လက်တင်အမေရိကမှာလည်းဒီလိုရှိတယ် အကို...
7 December 2011
Only in Latin America....
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Wednesday, December 07, 2011ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
24 July 2011
မအောင်မြင်ခြင်းအကြောင်းအရင်းများ
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Sunday, July 24, 2011၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း
၂။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများ မတင့်တယ် မဖွယ် မရာ ရှိခြင်း။
၃။ အခြားသူများ၏ အရေးအခင်းများတွင် ၀င်ရောက် စွက်ဖက် တတ်သော ထူးဆန်းသည့်
အကျင့်ရှိခြင်း။
၎။ မိမိ အလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။
၅။ ကိုယ်တိုင် စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။
၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများ အပေါ် အရေးမစိုက်ခြင်း၊ စိတ်
ဝင်စားမှူ့ မထားခြင်း ။
၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော
ကြီးမြင့်စိတ် မရှိခြင်း။
၈။ ကျန်းမာရေးကို အလေးမထား ဂရုမစိုက်ခြင်း။
၉။ ငယ်စဉ် ဘ၀က ပတ်ဝန်းကျင်၏ မကောင်းမှူ့ အရှိန်အ၀ါများ ရိုက်ခတ်မှူ့ဒဏ်
ခံခဲ့ရခြင်း။
၁၀။ စတင်ထားသော အလုပ်ကိစ္စကို ပြီးဆုံးသည် အထိ လုပ်ကိုင်နိုင်သော ဇွဲမရှိခြင်း။
၁၁။ အဖျက်စိတ်ထားများ လက်ခံ ကျင့်သုံးနေခြင်း။
၁၂။ စိတ်ထိခိုက် လှူပ်ရှားမှူ့များအပေါ် ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။
၁၃။ မိမိက ဘာမျှ မပေးပဲ နှင့် သူတပါးထံမှ ရယူလိုသော ဆန္ဒ ထားရှိခြင်း။
၁၄။ ဆုံးဖြတ်နိုင်စွမ်း မရှိခြင်းနှင့် အရာရာကို တိကျမှူ့ မရှိခြင်း။
၁၅။ တစ်စုံ တစ်ခုကို ဖြစ်စေ၊ ထို့ထက် များများကို ဖြစ်စေ မလုပ်ရဲ
မကိုင်ရဲဘဲ အမြဲ ကြောက်ရွံ့စိတ် ရှိနေခြင်း။ ၇ မျိုး ၇ှိသည်။
(က) ဆင်းရဲ ပင်ပမ်းမည်ကို ကြောက်ရွံ့ခြင်း။
(ခ) ဝေဖန် ပြစ်တင် ခံရမည်ကို ကြောက်ရွံ့ခြင်း
(ဂ) မကျန်းမမာ ဖြစ်မည်ကို ကြောက်ရွံ့ခြင်း။
(ဃ) ချစ်ခင်မှူ့ များ ပျက်ပြားမည် ၊ ချစ်ခင်သူများ ဆုံးရှုံးမည်းကို
ကြောက်ရွံ့ခြင်း။
(င) အသက်ကြီးရင့် အိုမင်းမည်ကို ကြောက်ရွံ့ခြင်း။
(စ) လွတ်လပ်ခွင့် ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း။
(ဆ) သေရမည်ကို ကို ကြောက်ရွံ့ခြင်း တို့ ဖြစ်သည်။
၁၆။ အိမ်ထောင်ပြုရာတွင် အိမ်ထောင်ဖက် အရွေးမှားခြင်း။
၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။
၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။
၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။
၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊
စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။
ရသွီး
MMSACM မှ
ကူးယူထားသည်
ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
အောင်မြင်တိုးတက်ခြင်းအကြောင်းများ
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Sunday, July 24, 2011၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။
၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကို ဖြစ်စေသည်။
၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။ သင်၏ ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာ
မူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ် မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ပြောပါ။
ရင်သွီး....
MMSACM
မှ ကူးယးထားသည်
ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
နေ့စဉ်သုံးဖို့နည်းလမ်းတစ်ချို့
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Sunday, July 24, 2011(၁) လမ်းစကိုတွေ့ပြီဆိုရင် ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ် လျှောက်ရမှာ
မကြောက်တော့ဘူး။
(၂) သစ်ပင်၏ ဦးတည်ရာကို လေက အဆုံးအဖြတ်ပေး၏။ လူ၏ ဦးတည်ရာကို
ကိုယ့်ကိုယ်တိုင်က အဆုံးအဖြတ်ပေး၏။
(၃) ၀င်လေထွက်လေ ရှိနေသမျှ မျှော်လင့်ချက် ရှိနေဦးမည်။
(၄) အောင်မြင်ဖို့ရာ မလွယ်ကူပါ။ ထိုအောင်မြင်မှုကို ထိန်းသိမ်းရာ ပိုမလွယ်ကူပါ။
(၅) အသီးအပွင့်များဖြင့် ဝေဆာနေသော သစ်ပင်ကို လူတွေက ခဲနှင့် ပစ်ချချင်ကြသည်။
(၆) ဘ၀မြင့်ခြင်း၏ နောက်တွင် ကျဆုံးခြင်းရှိသည်။ စိတ်ကူးယဉ်သက်သက်၏
နောက်တွင် ဆုတ်ယုတ်ခြင်း ရှိသည်။ ခေါင်းငုံ့တတ်မှသာ
ခေါင်းကိုမတိုက်မိနိုင်။
(၇) ကိုယ့်ကိုဝေဖန်ခြင်းဖြင့် အခြားလူ၏ ယုံကြည်မှုကို ရရှိနိုင်သည်။
ကိုယ့်ဂုဏ်ကိုယ် ဖော်ခြင်းက မရနိုင်။
(၈) ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူကို လေးစားပါ။
(၉) သူ့နောက်ကွယ်မှာ သူ့ကောင်းကြောင်းကိုပဲ ပြောပါ။ အဲဒီစကား သူ့
နားဆီမရောက်ဘူး ဆိုတာ လုံးဝ စိတ်ချပါ။
(၁၀) တစ်စုံတစ်ယောက်က ကိုယ့်ကို တစ်ခြားလူ မကောင်းကြောင်း လာပြောတဲ့အခါပြုံးပဲနေပါ။
(၁၁) တကယ်လို့ ရုပ်ဆိုးနေတယ်ဆိုရင် ကိုယ့်ကိုတော်အောင် လုပ်ပါ။
မတော်ခဲ့ဘူးဆိုရင် အမြဲပြုံးနေပါ။ ရုပ်ကြောင့် လူကို မမုန်းနိုင်ပါဘူး။
(၁၂) စင်ပေါ်တက် သီချင်းဆိုသူတိုင်းကို လက်ခုပ်တီးပေးပါ။
(၁၃) အချို့ကိစ္စမှာ သိရက်နှင့် မေးသင့်သည်။ ဥပမာ.... လက်စွပ်လေးက
သိပ်တန်ဖိုးရှိမှာပဲနော်။ အချို့ကိစ္စမှာ မေးချင်သော်လည်း မမေးသင့်ပေ။
ဥပမာ.. အသက်ဘယ်လောက်ရှိပြီလဲ။
(၁၄) စကားများတော့ အမှားများသည်။ လူများသောနေရာတွင် စကားကို နည်းနည်းပဲ ပြောပါ။
(၁၅) "မ"သိဘူး၊ "မ"လုပ်ဘူး၊ "မ"ရဘူး၊ "မ"တတ်ဘူး ဆိုတဲ့ "မ"နေရာမှာ
"ကြိုးစားကြည့်မယ်" "သိပ်မသေချာဘူး" "အချိန်အနည်းငယ်ပေးပါ"
"ဆုံးဖြတ်ပြီးမှ အကြောင်းပြန်လိုက်မယ်" လို့ ပြောင်းသုံးကြည့်ပါ။
ရင်သွီး
MMSACM
မှ ယူးယူးထာူသည်
ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
17 July 2011
သွေးတွေကိုကြည့်ပြီး စိတ်တွေကိုခန့်မှန်းမယ်
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Sunday, July 17, 2011သွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို
ခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုးထဲက အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများကိုဖော်ပြပေးလိုက်ပါတယ်..အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..ငယ်စဉ်ဘ၀မှာတော့ သူတပါးကိုစဉ်းစားပေးတယ်ဆိုတာ သိပ်မရှိခဲ့ဘဲ ကိုယ်အတွက်ကိုသာစဉ်းစားတတ်ကြပါသတဲ့။။...
သူတပါးကိုနောက်ပြောင်ရတာကိုလဲ ကြိုက်နှစ်သက်ပါသတဲ့... ဒါပေမယ့် ကြီးပြင်းလာတာနဲ့
အမျှ ငယ်စဉ်ကစရိုက်သဘာဝများက တဖြည်းဖြည်း ပြောက်ကွယ်သွားပြီး သူများတကာတွေ အံ့အားသင့်လောက်အောင်အေးဆေးတည်ငြိမ်တဲ့သူ ဖြစ်လာပါတယ်တဲ့... အရွယ်ရောက်လာတဲ့ အခါမှာတော့ ကိုယ်လုပ်ရမည့်အရာအားလုံးကို တာဝန်သိစွာ လုပ်ကိုင်တတ်သူများ ဖြစ်လာပါတယ်တဲ့... တခါတလေ ပတ်ဝန်းကျင်အခြေအနေ မကောင်းတဲ့ အခါမှာ စိတ်လေလွင့်တတ်ပါတယ်တဲ့... အသစ်အဆန်းတွေကိုစမ်းသပ်လုပ်ကိုင်တာထက် ကျင့်သားရနေတဲ့ ပတ်ဝန်းကျင်မှာ အေးအေးချမ်းချမ်းကျင်လည်ရတာကိုနှစ်သက်သူများ ဖြစ်ကြပါတယ်... အလုပ်တစ်ခုကို လုပ်ပြီဆိုရင်လည်း
အလျင်လိုတာမျိုး မရှိဘဲ အဆင့်လိုက်အဆင့်လိုက် တဖြည်းဖြည်းချင်း ဖြေရှင်းတတ်တဲ့ စတိုင်လ် ပါ... သပ်သပ်ရပ်ရပ်စေ့စေ့စပ်စပ်နဲ့အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်တတ်သူများပါ... နေ့စဉ်နေ့တိုင်း
လုပ်နေကြ အလုပ်တွေကိုပဲ လုပ်နေတတ်လို့ အသစ်အဆန်းကို မရှိဘူးလို့ အပြောခံရတာကိုလည်း
ခံရတတ်ပါတယ်... ဒါ့အပြင် ဘယ်လို အခြေအနေမျိုး မဆို ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ အတွေးဟာ ပြတ်သားလွန်းတာကြောင့် မာဆတ်ဆတ်နိုင်တယ်... ဘုကြတယ် ဆိုပြီး အပြောခံရတာမျိုးလည်း ရှိနိုင်ပါတယ်...
