9 March 2012

မင်းသိပါစေ

ငါပျော်တယ် ဟုတ်လား
နင်မိုးလို့ ပြောရဲတယ်
နွေရာသီမှာ ကြွေတဲ့
သစ်ရွက်တွေလို့
အလွမ်းဒါဏ်တွေနဲ့
မြေကြီးပေါ်ကြွေကျနေတာ
မင်းမမြင်ဖူးလို့ပါ။

ငါ့ရင်မှာ
အလွမ်းတွေ လှိုင်းခတ်နေတယ်
သောကတွေ သောင်တင်နေတယ်
ဆန္ဒတွေ တောင်လိုမြင့်နေတယ်။
လောကဓံမီးပုံကိုကျော်ဖြတ်ဖို့
အားမသန်သေးတော
ငါ့အလွမ်းအဆွေးတွေနဲ့ပေါ..။

ဆက်လက်ရန်.....

သူ……

လွမ်းတယ် ဟုတ်လား
အရိုးမရှိလျှာနဲ့
ယုံတမ်းစကားထပ်ကာထပ်ကာ
မုသားပါးပါးလေးမသုံးပါနဲ့။

ရင်ခုန်တယ် ဟုတ်လား
ရင်တုန်တာဖြစ်မှာပါ
ပလီပလာစကားဖို့
ကော်ပီသောက်ထားတာဖြစ်မယ်။

ဆက်လက်ရန်.....