Showing posts with label သတင်းမှတ်စု. Show all posts
Showing posts with label သတင်းမှတ်စု. Show all posts

16 December 2011

တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့လုပ်ပိုင်ခွင့် ခုံရုံးလျှောက်ထားချက် အနိုင်ရ

2011-12-14
တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အဆောင်အယောင်တွေဟာ တိုင်းဒေသနဲ့ ပြည်နယ်ဝန်ကြီးတွေနဲ့ တန်းတူခံစားခွင့်ရှိရမယ်ဆိုတဲ့ လျှောက်ထားချက်ကို အခြေခံဥပဒေခုံရုံးက ဒီကနေ့ အနိုင်ပေးလိုက်ပါတယ်။

(Photo: AFP)
ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီဆုံးဖြတ်ချက်ဟာ တိုင်းရင်းသား တန်းတူညီမျှရေး လှုပ်ရှားနေသူတွေအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်စရာ ဆုံးဖြတ်ချက်လို့ အမျိုးသားလွှတ်တော်အမတ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။

ဆက်လက်ရန်.....

ရွှေညဝါဆရာတော်အား လူဝတ်လဲရန် သတင်းများ ထွက်ပေါ်

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟအား သံဃာ အဖွဲ့အစည်း၏ အဆုံးအမကို မနာခံသူဟု နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဆုံးဖြတ်ကြောင်းနှင့် လူဝတ်လဲရန်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။
နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့၏ ထိုဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပေးရန် ရွှေည၀ါ နာယက ဆရာတော်ကြီးများက ဦးဆောင်၍ လက်မှတ်ထိုး တင်ပြမည်ဟု သိရှိရသည်။

ဆက်လက်ရန်.....

15 December 2011

 BANGLADESH tribali protesta သက်အမျိုးသမီးများက သူတို့ အခွင့်အရေးအတွက် ယခုလို မကြာခဏ ဘင်္ဂလာဒေခ်ျ့တွင် ဆန္ဒပြတောင်းဆိုကြသည်။

ရခိုင်တွေက သက်ထောင်လို့ လူသိများတဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံက စစ်တကောင်းတောင်တန်း နယ် ရကန္တာမတီမှာ သက်လူမျိုး ဒေသခံတွေနဲ့ အခြေချ နေထိုင်ရန် ရောက်လာတဲ့ ဘင်္ဂလီတွေအကြား အဓိဂရုန်း ဖြစ်ပေါ်မယ့် အခြေအနေကြောင့် အရေးပေါ် ကာဗျူး ထုတ်ထားရတယ်လို့ သိရပါတယ်။အခုလို ကာဗျူး ထုတ်ထားရတာကတော့ ရကန္တာမတီ ခရိုင် Baghaichari နယ်ဒေသ တစ်ခုမှာ ဘင်္ဂလီ မော်တော်ဆိုင်ကယ် မောင်းသူ တစ်ဦးကို အမည်မသိသူတွေက သတ်သွားပြီးတဲ့ နောက်ပိုင်းမှာ အဲဒီ ဒေသမှာ အခြေချနေထိုင် နေကြတဲ့ ဘင်္ဂလီတွေက ဒေသခံ သက်လူမျိုးတွေကို တိုက်ခိုက်ရာကနေ ပြဿနာ စတင် ဖြစ်ပွားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်တာကြောင့် သက်လူမျိုး အသက် (၅၀) နှစ် အရွယ် စိန်ခေါင်မီလာဟာ သေဆုံးသွားခဲ့ပြီး တခြား အများအပြားလည်း ဒဏ်ရာ ရသွားခဲ့တယ်လို့ ပြောပါတယ်။

ဆက်လက်ရန်.....