အေသွေးပိုင်ရှင်များရဲ့ သူများနဲ့ မတူ ထူးခြားချက်ကတော့ တနေ့တာအတွင်း
ပေါ်ပေါက် ရင်ဆိုင်ရတဲ့ အလုပ် မှန်သမျှကို စနစ်တကျ ဆောင်ရွက်တတ်ပေမယ့် စိတ်ရှုတ်လွယ်တဲ့
လူမျိုးတွေပါတဲ့... ကိုယ်နဲ့ ဆက်ဆံနေတဲ့ လူတွေကို နွေးနွေးထွေးထွေး ဆက်ဆံတတ်ပြီး သူတပါကို
ပျော်ရွှင်မှုပေးချင်ကြသူများ ဖြစ်ပါတယ်...
တခါတလေမှာတော့ သူများကို မယုံမကြည် ဖြစ်တတ်လို့ ကိုယ့်အကြောင်းတွေကို ဘယ်သူ့ကိုမှ
မပြောဘဲလည်း နေတတ်ပါသတဲ့... ဒီလို မယုံကြည်တတ်တဲ့ သဘောထားကြောင့် လူတွေနဲ့
ဆက်ဆံတဲ့အခါမှာ ကန့်လန့်ကာ တစ်ချပ်ချထားပြီး ဆက်ဆံတတ်ကြပါတယ်တဲ့... ဒီသဘာဝလေးကတော့
သူတို့ရဲ့ မကောင်းတဲ့ အကျင့်လေး တစ်ခုပါတဲ့... ဘ၀ရဲ့ အနှစ်သာရကို
တစ်နေရာမှာဘဲ မရှာဘဲ အားလပ်ရက်ကိုလည်း ခုံမင်တတ်ပါတယ်တဲ့... အားလပ်တဲ့ အခါမှာ လျှောက်လည်ရတာကိုလည်း နှစ်သက်သလို လျှောက်လည်လို့ ကုန်ကျတဲ့ စရိတ်ကိုလည်း မနှမျောပါဘူးတဲ့...တစ်ယောက်တည်း သီးသန့် ကမ္ဘာလေးကို တည်ဆောက်ချင်သူများ ဖြစ်ပါတယ်... အထက်လူကြီးရဲ့အဆူခံရတာမျိုးကို ခံပြီးပြီဆိုရင် မေ့လို့ မရဘဲ စိတ်ထဲမှာ သိမ်းထားတတ်တာကြောင့် စိတ်ဖိစီးမှုများရှိနေတတ်ပါတယ်...ဒေါသထွက်တဲ့အခါမှာလည်း ဒေါသကို ဖော်ပြလေ့မရှိတာကြောင့် စိတ်ဖိစီးမှုပိုများတာ ဖြစ်ပါတယ်...စိတ်ဖိစီးမှုတွေများနေတာကြောင့် စိတ်ဓါတ်ကျနေရတဲ့ နေရက်တွေလည်း
ရှိတတ်ပါတယ်တဲ့... ဒါကြောင့်မို့ စိတ်ထဲက မကြေနပ်ချက်လေးတွေကို တခါတလေ ဖော်ပြဘို့ လိုပါတယ်..
အေသွေးယောင်္ကျားနဲ့ အေသွေးမိန်းမရဲ့ လိုက်ဖက်ညီ သဘောတွေ့နိုင်တဲ့
ရာခိုင်နှုန်းကတော့ ၇၀% ဖြစ်ပါတယ်။ ပထမဆုံး စတွေ့တဲ့ အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် သဘော မတွေ့မှုလေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် နားလည်မှု
ရသွားပြီဆိုရင်တော့ ခွဲထားလို့ကို မရလောက်အောင် ရင်းနှီးသွားတတ်ပါတယ်။
.အကြိုက်ကလည်း တူသလို သူများတွေအမြင်မှာလည်း အဆင်ပြေတဲ့ အတွဲလို့ မြင်စေပါတယ်။ အကယ်၍ ချစ်ခင်စုံမက်လို့ လက်ထပ်ချင်တာကို မိဘတွေက သဘောမတူတာမျိုး ရှိခဲ့မယ်ဆိုရင် တောထဲ တောင်ထဲက ဘုန်းကြီးကျောင်းသွားပြီး နှစ်ယောက်ထဲ လက်ထပ်ရဲတဲ့ စိတ်ဓါတ်လည်း ရှိကြပါတယ်။
အေသွေးအချင်းချင်းရဲ့ တွေ့ဆုံခြင်းကတော့ စိတ်အချရဆုံးနဲ့နှစ်ဦးခြားမှာ ရှိတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကြာရှည်ထိမ်းထားနိုင်ပါတယ်။ တစ်ခုပဲ သတိထားစရာ လိုပါတယ်။ တစ်ယောက်ရဲ့ အကြောင်းကို တစ်ယောက်က စပ်စုလွန်းလို့ မကြေနပ်မှုလေးတွေ ဖြစ်နိုင်လို့ပါပဲ။အေးသွေးပိုင်ရှင် မိန်းကလေးတွေကတော့ တစ်ခါ ချစ်ပြီဆိုရင် ဘယ်တော့မှမပြောင်းလဲတတ်တဲ့ စတိုင်လ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အေသွေးပိုင်ရှင်အချင်းချင်း ချစ်မိပြီဆိုရင်တော့ သန့်ရှင်းဖြူစင်တဲ့ အချစ်ကို ရမှာ အသေချာပါဘဲ။
အေးသွေးနဲ့ ဘီသွေးတွေ့ပြီဆိုရင်တော့ တစ်ဘက်သတ် အချစ်က ပိုများပါတယ်။ အကယ်၍ အေသွေး
ယောင်္ကျားက ဘီသွေးမိန်းမကို ဇနီးအနေရဲ့ ရထားတယ်ဆိုရင်တော့ အဲဒီ့ ယောင်္ကျားဟာ အမြဲတမ်း
စိတ်အပူအပင်မရှိဘဲ နေထိုင်သွားလို့ ရပါတယ်။ အကယ်၍ ယောင်္ကျားက
ဘီသွေးဆိုရင်တော့ ဇနီးသည်ကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်ပြီး အားလုံးကို
နားလည်ပေးနိုင်ပါတယ်။ အေသွေး ယောင်္ကျားများကို ကြည့်ရင် အမြဲတမ်းလိုလို တွေ့နိုင်တဲ့ အေးစက်တည်ငြိမ်မှု အတွေးနက်နဲတဲ့ ပုံစံတွေကအမြဲတမ်း ပျာယာခတ်နေတတ်တဲ့ ဘီသွေး မိန်းကလေးများရဲ့ စိတ်ကိုညှို့ယူနိုင်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမှုကတော့ ၂၅%ပဲ ရှိပါတယ်။
အကျင့်ကို ပေါင်းစပ်လိုက်ရင်တော့ တော်တော်ကို လိုက်ဖက်ညီတဲ့ အတွဲလေး ဖြစ်သွားနိုင်ပါတယ်။
ဒါပေမယ့် တခါတလေမှာတော့ အိုသွေးများရင့် ပွင့်လင်းမှု၊ တက်ကြွမှုတွေက အေသွေးများရဲ့ အရောင်ကို
ဖုံးသွားတတ်တဲ့ အခါလည်း ရှိပါတယ်။ အေသွေးများ ပိုပြီး သဘောထားကြီးဘို့တော့ လိုပါတယ်။ တခါတလေမှာ အေသွေးပိုင်ရှင်များက အိုသွေးပိုင်ရှင် လက်တွဲဖော်ကို အရမ်း သွက်လက်လွန်းတယ်လို့
ထင်တတ်ကြပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး အေးစက်နေတာထက်စာရင် ဒီလို အတွဲလေးက ပိုပြီး
သင့်တော်ပါတယ်တဲ့။
အမြဲတမ်း အံ့သြစရာတွေနဲ့ ထူးဆန်းစရာတွေနဲ့ ပြည့်နေတတ်တဲ့
အေဘီသွေးပိုင်ရှင်မိန်းကလေးတွေက အေသွေးပိုင်ရှင် ယောင်္ကျားလေးများရဲ့ စိတ်ကို ပိုပြီးလွယ်လွယ်နဲ့
ချဉ်းကပ်နိုင်သူများ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများရဲ့ အမြင်မှာ အေသွေး ယောင်္ကျားလေးများဟာယုံကြည်စရာကောင်းပြီး သဘောကောင်းတယ်လို့ မြင်နေလို့ပါပဲ။ အေဘီသွေးရဲ့ထူးခြား ဆန်းကြယ်မှုကို အေသွေးပိုင်ရှင်များက နားလည် လက်ခံနိုင်တာကြောင့် အချင်းချင်း ရင်းနှီးမှုပိုများတတ်ပါတယ်။ တခါတလေမှာတော့ မီးနဲ့ တူတဲ့ အချစ်နဲ့ တွေ့ရတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်မိန်းကလေးများက အေးဆေးပြီး ပုံမှန်နေတတ်တဲ့ ယောင်္ကျားများထက် ခေတ်ဆန်ပြီး သတ်သတ်ရပ်ရပ်ထက်ထက်မျက်မျက် ရှိတဲ့ ယောင်္ကျားမျိုးကို ပိုပြီး နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း
ဒီလို အချက်တွေကို ပိုင်ဆိုင်ထားတဲ့ အေသွေးပိုင်ရှင်များနဲ့ ပိုပြီး ရင်းနှီးနိုင်တဲ့ အခြေအနေကများတာပါတဲ့။
ဒါပေမယ့်လည်း လိုက်ဖက်မှု ရာခိုင်နှုန်းကတော့ ၅၀%ပါ။
ဘီသွေးပိုင်ရှင်များကတော့ အရမ်းငယ်စဉ်မှာတော့ သွက်လက်ဖျက်လတ်ပြီး တက်တက်ကြွကြွနဲ့
လှုပ်ရှုားတတ်ပေမယ့် ကျောင်းစတတ်တဲ့ အရွယ်လောက်ကစပြီး ပတ်ဝန်းကျင်က လူတွေနဲ့
လိုက်လျောညီထွေအောင် မနေတတ်ဘဲ လေလွင့်နေတတ်ပြန်ပါသတဲ့... ဒါပေမယ့်
ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီ ဆိုရင်တော့ အားလုံးထက် ပိုပြီး ကြိုးကြိုးစားစားနေတတ်ကြတဲ့ သူများဖြစ်လို့
ရှုံးနိမ့်မှုကို မကြောက်ဘဲ မပြတ်သော ဇွဲလုံ့လနဲ့သာ ဆက်လက်ပြီးကြိုးစားပါ..ကိုယ်သဘောကျတဲ့ အလုပ်တစ်ခုတည်းမှာဘဲ အာရုံအားလုံးကို နှစ်မြုပ်ထားတတ်တဲ့ စတိုင်လ်ဖြစ်ပါတယ်...
