို ရွေးချယ်ပါ။ Sheets per booklet: Auto ကို ရွေးချယ်ပါ။
(၅) ပြီးလျှင် Ok ။(၆) စာ စတင်ရိုက်နိုင်ပါပြီ။ Print out ထုတ်သည့်အခါတွင် စာအုပ်တစ်အုပ် ပုံစံကို Auto Print ထုတ်ပေးသွားမှာ ဖြစ်ပါသည်။ အဆင်ပြေချောမွေ့ကြပါစေ။
(မှတ်ချက်...တဆင့်ကူးယူဖော်ပြထားပါသည်)


ရင်သွီး

ဆက်လက်ရန်.....

18 July 2011

Hardware နှင့် Software

Chapter (1) ကွန်ပျူတာတွင် အဓိက အချက်နှစ်ချက်ရှိသည်။ ၎င်းတို့မှာ
၁) စက်ပိုင်းဆိုင်ရာ (Hardware) နှင့်
၂) ညွှန်ကြားပိုင်းဆိုင်ရာ (Software) ဟူ၍ဖြစ်သည်။

၁) စက်ပိုင်းဆိုင်ရာ (Hardware) များသည် ထိတွေရ့ကိုင်တွယ်၍ရသည့်အရာများဖြစ်သည်။
ဥပမာ။
























စက်ပိုင်းဆိုင်ရာ (Hardware) များကို၎င်း၏အလုပ်လုပ်ပုံအပေါ်မူတည်၍ အုပ်စု (၄) စု ခွဲနိုင်သည်။ ၎င်းတို့မှာ
1) Input Device (အချက်အလက်များအားကွန်ပျူတာအတွင်းသို့ထည့်သွင်းရန်ဆောင်ရွက်ပေးသည့်ကိရိယာများ)
ဥပမာ။           ။ Keyboard, Mouse, Scanner, Webcam စသည်တို့ပါဝင်သည်။
2) Process (အချက်အလက်များအားတွက်ချက်၍ အဖြေထုတ်ပေးသည့်ကိရိယာများ)
ဥပမာ။           ။ CPU (Central Processing Units), Motherboard, စသည်ဖြင့်…..
3) Output Device (ထွက်လာသောအဖြေကို အသုံးပြုသူအား ဆက်သွယ်ပြသပေးသည့် ကိရိယာများ)
ဥပမာ။           ။ Monitor, Speaker, Printer, စသည်ဖြင့်
4) Storage Device (အချကအလက်များသိုလှောင်ပေးသည် ကိရိယာများ)
ဥပမာ။          ။ Hard Disk, Flash Drive, Memory Card စသည်ဖြင့်
၂) ညွှန်ကြားပိုင်းဆိုင်ရာ (Software) များသည် ထိတွေ့ကိုင်တွယ်၍မရနိုင်သော အရာများဖြစ်သည်။
အောက်ပါတို့သည်  “Software” ၏အလုပ် လုပ်မှုပုံစံ အဆင့်ဆင့်ဖြစ်သည်။









ညွှန်ကြားပိုင်းဆိုင်ရာ (Software) များ များကို၎င်း၏အလုပ်လုပ်ပုံအပေါ်မူတည်၍ အုပ်စု (၃) စု ခွဲနိုင်သည်။ ၎င်းတို့မှာ
1) Application Software (အသုံးချအုပ်စုပရိုဂရမ်များ) သည်မိမိလုပ်ငန်းအတွက် အလုပ်လုပ်ပေးသော ပရိုဂရမ်များဖြစ်သည်။ ၎င်းသည်သီးခြားသော အလုပ်မျိုးသာလုပ်ဆောင်ပေးသည်။
ဥပမာ။           ။ Microsoft Office Word ကိုအသုံးချခြင်းဖြင့် စာစီစာရိုက်ပြုလုပ်နိုင်သည်။
                     Adobe Photoshop ကိုအသုံးချခြင်းဖြင့် ပုံများဖန်တီးနိုင်၊ ရေးဆွဲနိုင်သည်။
2) System software (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်များ) သည်ကွန်ပျူတာ အသက်ရှင်လာစေရန် မရှိမဖြစ်အရေးကြီးသော ပရိုဂရမ်ဖြစ်သည်။ မိမိကွန်ပျူတာကို Power ခလုပ်နှိပ်ပေးသောအခါ System software အလုပ်လုပ်သောကြောင့် မိမိကွန်ပျူတာတွင် ရုပ်ပုံများဖြင့်မြင်တွေ့ရခြင်းဖြစ်သည်။ System software မရှိပါက မြင်တွေ့ရမည်မဟုတ်ပေ။ အသုံးများသော System software များမှာ
1) Microsoft Windows
Microsoft ကုမ္မဏီမှထုတ်လုပ်သောပရိုဂရမ်ဖြစ်သည်။ ကမ္ဘာ့တဝန်းလုံးတွင် လူအသုံးများဆုံး (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) ဖြစ်သည်။ ၎င်းသည်ခုနစ်အလိုက်တိုးတက်လာသောကြောင့် အမျိုးမျိုးရှိသည်။
·         Microsoft Windows 95
·         Microsoft Windows 98
·         Microsoft Windows Me
·         Microsoft Windows xp
·         Microsoft Windows Vista
·         Microsoft Windows 7
 