10 December 2011

အမေရိကန်ရောက် မြန်မာများက BBC မှ အင်နာဂျုံးဝန်ချ တောင်းပန်ရန် ဆန္ဒပြ တောင်းဆို

မင်းဆက်ခိုင်
------------
အမေရိကန်ရောက် ရခိုင်လူမျိုးများအပါအဝင် တခြားမြန်မာနိုင်ငံသားများက ဘီဘီစီမှ သတင်းထောက် အန်နာဂျုံးရေးသားသော သတင်းနှင့် ဓာတ်ပုံအတွက် ၀န်ချတောင်းပန်ရန် နယူးယောက်မြို့ရှိ ဘီဘီစီ ရုံးရှေ့တွင် သွားရောက် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။


Arakanese-in-USAstage-protest-against-BBC
အဆိုပါဆန္ဒပြပွဲကို ရခိုင်အပါအဝင် တခြားတိုင်းရင်းသား ၁၅၀ ခန့်တက်ရောက်ခဲ့ကြပြီး နယူးယောက်မြို့ရှိ BBC Worldwide Americas ရှေ့တွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ရန်.....

ALP နှင့် ဗမာစစ်တပ် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်

မောင်ရမ္မာ
---------
ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်နှင့် ဗမာ တပ်တော်တို့ အကြား နိုဝင်္ဘာလ ၂၇ ရက်နေ့က ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ALP ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်မှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၏ လက်နက်ကိုင် တပ်မတော်ဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ နယ်စပ်ကို ခြေကုတ်ယူပြီး လူပ်ရှားနေသော တပ်ဖြစ်သည်။

ဆက်လက်ရန်.....

8 December 2011

ကုလားတန် ဖွံ့ဖြိုးရေးစီမံကိန်း သတင်းအားနည်းဟုဆို

နယူးဒေလီ(မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တည်ဆောက်နေသော ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း၏ သတင်းအချက်အလက် ရရှိမှု အားနည်းနေပြီး ဒေသခံတို့က စီမံကိန်းအပေါ် စိုးရိမ်မှုများ ရှိနေသည်ဟု ရခိုင်ကမ်းရိုးတန်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (RCA) ၏ ဒုဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေ က ပြောသည်။

“များသောအားဖြင့်က ဒီစီမံကိန်းအကြောင်းကို မကြားဘူးတာများတယ်။ တချို့ကလည်း စီမံကိန်းကြီးဖြစ်လာတော့ သူတို့ ထွက်ကုန်တွေ တိုက်ရိုက် တင်ပို့ရောင်းချနိုင်မယ်လို့ မြင်တာရှိသလို သာမန် ရွာသားတွေကတော့ သူတို့ ပုံမှန် လုပ်ကိုင်စားသောက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်မယ်ဆိုပြီး မြင်ကြပါတယ်။” ဟု ဦးမောင်မောင်သိန်းဖေက မဇ္ဈိမကို ပြောသည်။

ဆက်လက်ရန်.....

RNDP နှင့် USDP ပူးပေါင်း၍ ရခိုင်ပြည်နယ်နေ့ ကျင်းပမည်

မင်းဆက်ခိုင်
-------------
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP နှင့် ပြည်ခိုင်ဖြိုး ပါတီ USDP တို့ ပူးပေါင်းပြီး ယခုနှစ်တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ကို မောင်တောမြို့တွင် ပူးပေါင်း ကျင်းပကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

downtown-maungdow
ရခိုင်ပြည်နယ်နေ့မှာ ဒီဇင်္ဘာလ ၁၅ရက် နေ့ ဖြစ်ပြီး ဒီဇင်္ဘာလ ၁၄ ရက်နေ့မှ စတင်ကာ ၂ ရက်တိုင်တိုင် အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်သည်။

ဆက်လက်ရန်.....

ရန်ကုန်တွင် တိုင်းရင်းသားအရေး ဆွေးနွေးပွဲ ကျင်းပမည်

ချင်းမိုင်(မဇ္စျိမ) ။ ။ ငြိမ်းချမ်းရေးပုံရိပ် ကော်မတီမှ ဦးဆောင်၍ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများ ဆွေးနွေး အဖြေရှာရန် ပညာရှင်များကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့တွင် လာမည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့၌
ဆွေးနွေးပွဲကျင်းပရန် စီစဉ်ထားသည်ဟု ကော်မတီ၏ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောသည်။

“တိုင်းရင်းသားတွေ လိုလားနေတဲ့အရာက ဘာလဲဆိုတာ ပညာရှင်တွေ အားလုံးက ဝိုင်းပြီးဖလှယ်ပြီးတော့ အကောင်းဆုံး အဖြေတခု ရလာလိမ့်မယ်လို့ ယုံကြည်တယ်။”ဟု ဒေါ်ဘောက်ဂျာက ဆွေးနွေးပွဲ ရည်ရွယ်ချက်ကို
ပြောသည်။

ဆက်လက်ရန်.....