ဒါပေမယ့်
ပတ်ဝန်းကျင် အခြေအနေက မပေးခဲ့ဘူးဆိုရင်တော့ သိပ်မကြိုးစားတတ်ကြပါဘူးတဲ့...
ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ဘီသွေးပိုင်ရှင်များဟာ သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ဆက်ဆံရတာမျိုးကို မနှစ်သက်ကြပါဘူး... ကိုယ်နဲ့ သိပ် မခင်လှတဲ့ မိတ်ဆွေတွေနဲ့ အတူရှိတဲ့ အချိန်မှာတော့ ဟန်မပျက် အလိုက်တသင့် နေတတ်ကြသူများလည်း ဖြစ်ပါတယ်...
မျက်နှာခွဲခြားတတ်ပြီးတော့ တခြားသူတွေရဲ့ ရှေ့မှာ လူတတ်လုပ်ရတာမျိုးကိုလည်းမနှစ်သက်တတ်ကြပါဘူး... ဘီသွေးပိုင်ရှင်များဟာ ပုံစံခွက်ထဲမှာ
ချုပ်နှောင်ခံရတာမျိုးကို မုန်းပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရတာကို နှစ်သက်ကြပါတယ်တဲ့... ဒါပေမယ့် သတိပြုစရာ တစ်ခုကတော့ လွတ်လပ်မှုကိုဘဲ အစဉ် တောင့်တနေခြင်းကြောင့် ပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးတတ်တယ်ဆိုတာကိုပါဘဲ...
ဘီသွေးပိုင်ရှင်များရဲ့ သူများနဲ့မတူ တမူထူးခြားနေတာကတော့ လွတ်လပ်စွာတွးခေါ်တတ်တဲ့အပြင် သူတပါးကို မှီခိုအားကိုနေရတာမျိုးကို မနှစ်သက်ကြပါဘူး...ကိုယ်အားကိုကိုးပြီး အလုပ်အားလုံးကို ဆောင်ရွက်ချင်ကြပါတယ်... အလုပ်တစ်ခုကို လုပ်နေစဉ်မှာတောင်တခြားအလုပ်တစ်ခုကို တပြိုင်တည်း ဆောင်ရွက်တတ်သူများလည်း ဖြစ်ပါတယ်...စည်းမျဉ်းစည်းကမ်းတွေကို သိပ် ဂရုမစိုက်တတ်လို့ ကိုယ့်ထက်အငယ်တွေရဲ့ ချစ်ခင်မှုကို ခံရတတ်ပေမယ့် လူကြီးတွေဆီကတော့ ဆူပူကြိမ်းမောင်းတာကိုခံရတတ်ပါတယ်...
တခါ ဒေါသထွက်ပြီဆိုရင်လည်း အဖြူအမည်းမခွဲခြားနိုင်လောက်အောင်ပါဘဲတဲ့...ဒေါသပြေတဲ့ အခါမှ အခြေအနေတွေကို ပြန်ရှင်းပြပြီး နားလည်မှုကို ယူတတ်ကြတဲ့စတိုင်လ်မျိုးပါတဲ့...အမှားတစ်ခုကို လုပ်မိတယ် ဆိုရင်လည်း ကိုယ်လုပ်တဲ့ အမှားအတွက်တောင်းပန်ဘို့ ၀န်မလေးသူများလည်း ဖြစ်ပါတယ်...တနည်းအားဖြင့် အတွင်းစိတ်ထား ပွင့်လင်းသူများ ဖြစ်ကြလို့အထင်အလွဲခံရတာတို့ ရန်ညှိးတို့ မရှိတဲ့ သွေးပိုင်ရှင်များ ဖြစ်ပါတယ်။
ရှက်တတ်တဲ့ မိန်းကလေးမျိုးတွေကို ဘီသွေးယောင်္ကျားလေးများက နှစ်သက်ကြပါတယ်တဲ့။ ဘီသွေး
ယောင်္ကျားလေးများရဲ့ သွက်လက်ဖျတ်လတ်မှုနဲ့ အေသွေးမိန်းကလေးများရဲ့ နူးညံ့မှုကို
ပေါင်းစပ်လိုက်ရင်တော့ အရောင်လင်းလက်တဲ့ ချစ်သူတွေ ဖြစ်နိုင်ပါတယ်။အထူးသဖြင့် နှစ်ယောက်တည်း ရှိနေမယ်ဆိုရင်တော့ ပိုပြီး ရင်းနှီးနိုင်ပါတယ်။ .ဒါပေမယ့် လိုက်ဖက်မှုကတော့ ၂၀%ပါ။
ဘီ-ဘီ (၆၅%)
ဘီသွေးယောင်္ကျားလေးနဲ့ ဘီသွေးမိန်းကလေး တွေ့ကြပြီ ဆိုရင်တော့ အချင်းချင်း
နားလည်မှုရှိပြီးလိုက်ဖက်ပါတယ်တဲ့။ ဒီစုံတွဲကတော့ အချင်းချင်း ပျော်ရွှင်တဲ့
သူငယ်ချင်းအနေနဲ့ သော်လည်းကောင်း၊လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချစ်သူအချင်းချင်း
မပြောလောက်ဘူးလို့ ထင်နိုင်တဲ့စကားကြမ်းကြမ်းတွေကို ပြောနေတတ်တဲ့ စုံတွဲတွေကို တွေ့ရင် ဘီသွေးစုံတွဲဖြစ်တာက များပါတယ်တဲ့။
ဘေးမှာရှိနေတဲ့ လူတွေက ဒီစုံတွဲကို ကြည့်ပြီး ရန်ဖြစ်တော့မယ်လို့စိုးရိမ်ရလောက်တဲ့ အထိပါပဲ။
ဘီသွေးပိုင်ရှင်များက လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ်လုပ်ချင်တာကိုလုပ်နေတတ်တဲ့ အတွက် ဒီအတွဲ
အဆင်ပြေဘို့ကတော့ တော်တော်ခက်ပါတယ်။ ရန်ဖြစ်ရင်းနဲ့ သံယောစဉ်ဖြစ်သွားနိုင်သလို အချင်းချင်း
စိတ်ဆင်းရဲမှုတွေ ပေးပြီး ပြီးသွားတတ်တဲ့ အခါတွေလည်း ရှိပါတယ်တဲ့။ဘီ-အို (၈၀%) အခန့်
တခါတလေတော့ ပြဿနာ အကြီးကြီး ဖြစ်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းမှုလည်း
သိပ်မရှိပါဘူး။ ဒါပေမယ့် ဘီသွေးယောင်္ကျားလေးများရဲ့ တက်ကြွမှုနဲ့အိုသွေးမိန်းကလေးများရဲ့ လှုပ်ရှားမှုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ပါတယ်။
.
ဒါပေမယ့် အမြဲတမ်း တစ်ခုခုကို စိတ်ပူနေရတတ်ပါတယ်။ ဒီစုံတွဲရဲ့တူညီချက်ကတော့ အမြဲတမ်း ပွဲလမ်းသဘင်ကို သွားဘို့ စိတ်လှုပ်ရှားနေသလိုမျိုး အမြဲတမ်းစိတ်လှုပ်ရှားနေတယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီစုံတွဲ တွေ့ကြပြီဆိုရင်တော့ ကမ္ဘာမြေကြီး ပေါ်မှာ ရှိတဲ့ပူပင်သောကမှန်သမျှကို မေ့ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ အခြေအနေကို ဖန်တီးတတ်ကြပါတယ်။ တစ်ယောက်ကများ အကြံတစ်ခုလောက် ပေးလိုက်ပြီဆိုရင်နောက်တစ်ယောက်က လက်ဝါးရိုက် လက်ခံတတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။
ဆန့်ကျင်ဘက် အဆုံးစွန် နှစ်ခု တွေ့ကြတာပါပဲ။ အချင်းချင်း လုံးဝကို မတူတဲ့ အတွက်
ပတ်ဝန်းကျင်ကလူတွေက အဆင်မပြေလောက်ဘူးလို့ ထင်ကြပေမယ့် တကယ်တော့ အရမ်းကို
အဆင်ပြေပြီး အချင်းချင်း နားလည်တတ်တဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချင်းချင်း
ပေါင်းစပ်လုပ်ကိုင်နိုင်တဲ့ စွမ်းရည်လည်း မြင့်မားပြီး သူများတွေအမြင်မှာ ကြက်သီးထလောက်အောင်
ကဲကြသဲကြတဲ့ အတွဲလည်း ဖြစ်ပါတယ်။ မြေအောက်ရထားစီတဲ့အခါမှာပဲ ဖြစ်ဖြစ် ဘတ်စ် စီးတဲ့အခါမှာပဲ
ဖြစ်ဖြစ် တပူးကပ်ကပ်နဲ့ နေတဲ့ အတွဲတွေက ဒီလို ဘီ-အေဘီသွေးပိုင်ရှင်များ ဖြစ်တတ်ကြပါတယ်။
ဘီသွေး ယောင်္ကျားလေးများကတော့ အေဘီသွေးပိုင်ရှင် မိန်းကလေးများနဲ့ အတူတူ ရှိတဲ့အခါမှာ
အမြဲတမ်း ပျော်ရွှင်နေတတ်ပါတယ်။ကိုယ်ကိုယ်တိုင်က ကြင်ကြင်နာနာနဲ့ မဆက်ဆံတတ်ပေမယ့် ချစ်သူလုပ်တဲ့ မိန်းကလေးကချွဲနွဲ့လိုက်ရင်တော့ ကြင်ကြင်နာနာပြန် ဆက်ဆံတတ်ကြတယ်။ အေဘီသွေးပိုင်ရှင်မိန်းကလေးတွေကတော့ အရမ်း ကြင်နာဖွဲ့နွဲ့ လွန်းတဲ့ ယောင်္ကျားများ၊
မနားမနေ စကားပြောတတ်တဲ့ ယောင်္ကျားများကိုသိပ်မကြိုက်လှပါဘူး။ ကိုယ်တိုင်ကသာ ယောင်္ကျားလုပ်သူကို စကားအဆက်မပြတ်ပြောချင်တတ်ပေမယ့် တဘက်သားက ပူညံပူညံ
လုပ်တာကိုတော့ မကြိုက်ကြပါဘူးတဲ့။ ဒါပေမယ့် ဒီအတွဲက ဖြစ်နိုင်စွမ်းအများဆုံးပါပဲ။
အိုသွေးပိုင်ရှင်များအကြောင်း အခန့်ဒီတစ်ခါ အိုသွေးပိုင်ရှင်များ အကြောင်း တင်ပြသွားမှာဖြစ်ပါတယ်...