2) Linux (Open Source Software)
Linux သည် open source software ဖြစ်သည် အဘယ်ကြောင့်ဆိုသော် linux သည် အခမဲ့ရယူနိုင်ပြီး လူအများကိုလည်းဝေငှပေးနိုင်သော (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) linux ကိုအခြေခံသော (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်)များမှာ
·         Ubuntu
·         Kubuntu
·         Lubuntu
·         Xubuntu
·         Edubuntu
·         Gobuntu စသည်တို့ဖြစ်သည်။
3) Macintosh (Mac OS)
Macintosh သည် Apple ကုမ္မဏီမှထုတ်လုပ်သည်။ ယင်း (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) ကို ပန်းသီးတံဆိပ်ပါသော ကွန်ပျူတာတွင် တွေ့ရှိနိုင်ပြီး အနည်းငယ်ပို၍ဈေးနှုန်းမြင့်သည်။

saiaunglin

ဆက်လက်ရန်.....

Folder and File (Folder နှင့် File များအကြောင်း)

ကျွန်ုပ်တို့၏ကွန်ပျူတာအတွင်းသိုလှောင်ထားသောအရာဝတ္ထုများကို လေ့လာကြည့်ပါက File နှင့် Folder များကိုတွေ့မြင်ရမည်ဖြစ်သည်။ Folder သည်အဝါရောင်ရှိပြီး အရာဝတ္ထုများကို ထုပ်ပိုးရန်အတွက် အသုံးပြုသည်။ Folder သည် ကွန်ပျူတာအတွင်း၌ ရှိသောအရာအားလုံး ထည့်သိမ်းနိုင်သည်။ ဥပမာ၊ စာရွက်စာတမ်းများထည့်ခြင်း၊ ဓါတ်ပုံများ၊ သီချင်းများ၊ ရုပ်ရှင်များ၊ ပရိုဂရမ်များ များကို Folder ဖြင့်သိမ်းစည်းလေ့ရှိသည်။

File များသည်ပုံစံအမျိုးမျိုးရှိလေ့ရှိသည်။ File များကို လုပ်ငန်းတွင် တိုက်ရိုက်အသုံးချရန်ဖြစ်သည်။ ဥပမာ၊ စာရိုက်မည်ဆိုပါက စာရွက်တစ် (Ms Word, Text) ကိုအသုံးပြုရမည်ဖြစ်သည်။ File တစ်ခုကို ခွဲခြားကြည့်ပါက ၎င်း File ၏အမည်နှင့် အမျိုးအစားဟူ၍မှတ်ယူနိုင်သည်။


အထက်ပါ ပုံများသည် Application file များဖြစ်သည်။
File များကို အမျိုးအစားခွဲနိုင်သည်။
Document File (စာစီစာရိုက်လုပ်နိုင်သောဖိုင်များ)

Image File (ရုပ်ပုံဖိုင်များ)

Audio File (အသံဖိုင်များ)

Movie File (ရုပ်သံပါသောဖိုင်များ)

System File (အသုံးပြုထားသည့် စက်စနစ်ဖိုင်များ)

My Computer\Local Disk C:\Windows\System32 အောက်တွင်တွေ့ရှိနိုင်သည်။ ယင်းဖိုင်များကို မဖျက်မိရန်အရေးကြီးသည်။ ယင်းဖိုင်များအလုပ်လုပ်နေသော ကျွန်ုပ်တို့၏ လည်ပတ်နေခြင်းဖြစ်သည်။
Folder/File Directory (Folder သို့မဟုတ် File များတည်ရှိရာနေရာ)
အောက်ပါပုံအတိုင်း File တစ်ခုပေါ်သို့ cursor ချပြီး Properties ကိုနှိပ်ပါ ၎င်း၏တည်နေရာတွေ့မြင်ရမည်ဖြစ်သည်။

saiaunglin

ဆက်လက်ရန်.....