ကျောက်ဖြူ ဘောရဘာ ရွံ့မီးတောင် တတိယ အကြိမ်ပေါက်ကွဲ

ထွန်းထွန်း
----------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ရှိသော ဘောရဘာ ရွံ့မီးတောင်မှာ နိုဝင်္ဘာလ ၂၆ ရက်နေ့က ပေါက်ကွဲခဲ့ကြောင်း သတင်း ရရှိသည်။

Volcano_Rambree_island ကျောက်ဖြူမြို့နယ် နဂါးကြီး မီးတောင် ၂၀၀၈ ခုနှစ်က ပေါက်ကွဲနေစဉ် (ဓါတ်ပုံ - နိရဉ္စရာ)
အဆိုပါ မီးတောင်မှာ ဘောရဘာကျေးရွာနှင့် တမိုင်ခန့်အဝေးတွင် တည်ရှိပြီး ၁၉၉၀ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၀ ခုနှစ်က တစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယခု ပေါက်ကွဲမူမှာ တတိယ အကြိမ်ဖြစ်ပြီး အသံများ မြည်ဟီးကာ ရွံ့ရည်များကို မီးတောင်နုတ်ခမ်းမှ မူတ်ထုတ်ခဲ့သည်ဟု မျက်မြင် ရွာသားများက ပြောသည်။

မီးတောင် ပေါက်ကွဲရာကို သွားကြည့်ခဲ့သူ လူငယ် တစ်ဦးက ဘောရဘာ ရွာသားများကို ကိုးကားပြီး မီးတောင် ပေါက်ကွဲပုံကို ယခုလို ပြောသည်။

" ရွာသားတွေ ပြောတာက နိုဝင်္ဘာလ ၂၆ ရက်နေ့ နံနက် ၇နာရီမှာ စပေါက်ကွဲတယ်။ အသံတွေ မြည်ဟီးပြီး ရွံ့ရည်တွေကို တွင်းဝကနေ အမြင့်ပေ ၂၀ လောက်ထိ မူထုတ်ခဲ့တယ်လို့ ပြောပါတယ်။ ပေါက်ကွဲ သံကတော့ ၂ ကြိမ် ကြားရတယ်လို့ ပြောပါတယ်။ ဒုတိယ အကြိမ်ကတော့ မွန်းလွဲပိုင်း ပေါက်ကွဲ တာဖြစ်တယ်။ ရွံ့ရည်တွေက အမြင့် ၁၀ ပေထိ မြင့်တက်ခဲ့ပါတယ်။ ညနေ ၅ နာရီခန့်မှာ ငြိမ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။"

Mud-Volcano-Erupts-in-Arakan

ဘောရဘာ ရွံ့မီးတောင် ပေါက်ကွဲပြီးနောက် ရွံ့ရည်များ ဖုံးလွှမ်းသွားသည်ကို မြင်ရစဉ် ( ဓါတ်ပုံ- Weekly)
မီးတောင် ပေါက်ကွဲမူကြောင့် ရွံ့ရည်များက အနီးပတ်ဝန်းကျင်ရှိ နေရာ အတော်များများကို ဖုံးလွှမ်းသွားခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့ နယ်တွင် ရွံ့မီးတောင် အများအပြား တည်ရှိပြီး ၂၀၀၈ ခုနှစ် ဇန်န၀ါရီ လကလည်း စိုင်ခြုံ ကျေးရွာ အနီးရှိ နဂါးကြီး မီးတောင် မိနစ် ၂၀ ကြာ ပေါက်ကွဲခဲ့ပြီး ရွှံရည်များကို ပေ ၁၀၀ ခန့် အမြင့်ထိ မူတ်ထုတ် ခဲ့ကြောင်း သိရသည်။ မီးတောက် မီးလျှံမျာလည်း ပေ ၄၀၀ ခန့်မြင့်တက်ခဲ့ပြီး မီးတောင်ပေါက်ကွဲ မှုကြောင့် စပါးစိုက် လယ် (၂) ဧကထိ ချော်ရည် ဖုံးလွှမ်းကာ ပျက်စီး သွားခဲ့သည်။