အိုသွေးပိုင်ရှင်များကတော့ စရိုက်သဘာဝက ထူးခြားပါတယ်...အိုသွေးပိုင်ရှင်များကတော့ အိမ်မှာတော့ ပြဿနာရှာတတ်ကြပေမယ့်သူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်တတ်ပြီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများဖြစ်ကြပါတယ်.။
.
အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်တတ်သူများဖြစ်ကြပါတယ်... အလုပ်အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစားဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်... လုပ်ငန်းခွင်ကို ရောက်ပြီဆိုရင်လည်း သူတပါးကိုစာနာထောက်ထားတတ်ကြပါသတဲ့... အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပြီဆိုရင်တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပြီဆိုရင်တော့
အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့...
အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလိုအခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့... ရလဒ်ကိုဘဲဦးစားပေးသူများလို့လည်း ဆိုနိုင်ပါသတဲ့... အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင်plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့...ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကိုပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်... ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့အနုပညာလောကကို ခြေချမယ်ဆိုရင်လည်း
အောင်မြင်နိုင်တဲ့သူများ ဖြစ်ပါတယ်တဲ့.... ဒါပေမယ့် ကိုယ်ရဲ့အတွေးအမြင်ကသာ အမှန်ဖြစ်တယ်ဆိုတဲ့
ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလိုဖြစ်နေတတ်ပါတယ်...
အပန်းဖြေတာတို့ ၀ါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး...
အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း
ဖြစ်ပါတယ်...တခါတလေမှာတော့ Romantic ဆန်တာလေးတွေကိုလည်း ကြိုက်နှစ်သက်ကြပါတယ်တဲ့...
အိုသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူးတဲ့...လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့
ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား
ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့... ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်...အိုသွေးပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး
အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့...
တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို
ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့... ဒါပေမယ့် အားလုံး ပြီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ
ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ..
မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့
သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင်မိန်းကလေးများကတော့ အိုသွေးပိုင်ရှင်
ယောင်္ကျားလေးများကို အိုအေစစ်လို အေးမြစေချင်ကြပါတယ်တဲ့။
.
အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။မိတ်ဆွေအဆင့်ဆိုရင်တော့အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမိုဖြစ်စေပါတယ်။ အချင်းချင်းနောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။
မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်တဲ့။ အမြဲတမ်း
ဘီသွေးမိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်းမခန့်မှန်းနိုင်လောက်အောင်ပါတဲ့။ စိတ်ကတော့ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့အဆင်မပြေတာချည်းပါပဲ။
ဒါပေမယ့်မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့
ယောင်္ကျားတစ်ယောက်လို့ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာလုပ်မယ်ဆိုရင်တော့ပိုပြီးချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကိုတည်ချင်တဲ့စိတ်ဓါတ်တွေအားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့အိုသွေးပိုင်ရှင်ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့
မိန်းကလေးမျိုးကို လိုလားသလိုအိုသွေးမိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို
လိုလားပါတယ်တဲ့။ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။
မိန်းကလေးကြားမှာမပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင်
ရင်းနှီးနိုင်ပါတယ်တဲ့။ အချင်းချင်းယောင်္ကျားမိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။လမ်းမှာ သူတောင်းစားများတွေ့ရင် ဒီတိုင်းမသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ်လို့ဆိုလိုလို့ရပါတယ်။ အိုသွေးအချင်းချင်း အားလုံးအိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့အဲဒီလို မဟုတ်ပါဘူး။လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀%ပါ။
အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့
အကျင့်လေးတွေကြောင့် စိတ်အခန့်မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ
သံယောစဉ်တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား
ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်းနေရတတ်ပါတယ်။
ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။
အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်...
အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီးမထူးခြားလှတဲ့ စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...
မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို
ကွက်ကျော်မြင်တတ်လို့အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့...
.ကိုယ့်ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေတယ် ဆိုတာကိုလျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်...ဒါကြောင့်မို့ ပတ်ဝန်းကျင်က လူတွေကအေဘီသွေးပိုင်ရှင်များကို စကားနည်းပြီး ဘုကျကျနိုင်လိုက်တာလို့ အပြောခံရတာမျိုးလည်းကြုံရတတ်ပါတယ်...
ဒါပေမယ့် ကြီးပြင်းလာတာနဲ့ အမျှ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေအောင်နေတတ်လာပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်ပြေပြစ်လာပါတယ်တဲ့... အစပိုင်းမှာတော့အလုပ်တစ်ခုကို ကြာရှည်လုပ်နိုင်တဲ့ ဇွဲ နည်းပါးတာကြောင့် အလုပ်တစ်ခုကိုလုပ်တဲ့ အခါမှာ မြန်မြန်ပင်ပန်းအားလျော့ လွယ်ပါတယ်တဲ့... ဒါပေမယ့်လည်း ၀ီရိယစိုက်ပြီးကြိုးစားနေတဲ့ ကိုယ်ကိုတိုင်ရဲ့ ပုံစံကိုနှစ်သက်သူများ ဖြစ်လို့ ဘယ်အရာကိုမဆို လုပ်လိုစိတ် ပြင်းထန်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွနဲ့လုပ်ဆောင်တတ်ပါတယ်တဲ့...လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာလည်း အပြောအဆိုကို အတတ်နိုင်ဆုံးသတိထားတတ်ပြီး လုပ်ငန်းခွင်မှဆိုရင်လည်း အမှားမလုပ်မိအောင် သတိထားလုပ်ကိုင်တတ်သူများဖြစ်ပါတယ်... လူတစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးလာတာတောင်မှ အဲဒီလူနဲ့ကိုယ့်ရဲ့ ကြားမှာအတားအဆီး တစ်ခုကို ထားပြီးဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါကတော့ သူတပါးအပေါ်မှာအမှားလုပ်မိမှာကို စိုးရိမ်တတ်တဲ့ အေဘီသွေးပိုင်ရှင်များရဲ့
အသေးစိတ်လှတဲ့ အတွေများကြောင့်ဘဲဖြစ်ပါတယ်...ဒါ့ပြင် အေဘီသွေးပိုင်ရှင်များဟာ တစ်ယောက်တည်းကိုဘဲ ခင်တတ်တဲ့အကျင့်လည်းမရှိပါဘူးတဲ့... အလုပ်အများကြီးကို တစ်ပြိုင်နက်တည်း
လုပ်ကိုင်နိုင်စွမ်းရှိသူများ ဖြစ်သလိုအရာအားလုံးကို လက်တွေ့ကျကျ တွေးခေါ်ဆင်ချင်တတ်သူများလည်း ဖြစ်ပါတယ်... အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ချင်တတ်သူများ
ဖြစ်ပါတယ်တဲ့... မိဘဆွေမျိုးသူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ လူသားအားလုံးကို တန်းတူညီတူဆက်ဆံတတ်သူများလည်းဖြစ်ပါတယ်... ဒါပေမယ့် တဘက်မှာလည်း အမြဲတမ်း ငွေရေးကြေးရေးကို စိတ်ပူနေတာကြောင့်ပိုက်ဆံရှာနိုင်မယ့် အခြေအနေများကို အပူတပြင်း ရှာဖွေနေတတ်ပါတယ်တဲ့...အေဘီသွေးပိုင်ရှင်များကကိုယ့်ရဲ့ ခံစားချက်ကို မျက်နှာမှာ မဖော်ပြတတ်သူများ ဖြစ်သလိုတော်ရုံတန်ရုံနဲ့ ဒေါသလည်းမထွက်တတ်ပါဘူးတဲ့...ကိုယ့်ကို သစ္စာဖောက်သွားတဲ့သူကိုတော့ သေချာမှတ်ထားပြီး ကလဲ့စားခြေတတ်တဲ့စရိုက်သဘာဝကို ပိုင်ဆိုင်သူများ ဖြစ်ပါတယ်... တခါတလေတော့ နူးညံ့တဲ့စိတ်နေစိတ်ထားကိုအေဘီသွေးပိုင်ရှင်များရဲ့ မျက်နှာမှာ မြင်နိုင်သလို တခါတလေမှာတော့ ခက်ထန်မှုတွေကိုသာမြင်ရတတ်ပါတယ်.... ဒါတွေအားလုံးကတော့ အေဘီသွေးပိုင်ရှင်များ အကြောင်းသာ
ဖြစ်ပါတယ်...ဆက်လက်ပြီး စိတ်ဝင်စားဖွယ်ရာ အကြောင်းများကို တင်ပြပေးသွားပါဦးမယ်..
