9 March 2012

မင်းသိပါစေ

ငါပျော်တယ် ဟုတ်လား
နင်မိုးလို့ ပြောရဲတယ်
နွေရာသီမှာ ကြွေတဲ့
သစ်ရွက်တွေလို့
အလွမ်းဒါဏ်တွေနဲ့
မြေကြီးပေါ်ကြွေကျနေတာ
မင်းမမြင်ဖူးလို့ပါ။

ငါ့ရင်မှာ
အလွမ်းတွေ လှိုင်းခတ်နေတယ်
သောကတွေ သောင်တင်နေတယ်
ဆန္ဒတွေ တောင်လိုမြင့်နေတယ်။
လောကဓံမီးပုံကိုကျော်ဖြတ်ဖို့
အားမသန်သေးတော
ငါ့အလွမ်းအဆွေးတွေနဲ့ပေါ..။


ဒုက္ခကိုပွေ့ဖက်
ရပ်တည်မှုဝေဒနာနဲ့
အလွမ်းအဆွေးခံစားရတဲ့
ငါ့နှလုံးသားကို
ဘယ်ဆရာဝန်ကူးမှာလဲ။

ဒီသံသရာမှာ
ငါ့ရဲရင်ခုန်မှုတွေက
အကြွေးဖြစ်ခဲ့ရင်
ဒီအကြွေးတွေကို
နောင်သံသရာအထိ
ငါပေးဆပ်သွားပါမယ်။


တဇွတ်ထိုး