အဆိုပါ နဂါးတောင် မီးတောင်သည် ၁၉၉၆ ခုနှစ်ကလည်း တစ်ကြိမ် ပေါက်ကွဲခဲ့ပြီး မီးတောင်မှ ချော်ရည်များ ပန်းထွက်လာကာ လယ်မြေ ဧက ၄၀ ကျော် ပျက်စီးစေခဲ့ကြောင်း သိရသည်။


--------------------------------
.: နိရဉ္စရာ.




ဆက်လက်ရန်.....

7 December 2011

နယူးယော့ခ်ဆန္ဒပြပွဲသို့ ဖိတ်ကြားလွှာ

ဆက်လက်ရန်.....

ဗမာ့တပ်မတော် ချစ်တီးကုလားလို လယ်သိမ်းပြီး သီးစားချမူ ရပ်တန့်ရန် ပြည်သူများ လိုလားနေ

ဗမာ့တပ်မတော်မှ တပ်မ၊ တပ်ရင်းများသည် ရခိုင်ပြည်နယ်တွင် ပြည်သူများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာသော လယ်များကို အကြောင်းအမျိုးမျိုးပြကာ သိမ်းယူပြီး လယ်သမားများကို သီးစားချနေမူ အပေါ် လယ်သမားများက ရပ်တန့်ရန် လိုလားနေကြကြောင်း သတင်း ရရှိသည်။
ထိုသို့ လိုလားနေရာတွင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာ အုပ်စုမှ တောင်သူ လယ်သမားများလည်း ပါဝင်သည်။

Confiscated-lands-signboard
" ဟုတ်ပါတယ်။ သူတို့က ကျွန်တော် ကျေးရွာ အုပ်စုက လယ်ဧက ၄၃၂ ကို သိမ်းယူပြီး လယ်သမားတွေကို သီးစားပြန်ချပါတယ်။ တစ်ဧကကို တနှစ် အတွက် စပါးတောင်း (၃၀) ပေးရပါတယ်။ အုပ်စု တစ်ခုလုံးက တနှစ်ကို စပါးတောင်းပေါင်း ၁၂၀၀၀ ကျော် အလိုလို ကျောက်တော် အခြေစိုက် တပ်မ ၉ ကိုပေးနေရပါတယ်။ ဒါကို သနားသက်ညှာသောအားဖြင့် ကင်းလွှတ်ခွင့်ပေးဖို့ ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်ဆီကို စာရေးပီး အသနားခံထားပါတယ်" ဟု ကျေးရွာ လူကြီး တစ်ဦးမှ ပြောသည်။

ယခုနှစ်အတွက် ကျောက်တော် အခြေစိုက် တပ်မ စကခ (၉) မှ စပါးကောက်ယူရန် မလာသေးမှီ အချိန်တွင် ထိုသို့ သမ္မတကြီးထံ စာရေး တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" သူတို့က နှစ်စဉ် ဒီလို ဒီဇင်္ဘာလနဲ့ ဇန္န၀ါရီဆိုရင် စပါး ကောက်ဖို့ လာပါတယ်။ ဒီနှစ်မှာလည်း စပါးတွေ လာယူဖို့ အတွက် စပါးတွေကို စုထားဖို့ ရွာသားတွေဆီကို အကြောင်းကြားစာ ရောက်နေပါတယ်။ သူတို့ မကြာခင် ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာ ဆင်းရဲလွန်းအားကြီးတဲ့ အတွက် စားဝတ်နေရေး အဆင်မပြေ၊ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီနှစ်က စပြီးတော့ စစ်တပ်က လာကောက်တဲ့ စပါးကို မပေးချင်တော့ပါဘူး" ဟု ပြောသည်။

ဗလိပေါက်တွင် ကျေးရွာသား အများစုမှာ တစ်နေ့ လုပ်မှ တစ်နေ့စားရသူ ဖြစ်ကြပြီး သားသမီးများကို မူလတန်း ပညာ အဆင့်ထိတောင် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း သိရသည်။