အေဘီ-အေ (၆၅%)
ဒီနှစ်ယောက်သာ တွေ့ကြပြီဆိုရင်တော့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးဟာ
ခြောက်ကပ်သွားတော့တာပါပဲ။စကားတွေအများကြီး လိုအပ်တယ်လို့ ထင်ရပြီး အချင်းချင်း အပြိုင် ခေါင်းမာနေတတ်လို့စိတ်အခန့်မသင့်မှုလေးတွေလည်း များတတ်ပါတယ်။ အေဘီသွေးပိုင်ရှင်
ယောင်္ကျားများရဲ့ ထူးခြားချက်ကိုနားမလည် နိုင်တာကြောင့် စိတ်ပင်ပန်းရတဲ့ အတွဲလည်း ဖြစ်ပါတယ်။
.မေးတာကတခြားဖြေတာက တခြားဖြစ်တဲ့ အခါတွေလည်း များပါတယ်။ ဒီစုံတွဲလေးက ပြီးပြည့်စုံတဲ့ အတွဲလေးလို့ပြောလို့ မရနိုင်သလို လုံးဝပေါင်းစပ်လို့မရဘူးလို့လည်း ပြောလို့ မရပါဘူး။ အေသွေး မိန်းကလေးနဲ့အေဘီသွေးယောင်္ကျားလေးတွေကတော့ နှစ်ဦးနှစ်ဘက်လုံးက သေချာပိရိတဲ့အပြင် အချင်းချင်းရဲ့အားသာချက်လေးတွေကိုလည်း လက်ခံအသိအမှတ်ပြုတတ်ကြတာမို့ အဆင်ပြေတဲ့ အခြေအနေလေးကိုဖန်တီးနိုင်ပါတယ်။ အေသွေးမိန်းကလေးတွေက စိတ်ဝင်စားစရာကောင်းတဲ့ စကား၊ ဟာသလေးတွေပြောတတ်တဲ့ ယောင်္ကျားမျိုးကို သဘောကျတတ်ကြပါတယ်။
အေဘီသွေးယောင်္ကျားလေးများရဲ့ ပညာရှိရှိပြုမူတတ်တဲ့ အကျင့်လေးတွေက
ဘီသွေးမိန်းကလေးများကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အေဘီသွေးယောင်္ကျားလေးများကလည်း ဘီသွေးမိန်းကလေးများရဲ့စမ်းသပ်လုပ်ကိုင်ချင်စိတ်၊ တက်ကြွဖျတ်လတ်မှုကို နှစ်သက်ကြပါတယ်တဲ့။
ဘီသွေးမိန်းကလေးများကအေဘီသွေးယောင်္ကျားလေးများ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ခွင့်ပန်တဲ့
ပုံစံမျိုးကို သဘောကြသလို ညင်းလည်းမညင်းနိုင်ပါဘူး။ ပွင်းလင်းတဲ့ စတိုင်လ်ကို လိုလားတာဟာ ဘီသွေးတွေရဲ့စတိုင်လ်မို့ပါ။ယောင်္ကျားလေးဘက်ကတော့ နည်းနည်း တစ်ကိုယ်ကောင်းဆန်တဲ့ အခါလေးတွေလည်း ရှိတတ်ကြပြီးရင်ထဲမှာ ခံစားရတဲ့အတိုင်း ဖော်ပြတတ်ပေမယ့် ဘီသွေးမိန်းကလေးများရဲ့ခံစားချက်ကို သိုဝှက်တတ်တဲ့အကျင့်လေးတွေကို နှစ်သက်ကြပါတယ်တဲ့။
အချင်းချင်း လုံးဝ စရိုက်သဘာဝကို ပိုင်ဆိုင်ထားတာတောင်မှ တော်တော်
လိုက်ဖက်ညီတဲ့ အတွဲလေးလည်းဖြစ်ပါတယ်။ ချစ်သူအဖြစ်အနေထက် အစ်ကိုတစ်ယောက်လို ခင်မင်တွယ်တာတာမျိုးကပိုများပါတယ်။အေဘီသွေး ယောင်္ကျားလေးများရဲ့ ပွင့်လင်းတဲ့ စရိုက်ဟာ
အိုသွေးပိုင်ရှင်မိန်းကလေးများရဲ့ မျက်စိမှာတော့တော်တော် ဆွဲဆောင်မှုရှိနေတတ်ပါတယ်တဲ့။ အေးစက်ပြီး တရားကျကျ စဉ်းစားတတ်တဲ့အေဘီသွေးပိုင်ရှင်ယောင်္ကျားလေးများကို အိုသွေးမိန်းကလေးများက တောင့်တင်းခိုင်မာတဲ့မှီခိုအားထားရာတစ်ခုလို့လည်းထင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့
လိုက်ဖက်ညီမှုကတော့ ၃၀%ပါ။
အချင်းချင်း ကောင်းကောင်းနားလည်နိုင်တဲ့အပြင် တဘက်သားကိုလည်း
အလေးအနက်ထားတတ်ကြပါတယ်။ အဆင်ပြေတဲ့ အတွဲလေးတစ်တွဲဖြစ်ပေမယ့်
သူများတွေအမြင်မှာတော့သိပ်ပြီး မထူးခြားလှတဲ့ အတွဲလေး တစ်တွဲပါ။ တပူးကပ်ကပ်နေတတ်တဲ့
အတွဲလေးလည်း ဖြစ်ပါတယ်။နှစ်ယောက်စလုံးက စဉ်းစားဥာဏ်ရှိတဲ့အတွက် တဘက်သားရဲ့ စရိုက်သဘာဝတွေအားလုံးကိုနားလည်ပေးနိုင်သလို မကြိုက်တဲ့ အပြုအမူကို ရှောင်ကျဉ်ကြပါတယ်။ တခါတလေမှာတော့အတွေးအခေါ်တွေ မတိုက်ဆိုင်တဲ့အခါလေးတွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပေးအယူမျှတဲ့ အတွဲဖြစ်တာကြောင့် ပျော်စရာကောင်းတဲ့ အတွဲလေးလည်း ဖြစ်ပါတယ်။
...............မှ
•*♥*• မာန်ယုကျော် ( ရွှေဝမြေ )•*♥*•
ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
ကျနော်နားလည်သော အချစ်ရဲ့ သင်္ကေတများ…
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Sunday, July 17, 2011လောကကြီးမှာ လူဆိုတာ အချစ်နဲ့ကင်းကွာလို့ မရနိုင်ဘူးဆိုတာ သိပြီးသားပါ..။ အချစ်ရဲ့အကြင်နာတရားတွေနဲ့ တွေ့ပြီးဆိုရင် လောကကြီးမှာ ဖြစ်လာမယ့် မျက်မှောက်နန့်အနာဂါတ်ရေးရာအခက်ခဲ့တွေကို မေ့သွားတတ်ပါတယ်..။ အိမ်ကိုတောင် ဂရုမစိုက်တောသလို ဖြစ်သွားတယ်..နော်…ဟိဟိဟိဟိ..။ ဒါတွေကို အပြစ်ရှိတယ်လို့ ပြောလို့ ရမှာလား..ကျနော်ထင်တာကတော လူ့ဘဝမှာ ကျင်လည်နေတဲ့ သဘာဝရဲ့ နိယမတရားလို့ ထင်ပါတယ် အချစ်အပြုံအမုန်းဆိုတဲ့ လောကနိယာမတရားတွေ ရှိသမျှကာလပတ်လုံး လူတိုင်းရင်မှာ အချစ်ဆိုတာ ပိုင်ဆိုင်ခံစားရမှာပေါ...။
ဒါပေမဲ့ အချစ်ကို သတိထားရမှာကတော တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မှန်ကန်တဲ့ နားလည်မှုနဲ့ လိုက်လျော့နေထိုင်တတ်ဖို့လိုပါတယ်။ ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်ကို တစ်ယောက် စိုးရိမ်ပှုပန်းမှု၊ မနာလိုသဝန်တိုမှု၊အတ္တကြီးတွေက ချစ်သူနှစ်ယောက်ကြားမှာ ကြောက်စရာတွေ ဖြစ်လာတတ်ပါတယ်။ ချစ်သူတွေ ဖြစ်လာပြီးဆိုရင် ဒါတွေမဖြစ်အောင် ပိုပြီးတော ဂရုစိုက်သင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်လာပြီးဆိုရင် တစ်ဦးကိုတစ်ဦး အေးစက်တဲ့ အပြုအမှုတွေ၊ အပြောအဆိုတွေနဲ့ ဆက်ဆံရေးတွေကြောင်းလည်း လမ်းခွဲလိုက်ရတဲ့ အဖြစ်မျိုးကို မကြုံပါရစေနဲ့နော်….။ ချစ်သူနှစ်ယောက် ချစ်ကြပြီးဆိုရင် တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်အဝပေးပြီးတော ချစ်ကြပါစေနဲ့…။
ချစ်သူနှစ်ယောက်ကြားမှာ ပြဿနာတွေ ဖြစ်လာပြီးဆိုရင် ကြားစကားတွေကို မယုံမိပါစေနဲ့ ကြား စကားတွေကြောင်းလည်း တစ်ယောက်ကိုတစ်ယောက် ပုတ်ခတ်ပြောဆိုမှုတွေ မဖြစ်ပါစေနဲ့ ဒါတွေကတော လောကရဲ့ နိယမတရားတွေက ချစ်သူနှစ်ယောက်ရဲ့အချစ်ကို ပြိုကွဲစေလို့ပါ..ဘေးပြောတာကို မယုံနဲ့တဲ့ သွေးပြောတာကို ယုံပါလို့ စကားပုံတောင်ရှိသေးတယ်နော်….။ ကိုယ်သာသူ့ကို စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ ချစ်ခဲ့မယ်..။ လက်တွဲသွားမယ်ဆိုတဲ့ ရွယ်ရည်ချက်နဲ့ ချစ်တယ်ဆိုရင် လောကဓံတရားက ဘယ်လောက်ရက်စက်ကြမ်းကြုတ်ပါစေ ကံတရားကတော သူတို့နှစ်ယောက်ကို မျက်ကွယ်မပြုပါဘူး…။ ချစ်သူတွေ ဖြစ်လာပြီးဆိုင် ဒါတွေကို ပှုပင်နေလို့မရဘူးနော်…။ တစ်ယောက်ကိုတစ်ယောက် မှန်ကန်တဲ့ နားလည်မှုတွေ၊ မှန်ကန်တဲ့ ဖွင့်ဟပြောဆိုမှုတွေ ရိုးသားတဲ့အပြုအမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်ဆံပေးပါ…။ ဖြစ်လာမယ့် စွပ်စွဲချက်တွေ ဖြစ်လာမယ့်ပြဿတွေကို စိုးရမ်စရာတွေ၊ပှုပန်မှုတွေအစား ရင်ဆိုင်နိုင်ဖို့ ပွင့်လင်းရိုးသားမှုနဲ့ ပိတ်ပင်တားစီးထားပါ…။ အချစ်ကို ရှာဖွယ်တွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ အတ္တအမျိုးမျိုးတွေကြောင်း အချစ်တွေပျောက်ကွယ်မသွားပါနဲ့…။ တစ်ယောက်ကိုတစ်ယောက် အချစ်သက်တမ်းတွေ ရှည်လျှားအောင် အံသြမှုတွေ တိုက်ဆိုင်မှုတွေ တမ်းတမှုတွေ ပြည့်လျှံနေတဲ့ အချစ်တွေကို ထာဝရသိမ်းထားကြည့်ပါ ဖမ်းတီးနိုင်ဖို့ ကြိုစားပါ..။ ချစ်သူရဲ့ အပြုအမှုတွေ သွားလာလှုပ်ရှားမှုတွေကို အကြိုက်တွေကို အမြဲတစိုက် အားပေးပါ…။
သူ့အကြိုက်တွေကို မှတ်ထားပါ…တစ်ခါတစ်ခါ ချစ်သူမျှော်လင်းမထားတဲ့ အရာတွေကို ဖန်တီးပေးပါ..။ အဲသြစရာတွေဖြစ်လာရင် ချစ်သူက အဲသြစရာတွေ ဖြစ်လာရင် ခါးသီးတဲ့စကားတွေကို ကဗျာဆန်သွားတာရှိပါတယ်…
ချစ်ခြင်းမေတ္တနဲ့ ပတ်သတ်ပြီး ann landers ပြောပြထားတယ်သိလား..
