9 March 2012

သူ……

လွမ်းတယ် ဟုတ်လား
အရိုးမရှိလျှာနဲ့
ယုံတမ်းစကားထပ်ကာထပ်ကာ
မုသားပါးပါးလေးမသုံးပါနဲ့။

ရင်ခုန်တယ် ဟုတ်လား
ရင်တုန်တာဖြစ်မှာပါ
ပလီပလာစကားဖို့
ကော်ပီသောက်ထားတာဖြစ်မယ်။


သတိရတယ် ဟုတ်လား
တော်စမ်းပါကွာ
ဒါဏ်ရာဒါဏ်ချက်တွေပေးဖို့
ပယ်ကပ်နေတဲ့အတ္တတွေနဲ့
လျှာကိုသကာထင်ပြီး
ယုံစားမိလိုက်ရင်
သဲကန္တရာမှာ
အလွမ်းမိုးတွေ ရွာနေဦးမယ်။

တဇွတ်ထိုး