တခြား ကျေးရွာသားတစ်ဦးကလည်း မပေးဘဲနေရင် စစ်တပ်က ဖမ်းဆီးနိုင်ကြောင်း ယခုလို ပြောသည်။

" မပေးရင် ကျေးရွာသားတွေကို ဖမ်းဆီးနိုင်ပါတယ်။ အရင်နှစ်တွေကလည်း စပါး မပေးတဲ့သူတွေကို ခင်ဗျားတို့ကို ထောင်ချမယ်။ ဖမ်းမယ်။ ဆီးမယ်။ ဒီလို ခြိမ်းခြောက်ပါတယ်။ ဒီစပါးတွေက နိုင်ငံတော် အတွက် ကောက်တာ ဖြစ်တဲ့ အတွက် ခင်ဗျားတို့ ရွာသားတွေကို နိုင်ငံတော် ပုန်ကန်မူနဲ့ တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒီနှစ်မှာတော့ ရွာသားတွေက မပေးဘူးလို့ သဘောတူထားကြပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရမှာကိုတော့ တစ်ရွာသားလုံးက စိုးရိမ်နေကြပါတယ်" ဟု ပြောသည်။

ဗလိပေါက် ကျေးရွာသားများ အနေဖြင့် အဆိုပါ လယ်မြေများကို မဆလ အစိုးရ လက်ထက်က သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို ယူကာ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ခုတ်ထွင် ရှင်းလင်း ဖေါ်ထုတ်ထားသော လယ်မြေများ ဖြစ်ကြပြီး မြေစာရင်းဌာနတွင် စာရင်းဖေါက်၍ မရှိသဖြင့် စစ်တပ်က မြို့နယ် မယကများနှင့် ပူးပေါင်းကာ ၂၀၀၄ ခုနှစ်က သိမ်းယူသွားသော လယ်မြေများ ဖြစ်ကြကြောင်း သိရသည်။

" ရခိုင်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်တွေက အများကြီးရှိပါတယ်။ တချို့လယ်တွေက နယ်စွန် နယ်ဖျားတွေမှာဆိုတော့ ရွာသားတွေကလည်း ပညာ မတတ်တာနဲ့ မြေစာရင်း ဦးစီးဌာနမှ လပ ဖေါက်လို့ မရှိဘူး။ ဒါတွေကို စစ်တပ်က အကုန်သိမ်းတယ်။ နောက်လယ်တွေက စစ်တပ် တပ်ရင်း တည်ဆောက်ဖို့ အတွက် ဆိုပြီး တပ်ရင်း အနီးအနားက သိမ်းယူသွားတဲ့ လယ်တွေပါ။ ဒီသိမ်းယူသွားတဲ့ လယ်တွေကို စစ်တပ်ကနေပြီး အင်္ဂလိပ် ခေတ်က အိန္ဒိချစ်တီး ကုလားတွေလို လယ်သမားတွေကို ပြန်သီးစားချ ထားပါတယ်။ တနှစ် အတွက် တစ်ဧကကို တချို့ မြို့နယ်တွေမှာ ဆိုရင် ၂၅ တင်းယူတယ်။ တချို့ ဒေသတွေမှာဆိုရင် ၂၅ တောင်း ယူတယ်။ လယ်သမားတွေကလည်း ကြောက်တော့ တောင်းတာကို ပေးနေရပါတယ်" ဟု မင်းပြားမြို့နယ်မှ ကျောင်းဆရာ တစ်ဦးက ပြောသည်။

No-263-LIB
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ပါဒလိပ်ကျေးရွာ၊ ကြွီတဲကျေးရွာ၊ ချီလင်ပင်ရွာ၊ ငတောက်တက်ရွာ၊ ကျားမသောက်နှင့် ကြက်ကိုင်းတန်ကျေးရွာများမှ လယ်ဧက ၅၀၀၀ နီးပါးခန့်ကိုလည်း ပညာရေး (၁၀)၊ ခမရ ၂၃၂၊ ခမရ ၃၄၄ သိမ်းယူထားပြီး ရွာသားများကို ယခုလို သီးစားချကာ ဌားရမ်းထားကြောင်း သိရသည်။

