မီတိုင်တွေ မှိုတ်တုတ်မှိုတ်တုတ်နဲ့
သီတင်ကျွှတ်ညမှာ
မီပုံးပျံတွေ ပျံဝေးနေသလိုပါဘဲ
တောင်တန်းကြားကအမေတို့ရွှာကလေး။
တီဗွီတွေ မရှိဘူး
အနီဝတ်မတွေလည်း မရှိဘူး
ကျောင်းဆရာမတွေလည်း မရှိဘူး။
.ဘုရားကျောင်ဟာ
စမ်းချောင်းရှင်မတွေလောက် အစွမ်းမထက်ဘူးရယ်လို့
ယုံကြည်ထားတဲ့ အမေတို့ရွှာလေးကို
နအဖစစ်သားတွေက လာလည်ကြတယ်
ကြက်တွေတောင်းတယ်။
အရက်တွေ ချက်ပေးရတယ်။
ညညကျရင် ထင်းပုံကြီးတွေနဲ့အတူ
အဟီဟီ တဟားဟားနဲ့
ရွှာထဲက အပျိုစစ်လေးတွေကိုပါ
အရက်တွေနဲ့အတူ စုပုံပေးရတယ်။
မယုံနိုင်စရာ အဖြစ်ပျကလေးတွေကို
ခံစားနေရတဲ့ အမေတိုရွှာလေးဟာ
စည်းရုံးမှုတွေ ပျက်လာပြီတော
လူတွေကွဲပြီ ၀ါးတွေမျိုသွားခဲ့တယ်
တနေ့တော ရွှာသူလေးတွေဟာပျက်စီသွာတဲ့...။
တနေ့တော
အမေတို့ရွာလေးကို လက်ညိုးထိုးပြီး...
အမေရယ်..သမီး အမေရွာလေးကို
ပြန်လည်ထူထောင်ချင်လိုက်တာ...
ရင်သွီး
11 July 2011
အမေတို့ရွာသို့
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Monday, July 11, 2011ခေါင်းစဉ်လိုက် ။...။ ရင်တွင်းဖြစ်