အချစ်ဟာ မိတ်ဆွေကောင်းဖြစ်ပြီး ချစ်သူတို့နှစ်ကို မီးတောက်စေသော အရာတစ်ခုဖြစ်ပါတယ်…။
အချစ်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေကိုလည်းပေးတယ် ။
ဝေငှမှုတွေကိုလည်း ပေးပါတယ်တဲ့။ အချစ်ဟာတစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ခြင်းပါဘဲတဲ့…။
အချစ်ဟာအေးအတူပှုအမျှ ဆင်းဆင်းရဲရဲ ချမ်းချမ်းသာသာမရွှေး သစ္စာရှိပါတယ်တဲ့။
အချစ်ဟာ လူသားသားတွေရဲ အားနည်းချက် အကောင်းဆုံးကိုကို မလုပ်ပေးနိုင်တာတွေ တွက် ခွင့်လွတ်တယ်။ အချစ်ဟာ လက်ရှိဘဝကိုကျေနပ်ပြီး အနာဂါတ်တွက် မျှော်လင်းချက်တွေလည်းထားတယ်ပါတယ်တဲ့…။ အချစ်မှာ နေ့စဉ်လှုပ်ချား ရုန်းကန်နေရတဲ့ ဘဝနဲ့ဆိုင်တယ်။ ပြဿနာတွေ ညိုနိုင်းရတာတွေလည်းရှိတယ်တဲ့။ ဝမ်းနည်းရတာ ကြွေကွဲရတာ နည်းနည်းရှိတယ်။ အချစ်မှာ အောင်မြင်တွေလည်း အများကြီးပါပဲတဲ့။ ဘဝကိုချစ်မြတ်နိုးတယ်ဆိုရင်တော အချစ်ဟာ သင်မှာလိုအပ်တဲ့အရာများကိုလည်း ပြည့်စည်းပေးနိုင်စွမ်းရှိတယ်တဲ့။ အင်း ……. ဘဝမှာ အချစ်မရှိရင်တော ဘယ်လောက်ပဲ ပြည့်စုံ ပြည်စုံ မပြည့်စုံနိုင်ပါဘူးတဲ့။
မှတ်ချက် // ဒီအကြောင်းတွေကို အချစ်ကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေ ဘလော့ဂ်တွေမှာ အကြံတွေယူပြီး ရေးသားသည်။
ရင်သွီး
ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
မိခင်ရွာက သာသနာ
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Sunday, July 17, 2011စာပေပရိယတ် ကျမ်းဂန်တတ်မှ
မြင့်မြတ်ပေသည် ကြံတွေးရည်၍
ထိုဤ မြို့သို့ သားတော်ပို့သည်
လွမ်းလို့နေရပါတယ်ဘုရား။
ဖခမည်းနှင့် သားကြီးမယ်တော်
လွှမ်းခါမျှော်လည်း
ပေါ်လာလိမ့်နိုး လာလိမ့်နိုးနဲ့
လက်ချိုးရေတွက် နေရပါတယ်ဘုရား။
ကလေးအများ ချောင်းလျှိုကြားမှာ
ငါးရှာ ဖားလိုက် ကစားလိုက်နဲ့
ငယ်ကချိန်လေး စာနဲ့ဝေးသည်
တွေးရင်း ရင်လေးနေရပါတယ်ဘုရား။
ရပ်သူ ရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမဲ့သူ
မရှိမူ၍
လူသည် လူ့အသိ မရှိကြတော့ပါဘုရား။
သားတော်ငယ်ပေါင်း
ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ရ
ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း မရှိလျင်းသော်
ရဟန်းဘယ်မှာ ဖြစ်ထွန်းပါလိမ့်
ပင်သာသက်သက်
ခက်လက်မဖြာ သာသနာသည်
တွေးရင်း ရင်လေးနေမိပါတယ်ဘုရား။
သာသနာရင်းမြစ် တောမှဖြစ်လျက်
တောပစ်မြိုပေါ် သားတော်ပျော်က
တော်မတော်ပင် ကြံတွေးဆင်ရန်
လျင်လျင်မြန်မြန် တောရပ်ထံသို့
ပန်လာခဲ့ပါ သားတော်မောင်ပဉ္ဖင်းဘုရား။
ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
14 July 2011
အမေပေးတဲ့ သံဝေဂ
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Thursday, July 14, 2011ကျွန်တော်အတွေးနယ်ချဲ့နေမိသည်။ အမှန်ဆိုလျှင် အမေသာမဟုတ်။ လူသားတိုင်း တစ်နေ့တစ်နေ့ အိုနေကြသည်ချည်း။ “ တစ်နေကွယ်၊ သေနယ်သို့ တစ်ရက်ကူး ” ဟု စာဆိုဦးပုညက သတိတရားပေးထားခဲ့သည်။ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဟု ရှိသည်မဟုတ်လား။ ခန္ဓာရလျှင် အိုရမည်။ အိုပြီးနာရမည်။ နာပြီးတဖန် သေမင်း၏ ခံတွင်းသို့ သက်ဆင်းကြရမည်။ မမြဲသော ကျွန်တော်တို့၏ သည်ခန္ဓာကိုယ်ကြီးကား အမြဲဖောက်ပြန်နေသည်။ .အနိစ္စသဘောကို ဆောင်သည်။သည်နေ့ နေကောင်းသော်လည်း နက်ဖြန်ဖျားချင် ဖျားမည်။ အအေးမိပြီး ချောင်းဆိုးချင်လည်း ဆိုးဦးမည်။
ဒုက္ခတရားက သည်အပုပ်ကိုယ်ကြီးကို အချိန်ပြည့် သုခတွေပေးမည်မဟုတ်။ ဖောက်လွဲ ဖောက်ပြန်တတ်သော သည်ခန္ဓာကိုယ်ကြီးကား အမြဲယိုယွင်းနေသည်။ ပျက်စီးနေသည်။ အပုပ်တွေသာ အမြဲယိုထွက်နေသည်။ သို့သော် တစ်ချို့လူတွေ အသိခေါက်ခက် အဝင်နက်နေကြသည်။ သူတို့ကိုယ် သူတို့ မသေဆေးများ စားထားရဘိသကဲ့သို့ ရလာသည့် လူ့ဘဝတိုတိုလေးတွင် အလိုလို ဘဝင်တွေမြင့်နေကြသည်။ ရာထူး၊ ဂုဏ်သိန်၊ အတ္တ၊ မာန၊ ဓနတွေနှင့် အချင်းချင်း မာန်ကြွနေကြသည်။ ပြိုင်ဆိုင်နေကြသည်။ သို့ဆိုလျှင် သေလွန်သောအခါ ပိုင်ဆိုင်သမျှ အရာဝတ္ထုများ အတူတူလိုက်သေမည်လော။ မဟုတ်တန်ရာ။
လူဟူသည်မှာ ပိုးဖလံမျိုး မီးကိုတိုးနေကြခြင်းသာဖြစ်သည်။ တစ်နေ့တစ်နေ့ နေဝင်မိုးချုပ် အကုသိုလ်အလုပ်တွေနှင့် အချိန်ကုန်နေကြသည်။ အပျော်အပါးကိုလိုက်စားပြီး မိုက်မှားရင်း မိုက်မှားနေကြသည်။ အမှန်ဆိုရလျှင် လောကီ၊ လောကုတ် အကျိုးမယုတ်စေဖို့ ခုကတည်းက တရားဘာဝနာ အားထုတ်ရမည်။ သို့သော် ထိုသို့ မပြုမူ၊ မကျင့်ကြံကြ။ တရားအလုပ်ထက် အပုပ်ကိုယ်အနှံ့ အမွှေးနံ့သာဖြင့် လိမ်းကျံဖို့ကို ဦးစားပေးနေကြသည်။ ပြောခဲ့ပြီးသည့်အတိုင်း သည်လူ့ခန္ဓာကိုယ်သည် အချိန်မရွေး အပုပ်တွေသာ ထွက်ကျနေသည်။ မည်မျှပင် အလှဆင်ဆင် ဒေါင်းယောင်ဆောင်သော ကျီးမျှသာဖြစ်မည်။ အိုရမည်၊ နာရမည်၊ သေရမည်ကိုတော့ ကြောက်ကြသည်။ ခန္ဓာချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသွားမည့်အရေး မတွေးမိကြ။ မဂ်လမ်း၊ ဖိုလ်လမ်းကိုတော့ လျောက်လှမ်းချင်ကြသည်။ တရားအလုပ် အားထုတ်ဖို့တော့ စိတ်ကူးမရ။ နည်းနည်းတော့ သဘာဝမကျချင်ပေ။ အ,ဝိဇ္ဇာကြောင့်ဟု ဆိုချင်သည်။ တဏှာကလည်း ပံ့ပိုးနေသေးသည်။ တွေးကြည့်လျှင် ရေးရေးပေါ်လာပါလိမ့်မည်။
၂း ၃
ဘာရယ်မဟုတ်။ ကျွန်တော်တွေးနေမိခဲ့သည်။ အသက် (၂ဝ) ဝန်းကျင်သာရှိသေးသောကျွန်တော်….။ တရားသဘောတွင် နစ်မြောသွားခဲ့သည်။ ဖြေချင်းချက်တစ်ခုထွက်ကျလာသည်။ တရားအလုပ်ကို အားထုတ်မည်ဆိုလျှင် အသက်အရွယ်နှင့် လုံးလုံးမျှမဆိုင်။ စိတ်အားထက်သန်မှုသာလိုသည်။ သို့သော် ကျွန်တော်သည် တရားဘာဝနာဘက်ကို ခေတ္တမျှ အလည်သွားခြင်းသာဖြစ်သည်။ ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကိုလည်း ဖြည်းဖြည်းချင်း နားလည်လာသည်။ တဒင်္ဂအတွင်း အမေ့ကို သံဝေဂယူမိခြင်းကြောင့်ဖြစ်သည်။ အမေပေးသော သံဝေဂဖြင့် ကျွန်တော့်စိတ်ကို တရားသဘောဘက်သို့ ယိမ်းယိုင်ညွတ်ကျသွားစေသည်။ ကျွန်တော်ထပ်ဆင့် တွေးမိသည်။ “ လာမည့် နွေသင်္ကြန်အတွင်း ချစ်သူငယ်ချင်းတွေနှင့် ကဲမည့်အစား ရွာရှိဘုန်းကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာစီးဖြန်းလျှင် ကောင်းမည်လား ” ဟု……..။ ။
မာန်ယုကျော်
.
ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
F ငါးလုံး လိုရင်သုံး
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Thursday, July 14, 2011သူငယ်ချင်းတို့ရေ.....
၃ - ၁ဝ - ၂ဝဝ၇ ( ဗုဒ္ဓဟူး) နေ့ကပေါ့။ ကေအေတီလေ ၂ဝဝ၇ ခုနှစ်။ စက်တင်ဘာလ (၂၈) ရက်နေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ်ကို မမျှော်လင့်ဘဲ ဖတ်လိုက်ရတယ်။ အဲဒီထဲက ကေအေတီသတိထားမိတာ တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ဆောင်းပါး ရှင် စိုးမြင့်သိန်း ရေးတဲ့ ဆောင်းပါးထဲက “ F ” ငါးလုံးအကြောင်းပဲ။ ဒါပေမယ့် အဲဒီဆောင်းပါးထဲမှာ “ F ” ငါးလုံးနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းလေး ဖော်ပြမထားဘူးသိလား။ .ဒါ့ကြောင့် ကေအေတီကတစ်ဆင့် ဟောဒီကသူငယ်ချင်းတွေကို “ F ” ငါးလုံး အကြောင်း များများစားစား ပြည့်ပြည့်စုံစုံမဟုတ်ပေမယ့် နည်းနည်းပါးပါး ပြောပြချင်တာနဲ့ အခုလို လျှာရှည်လိုက်ရတာ။
“ F ” ငါးလုံးဆိုတာက ဒီလိုလေ။
၁။ Faith - ယုံကြည်ပါ။
၂။ Family - မိသားစုနဲ့ စည်းလုံးပါ။
၃။ Friends - မိတ်ဆွေသူငယ်ချင်းများနှင့် ပူးပေါင်းပါ။ လက်တွဲပါ။
၎။ Focus - မိမိဘဝကို စူးစိုက်ပါ။
၅။ Food - စားဖို့ရှိပါစေ ( နေဖို့အတွက် စားပါ ) တဲ့လေ။
ဒီ “ F ” ငါးလုံးဟာ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်တတ်အောင် ဆောင်းပါးရှင်က ရည်ညွှန်းထားဟန်တူတယ်။ အထူးသဖြင့် ကေအေတီတို့လို မျိုးဆက်သစ် လူငယ်လေးတွေကိုပေါ့။ ကိုင်း.....ဒီ “ F ” ငါးလုံးအကြောင်းကို ကေအေတီနဲ့ ဆွေးနွေးကြည့်ကြ ရအောင်။
၁။ Faith - ယုံကြည်ပါ။
မှန်တာပေါ့။ ယုံကြည်မှုဆိုတာက လူသားတိုင်းမှာ ရှိသင့်တဲ့အရာလေ။ မဟုတ်ဘူးလား။ ငယ့်ငယ်လေးကနေ ခုချိန်ထိ ကိုယ့်ကိုကိုယ် ဘယ်လောက်အတိုင်းအတာထိ ယုံကြည်ထားပြီးနေပြီလဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလို့ မဖြစ်ဘူးနော်။ ကိုယ်ကမှ ကိုယ့်ကို မယုံကြည်ရင် ဘယ်သူကလာပြီး ယုံကြည်တော့မလဲ။ စဉ်းစားကြည့်ကြလေကွာ။ ကေအေတီတို့တစ်တွေဟာ ခုနေလူငယ် နောင်ဝယ်လူကြီးဖြစ်ကြရမယ့် မျိုးဆက်သစ်တွေနော်။ ကိုယ့်ကိုကိုယ် ယုံကြည့်မှုမရှိဘဲ တိုင်းပြည်ကို တည်ဆောက်ချင်ပါရဲ့။ လူမျိုးကို စောင့်ရှောက်ချင်ပါရဲ့။ ယဉ်ကျေးမှုကို ထိန်းသိမ်းချင်ပါရဲ့ ဆိုပြီး ဟစ်အော်နေလည်း မောတာပဲ အဖတ်တင်မယ်။ အဲလို ကိုယ်ကျိုးမဖက် အများအကျိုးအတွက် ဆောင်ရွက်ချင်တယ်ဆိုရင်ဖြင့် ယုံကြည်မှုကို လက်ကိုင်ထားပြီး “ငါ ဖြစ်ကိုဖြစ်ရမယ်။ ငါ့ကိုငါ လုံးဝဥဿုံ ယုံကြည်တယ်ဟေ့” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ကြိုးစားရမှာပေါ့။ အလုပ်တစ်ခုကို စလုပ်မယ် ပြင်ကတည်းက ဒါတော့ ငါလုပ်လို့ ဖြစ်နိုင်ပါ့မလား။ ဒါကတော့ ဟိုဟာဖြစ်လို့ စသဖြင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘဲ ညည်းညူနေရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ “ငါလုပ်နိုင်တာပဲ” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ကြိုးစားပါလား။ ရလာဒ်ကောင်းတစ်ခုခုတော့ ရလာမှာပေါ့။ ဘာလဲ။ မယုံလို့လား။ စမ်းကြည့်လိုက်လေ။
၂။ Family - မိသားစုနဲ့ စည်းလုံးပါ။
ဟုတ်တယ်။ မိသားစုဆိုတာက မိမိဘဝရဲ့ အစကနေ အဆုံးထိ ဆိုးတူကောင်းဖက် ရှိသွားရမယ့်ဟာလေ။ မိမိရဲ့အကြိုက်၊ ရွေးချယ်မှု၊ အဆိုးအကောင်း၊ ဘဝဦးတည်ချက် စသဖြင့်ပေါ့။ အဲဒါတွေကို မိသားစုနဲ့ နွေးထွေးစွာ ဆွေးနွေးတိုင်ပင်ပြီး ဒီဟာက ဒီလိုရှိတယ်။ ဒီဟာကိုလုပ်ရင် ဘာဖြစ်လာမယ်။ ဒါက သင့်တော်၊ မသင့်တော် စတာတွေကိုလည်း သေချာစီစစ် ဆုံးဖြတ်ပြီး မိသားစုနဲ့ စည်းလုံးစွာ တိုင်ပင်သင့်တယ်လေ။ ဥပမာ - ဂျပန်နိုင်ငံကြီးကိုပဲကြည့်။ ဂျပန်နိုင်ငံသူ၊ နိုင်ငံသားတွေဟာ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်တွေ လုပ်ကြရတယ်။ သားသမီးတွေကလည်း ကျောင်းတက်။ ကျောင်းသွားနဲ့ပေါ့။ သူတို့ဟာ မိဘတွေနဲ့ နွေးထွေးမှု၊ စည်းလုံးမှု၊ နှစ်သိမ့်ပေးမှု စတာတွေကို ထင်သလောက် မရကြဘူး။ ဟော....ညကျရင်လည်း မိဘတွေက အလုပ်ကနေပြန်လာ။ ဖတ်ဖတ်ကိုမောလို့။ ဒါနဲ့ စောစောအိပ်ရာဝင်။ မနက်ဆိုလည်း စောစောထ။ အလုပ်သွား။ ဒီလိုနဲ့ သူတို့မိသားစုရဲ့ daily life ကပြီးဆုံးသွားရော။ မိသားစု ဆွေးနွေးတိုင်ပင် ညှိုနှိုင်းဖို့ဆိုတာ ထင်သလောက်မလွယ်ကြဘူး။ ကေအေတီတို့ မြန်မာနိုင်ငံမှာလည်း ရှိတာပဲလေ။ မိဘတွေက လက်မလည်အောင် အလုပ်လုပ်။ သားသမီးတွေအပေါ် အရေးပေးဖို့အချိန် သိပ်မရကြဘူး။ တစ်ဘက်မှာလည်း သားသမီးတွေက အထိန်းအကွပ်မဲ့နေတာကို အခွင့်ကောင်းယူပြီး လုပ်ချင်ရာလုပ်။ နောက်တော့ ပညာရည်တစ်ပိုင်းတစ်စနဲ့ ဘဝပျက်စီးကြရတာပေါ့။ အဖြေရှာကြည့်တော့ မိသားစု စည်းလုံးမှုမရှိတာလေ။