ကျောက်တော်မြို့နယ်တွင်လည်း လယ်သမားများပိုင် လယ်ဧက သောင်းချီပြီး သိမ်းယူထားပြီး တဖန်ပြန်၍ လယ်သမားများကို သီးစားချ ဌားရမ်ထားကြောင်း ဒေသအတွင်းက လာသော သတင်များ အရ သိရသည်။

" ကျွန်တော်တို့ အပေါက်ဝ ကျေးရွာမှာ ဆိုရင် လယ်ဧက ၃၀၀ နီးပါးခန့်ကို ကျောက်တော် အခြေစိုက် ခမရ ၃၇၉ က သိမ်းယူပြီး တနှစ်အတွက် တဧကကို စပါးတင်း (၂၅) တင်းနုန်းနဲ့ လယ်သမားများကို ပြန်ဌားစားထားပါတယ်။ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် တလျောက်လုံးမှာ အသိမ်းခံထားရတဲ့ လယ်တွေက အများကြီးပါ" ဟု အပေါက်ဝ ကျေးရွာမှ လယ်သမား တစ်ဦးက ပြောသည်။

ဗြိတိသျှနယ်ချဲ့ခေတ်တွင် အိန္ဒိယ ချစ်တီးကုလားများက မြန်မာ လယ်သမားများကို ငွေထုတ်ချေးပြီး ပြန်လည် မပေးဆပ်နိုင်သောအခါ လယ်များကို သိမ်းယူပြီး လယ်သမားများကို သီးစား ပြန်ချခဲ့သော စနစ်မျိုးကို ဗမာ့ တပ်မတော်ကလည်း ရခိုင်ပြည်နယ်တွင် ပြန်လည် ကျင့်သုံးနေသဖြင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်နေပါသည်ဆိုသော မျိုးချစ် ဗမာ့ တပ်မတော် အပေါ် ရခိုင်ပြည်သူများက မေးခွန်းများ ထုတ်လျှက် ရှိကြောင်း သတင်းများ ရရှိသည်။



နိရဉ္စရာ

ဆက်လက်ရန်.....

20 November 2011

မြေပုံမြို့နယ် စိတ္တရ ရွာကြီးမီးလောင်၊ အိမ်ပေါင်း ၁၄၆ ဆောင် မီးထဲပါ

ဂီရိ မုန်တိုင်း ဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော ရခိုင်ပြည်နယ် မြေပုံမြို့နယ် စိတ္တရ ကျေးရွာတွင် ယနေ့ မီးလောင်မူ ဖြစ်ပွားရာ အိမ်ခြေပေါင်း ၁၄၆ ဆောင် မီးထဲ ပါသွားခဲ့သည်။

" မီးလောင်တာက နံနက် ၈ နာရီခွဲကနေ စလောင်တာ ဖြစ်ပါတယ်။ နေ့လည်း ၁ နာရီမှ မီးငြိမ်းသွားပါတယ်။ အိမ်ခြေပေါင်း ၁၄၆ ဆောင် မီးထဲပါသွားပါတယ်။ ဆုံးရှုံးမူကတော့ မခန့်မှန်းနိုင်သေးဘူး" ဟု ဒေသခံ ရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဆက်လက်ရန်.....

18 November 2011

နတ်မြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သော ရဟန်းတော် အသတ်ခံခဲ့ရဖွယ်ရှိ

မြန်မာ-ဘင်္ဂလာ နယ်စပ် နတ်မြစ်အတွင်းမှ ယမန်နေ့က အလောင်း ဆယ်ယူရရှိခဲ့သော ရဟန်းတော်မှာ အသတ် ခံခဲ့ရဖွယ်ရှိကြောင်း ရဲစစ်ချက်က ဖေါ်ပြသည်ဟု သိရသည်။


Dead-Body-of-Monk
ကော့ဘဇားမြို့ ရင်ခွဲရုံတွင် ရဟန်းတော် အလောင်းအား တွေ့ရစဉ် ( ဓါတ်ပုံ- နိရဉ္စရာ) 

ကော့ဘဇားမြို့ရှိ ရင်ခွဲရုံတွင် ထားသော ရဟန်းတော် အလောင်းကို ကိုယ်တိုင် သွားရောက်ကြည့်ရှု့ပြီး ဓါတ်ပုံရိုက်ခဲ့သူ နိရဉ္စရာ ကော့ဘဇား သတင်းထောက် ကိုထွန်းထွန်းမှ သူမြင်တွေ့ရသော အခြေအနေကို ယခုလို ပြောသည်။

ဆက်လက်ရန်.....