၃။ Friends - မိတ်ဆွေသူငယ်ချင်းများနှင့် ပူးပေါင်းပါ။ လက်တွဲပါ။
ဒါကလည်း ငြင်းစရာမရှိဘူး။ လူရယ်လို့ဖြစ်လာပြီဆိုရင် မိတ်ဆွေသူငယ်ချင်းဆိုတာလည်း ရှိလာရတယ်လေ။ ဘယ်အရာမဆို ဆန့်ကျင်ဘက်ဆောင်တဲ့ ကွာဟမှုတွေ ရှိတတ်သလို မိမိဆက်ဆံနေကြရတဲ့ သူငယ်ချင်းတွေထဲမှာလည်း အဆိုးနဲ့အကောင်းဆိုတာ ရှိမှာမလွဲ။ ကိုယ်က အသိဥာဏ်ကလေးနဲ့ယှဉ်ပြီး သူငယ်ချင်းကောင်းကို ရွေးပေါင်းမိဖို့တော့ လိုတယ်နော်။ ကိုယ့်ဘဝကို ပြုပြင်ဖန်တီးတဲ့နေရာမှာ သူငယ်ချင်းကိုလည်း သတိထားဖို့လိုတယ် ဆိုတာကို သတိထားကြဦး။ အဲ.....ဟုတ်ပြီ။ သူငယ်ချင်းကောင်းတွေနဲ့ ပေါင်းမိပြီပဲထား။ လောကမှာ တစ်ယောက်တည်းနေလို့ ရရိုးလား။ လူအများနဲ့ နေသွားရမှာဆိုတော့ အများအကျိုးသယ်ပိုးရမှာပေါ့။ မဟုတ်ဘူးလား။ ကိုယ်က ကူညီဖြေရှင်းဖို့ ဆန္ဒရှိပေမယ့် ကိုယ်တစ် ယောက်တည်းနဲ့ ဘယ်လိုမှ မတတ်နိုင်ဘူးဆိုရင်လည်း ရတယ်။ ကိစ္စမရှိဘူး။ သူငယ်ချင်းတွေ ရှိတာပဲ။ သူတို့တွေနဲ့ စုစုရုံးရုံး၊ တက်ညီလက်ညီပူးပေါင်းလက်တွဲပြီး ဖြေရှင်းလိုက်ရင် ပြီးနေတာပဲ။ ရိုးသားပြီး သစ္စာရှိဖို့နဲ့ အနစ်နာခံလိုစိတ်ရှိဖို့ကလည်း အရေးကြီးတာပေါ့လေ။ မြန်မာနိုင်ငံအနှံ့မှာလည်း ကေအေတီတို့လို လူငယ်တွေက သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေနဲ့ စည်းလုံး၊ စုရုံးပြီး အခက်အခဲရှိသူတွေကို ကူညီဖြေရှင်းပေးနေကြတဲ့ အသင်းအဖွဲ့တွေ တော်တော်များများ ရှိနေကြပြီကွ။ ကေအေတီတို့ မြန်မာ့လူငယ်ထုတစ်ရပ်လုံးအတွက် အားကျစရာ၊ ဂုဏ်ယူစရာပေါ့ကွာ။ နော.....။
၎။ Focus - မိမိဘဝကို စူးစိုက်ပါ။
လက်မခံနိုင်စရာမှ မရှိတာ။ ဒီစကားက ဘဝကိုဦးတည်ချက်မဲ့၊ ရည်ရွယ်ချက်မဲ့၊ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားစား နေနေကြတဲ့သူတွေအတွက် သိပ်အကျုံးဝင်တာပေါ့။ အတိတ်က ငါ ဘယ်လောက်ကောင်းခဲ့သလဲ။ ခုကော ဘယ်လောက် အတိုင်းအတာအထိ ကောင်းနေပြီလဲ။ နောင်ကော ကောင်းလာဦးလာမှာလား။ အရာအားလုံးအတွက် အကောင်းဆုံးဖြစ် အောင် ငါ ဘာလုပ်သင့်သလဲ။ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ပြီး မေးကြည့်ပေါ့။ ပြီးတော့ ကိုယ့်ဘဝကိုလည်း ဦးတည်ချက်မြင့်မြင့်ထားပြီး အဘက်ဘက်က စူးစိုက်လေ့လာ။ ကိုယ့်ဘဝ ကိုယ်သာပိုင်တာလေ။ ကိုယ်ကပြုပြင်ဖန်တီးယူရမှာ။ ကိုယ့်ဘဝ ရဲ့ အတိတ်ကအခြေအနေ၊ ခုလက်ရှိအခြေအနေ၊ နောင်ဖြစ်လာမယ့် အခြေအနေတွေကို ညအိပ်ရာဝင်တိုင်း ကိုယ့်ကိုကိုယ် သုံးသပ် ဝေဖန်။ မှားတယ်ထင်ရင် ချက်ချင်းပြင်။ မှန်တယ်ထင်ရင် ဆက်လုပ်။ ကိုယ့်ကိုကိုယ် အမြဲစောင့်ကြည့်နေရမှာပေါ့။ သူများရဲ့မကောင်းပြောခံရအောင် မနေနဲ့။ အကောင်းပြောခံရအောင်နေ။ ဒါ....ပညာရှိလူလိမ္မာတွေရဲ့ အလုပ်။ ဟောဒီက သူငယ်ချင်းတွေကိုတော့ ကေအေတီယုံကြည်ပြီးသားဖြစ်လို့ သိပ်မမှာချင်တော့ဘူး။ ပညာရှိ သတိမြဲခဲ ဖြစ်မှာစိုးလို့ ခုလို လက်တို့ပြီး လှမ်းသတိပေးတာ။
၅။ Food - စားဖို့ရှိပါစေ ( နေဖို့အတွက် စားပါ ) တဲ့လေ။
ဘာတဲ့။ စားဖို့ရှိပါစေဆိုပဲ။ လူဆိုတာက အစားအစာကို မှီဝဲနေကြရတဲ့ သတ္တဝါတွေပဲမဟုတ်လား။ ဒီအစားအစာတွေ ကြောင့်ပဲ လူတွေဟာ တစ်နေ့တစ်နေ့ မိုးလင်းကနေ မိုးချုပ်အထိ တကုပ်ကုပ်နဲ့ အလုပ်တွေ လုပ်ကြရတယ်လေ။ အိတ်ပေါက်နဲ့ ဖားကောက် ဆိုသလိုမျိုး တစ်ဘက်ကရှာ၊ တစ်ဘက်မှာလည်း ရစရာမရှိအောင် သုံးဖြုန်း ဆိုရင် ဘယ်ဖြစ်မလဲ။ ပညာကို ထူးထူးချွန်ချွန်တတ်မြောက်ရင်တော့ သမ္မာအာဇီဝကျပြီး ငွေရမယ့်နည်းလမ်းတွေ အများကြီးပါကွာ။ နောက်တစ်ချက်က ဝိုက်ကွင်းလေးထဲမှာဖော်ပြထားတဲ့ “ နေဖို့အတွက် စားပါ ” ကိုလည်း လှည့်ကြည့်လိုက်ဦး။ လောကမှာ တစ်ချို့လူတွေဟာ အယူအဆမှားတွေကို လက်ခံပြီး ဖြစ်သလိုနေနေကြတယ်။ လူဆိုတာ စားဖို့အတွက် အသက်ရှင်သန်နေရတာလို့ အဲလို လွယ်လွယ်နဲ့ လျှာမှာ အရိုးမရှိတိုင်း လျှောက်ပြောနေကြတယ်။ ဟုတ် မဟုတ်ကိုတော့ မင်းတို့ပဲ စဉ်းစားကြည့်ကြ။ ကေအေတီ ကတော့ လူဆိုတာ ကိုယ်ကျိုးကို မငဲ့ဘဲ အများအကျိုးကို လိုလိုလားလားဆောင်ရွက်သင့်တယ်။ ဒီလိုဆောင်ရွက်နိုင်အောင် အတွက် စားရမယ်။ ဒါမှ အသိရှိတဲ့ လူမည်မှာလို့ထင်တာပဲ။ မင်းတို့ကတော့ ဘယ်လိုထင်လဲ မပြောတတ်ဘူး။ အဓိကကတော့ အကျိုးရှိတဲ့ လူ့ဘဝကြီးကို အလဟဿ ဖြုန်းတီးနေပြီး ဘာမှလဲခရီးမရောက်ကြတဲ့ လူ့ပေါက်ပန်းတွေ မဖြစ်ကြစေဖို့ မင်းတို့ ကို ကေအေတီ့အနေနဲ့ မှာချင်တာပါ။
ကဲ.....ဒီလောက်ဆို “ F ” ငါးလုံးအကြောင်းကို သိကြမယ်ထင်ရဲ့။ ဒီလောကနဲ့တော့ အဓိပ္ပါယ်ပြည့်စုံသွားပြီလို့ ကေအေ တီမဆိုလိုဘူးနော်။ အများကြီးကျန်နေသေးမှာ။ ဒီဟာတွေက ကေအေတီ့ရဲ့ မပြောပလောက်တဲ့ ပုစွန်ဆိတ်စိတ်ကူးလေးရယ် ပါ။
မင်းတို့ရဲ့ -
မာန်ယုကျော် (ရွှေဝမြေ)
(၂ဝဝ၇ - အောက်တိုဘာလ)
.
ခေါင်းစဉ်လိုက် ။...။ မှတ်သားစရာ