အသက် ၁၄ နှစ် ခုနှစ်တန်းကျောင်းသား စစ်သားအဖြစ် စုဆောင်းခံရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ အသက် ၁၄ နှစ် ခုနှစ်တန်းကျောင်းသား တစ်ဦးအား ပညာ သင်ကြားပေးမည်ဟု လိမ်လည် လှည့်ဖျားကာ စစ်တပ်မှ တပ်သားသစ် အဖြစ် စုဆောင်း သွားကြောင်း မိဖများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

burmese-army-camp-Arakan-state
လက်နက်ကိုင် ပတိပက္ခ မရှိသော ရခိုင်ပြည်နယ်တွင် စစ်တပ် တပ်ရင်း ၅၀ ကျော် အခြေစိုက်ထားသည်။ ( ဓါတ်ပုံ- နိရဉ္စရာ)
စစ်သားသစ် အဖြစ် စုဆောင်းခံရသူ လူငယ်မှာ မောင်ရဲငြိမ်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် သြရမ ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ရန်.....

ရခိုင်လူငယ် ၁၁ ယောက် အုပ်စုထဲမှ ကိုခိုင်ကျော်မိုးနှင့် ကိုဇော်ထွန်းနိုင် အင်းစိန်ထောင်မှ လွှတ်မြောက်လာ

Insein Prison

၂၀၀၉ ခုနှစ်က ဖမ်းဆီး ထောင်ချခံရသော ရခိုင်လူငယ် (၁၁) ဦးထဲမှ ခိုင်ကျော်မိုးနှင့် ဇော်ထွန်းနိုင် နှစ်တို့သည် ယနေ့ (နိုဝင်္ဘာလ ၁၈ ရက်) နံနက်က အင်းစိန်ထောင်ထဲမှ ထောင်ရက်စေ့သဖြင့် ပြန်လည် လွှတ်မြောက် လာခဲ့သည်။


ကိုခိုင်ကျော်မိုးက သူတို့ လွှတ်မြောက်လာကြောင်းကို ယခုလို နိရဉ္စရာသို့ ပြောသည်။

" ဒီကနေ့ နံနက်က ကျွန်တော်နဲ့ ဇော်ထွန်းနိုင်တို့ အင်းစိန်ထောင်က လွှတ်လာပါတယ်။ လွှတ်လာတာက ထောင်သက်တမ်းစေ့တဲ့ အတွက် လွှတ်လာတာ ဖြစ်ပါတယ်။"

ဆက်လက်ရန်.....

မောင်တောတွင် ကောလဟလ သတင်းများကြောင့် မတည်ငြိမ်မူဖြစ်

မြန်မာ နောက်ဘက်နယ်စပ် မောင်တောမြို့တွင် ကောလဟလ သတင်းများ ပျံ့နှံ့နေသဖြင့် မတည်ငြိမ်မူများ ဖြစ်ကာ မြို့ခံများ အကြား စိုးရိမ်နေကြကြောင်း သိရသည်။

Maungdaw Gate Arakan.
" မနေ့က ညဥ့် ၁၂ နာရီမှာ မွတ်ဆလင်တွေက စုရုံးပြီး မြို့ကို ဖြိုမယ်ဆိုတဲ့ သတင်းတွေ ထွက်လာ ပါတယ်။ ကညင်တန်းမှာ စုနေကြပြီ ဆိုပြီး သတင်းတွေ ထွက်လာတဲ့အတွက် ကျွန်မတို့ တရွာလုံး အိပ်ရာကထပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြပါတယ်။ ကာဗျူး ထုတ်တယ်လို့ ကြားရတယ်" ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ဆက်လက်ရန်.....