19 October 2011

ရိုဟင်ဂျာဆိုသည်မှာ

Bangladish မှမြန်မာပြည်ထဲသို့ လူပြိုကျပြီးနေထိုင်သော Muslimဘာသာဝင်များဖြစ်သည်။ Bangladish နိုင်ငံသည်လူဦးရေ သန်း၁၇၀ကျော်ရှိပြီး မြန်မာနိုင်ငံဧရိယာဧ။် ၃ပုံ၁ပုံသာရှိသည်။ Bangladish နယ်စပ်မှဘူးသီးတောင် မောင်တောမြို့ထိမိုင်ပေါင်းများစွာ ရခိုင်စကားဗမာစကားမပြောသော Bangli စကားသာပြောသော ရိုဟင်ဂျာများနေထိုင်ပြီး ရခိုင်များမနေထိုင်ကြပါ။ မနေထိုင်ကြခြင်းမှာလည်း ရိုဟင်ဂျာများမှ မုဒိမ်းကျင့်လူသတ်သောကြောင်းဖြစ်သည်။  လူများလူနိုင် မီးများမီးနိုင်ဆိုသကဲ့သို့ တဖြေးဖြေးဆုတ်လာခဲ့ရာ ဘူသီးတောင် မောင်တောမြို့တွင်သာ ရခိုင်အနည်းစုကျန်တောသည်။
မြို့ပြအုပ်ချူပ်ရေးပျက်နေသော ၈၈၈၈ လေးလုံးကာလတုန်းရိုဟင်ဂျာများမှဘူးသီးတောင် မောင်တောမြို့ရို့ ရခိုင်အနည်းစုကို အပျောက်ရှင်းရာတွင် မောင်တောရိုရခိုင်လုံထိန်းများမှ ၀င်ေ၇ာက် ကာကွယ် ခဲ့သောကြောင်းအသေအပျောက်နည်းခဲ့သည်။

ဆက်လက်ရန်.....

ရိုဟင်ဂျာကို ဘယ်သူမွေးစားခဲ့သလဲ

အဏ္ဏ၀ါစစ်သည်ရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြည်ပရောက် ရခိုင်ကျောင်းသား တစ်ဦးရဲ့ တင်ပြချက် ဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးကို ဘယ်သူတွေ ပွဲထုတ်လာခဲ့တယ် ဆိုတဲ့ စိတ်ဝင် စရာ ကောင်းတဲ့ အချက်အလက်များ ပါတာမို့ ဝေမျှပေး လိုက်ပါတယ်။ )

အဏ္ဏ၀ါ စစ်သည်ဆိုသူက ရိုဟင်ဂျာ အကြောင်း ရေးသွားပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ မသိတဲ့ ဖဆပလခေတ်က အကြောင်းတွေ ပါလာလို့ ဗဟုသုတရပါတယ်။ ဖဆပလက အာဏာတစ်ခုထဲ အတွက် ရေရှည် အန္တရာယ်ကို မကြည့်ဘဲ ကုလားအမတ်တွေ မွေးခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကုလားအမတ်တွေက စသုံးခဲ့တယ်ဆိုတဲ့ အချက်ထဲမှာ တစ်ခုတော့ ထပ်ဖြည့်ချင်ပါတယ်။ တည်မြဲ၊ သန့်ရှင်း ကွဲပြီးနောက် အိမ်စောင့်အစိုးရ တက်တယ်။ အိမ်စောင့်အစိုးရက ၁၉၆၀ မှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုတော့ ၁၉၅၉ ခုနှစ် နိုဝင်ဘာလထဲမှာ ဦးနု ရခိုင်ကို မဲဆွယ်ဖို့ လာတယ်။ မောင်တော မြို့နယ်မှာ စည်းရုံးရေး လုပ်တဲ့အခါ ဦးနုက သန့်ရှင်းသာ အနိုင်ရရင် ရိုဟင်ဂျာ လူမျိုးလို့ သတ်မှတ်ပေးမယ်။ မြန်မာ့ အသံက တိုင်းရင်းသား အစီအစဉ်တွေမှာ ရိုဟင်ဂျာ ဘာသာနဲ့ အသံလွှင့် ပေးမယ်လို့ ကတိပေးသွားတယ်။ သူနိုင်တော့ မြန်မာ့အသံကနေ ရိုဟင်ဂျာ အစီအစဉ်ဆိုပြီး လေးလလောက် လွှင့်လိုက်သေးတယ် ။ နောက်တော်လှန်ရေး ကောင်စီ တက်တော့မှ အဲဒီအသံလွှင့် အစီအစဉ် ရပ်သွား တယ်။

ဆက်လက်ရန်.....

ရိုဟင်ဂျာသည် မြန်မာ တိုင်းရင်းသား ဟုတ်သလော

ရိုဟင်ဂျာ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘလော့ဂ်မှာ သမိုင်းဖြစ်စဉ်တွေကို ဖော်ပြပြီး ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား မဟုတ်ဘူးဆိုတဲ့ သုံးသပ်ချက်ကို အဏ္ဏ၀ါစစ်သည်နဲ့ ရခိုင်သား တို့က တင်ပြခဲ့ပြီး ဖြစ်ပါပေတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ဒီအဆိုကို သဘောတူလို့ ရိုဟင်ဂျာဟာ ဒုက္ခသည် မဟုတ်ဘူးဆိုတဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။ သို့သော် ရိုဟင်ဂျာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နောက်ခံသမိုင်းကို ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ ဒါ့ကြောင့် အချိန်ပေးပြီး လေ့လာခဲ့ပါတယ်။ အဲဒီအခါမှာ ဒီရိုဟင်ဂျာ လှုပ်ရှားမှုဟာ ခုမှ ဗြုံးကနဲ ပေါ်လာတာမဟုတ်။ ဘင်္ဂါလီ ကုလားများဟာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ အင်္ဂလိပ်ခေတ်က အခြေချ နေထိုင်သူများ၊ လွတ်လပ်ရေး နောက်ပိုင်း ခိုးဝင်လာသူများကို မြန်မာ တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် အသိအမှတ် ပြုခံရအောင် ရေရှည်မဟာဗျူဟာ ချပြီးလုပ်လာခဲ့တယ် ဆိုတာ သိလာရသလို ဒီပြဿနာဟာ အမျိုးသားရေး အတွက် အလွန်အန္တရာယ်ကြီးတဲ့ ကိစ္စဆိုတာ မြင်လာပါတယ်။


ဆက်လက်ရန်.....

ရိုဟင်ဂျာကိစ္စ-ရခိုင့်ချေပချက်

သျှမ်းသံတော်ဆင့်မှ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည့် Independence စာစောင် ရိုဟင်ဂျာအမည်ခံသူများ အကြောင်းနှင့် ပတ်သက်၍ ထိုင်းသတင်းစာများမှ ကူးယူဖေါ်ပြသည် ဟူသောဆောင်းပါး၌ “ရိုဟင်ဂျာဆိုတာ လူဦးရေ ၇ သိန်းကနေ၊ ၁.၅ သန်းထိရှိပြီး အေဒီ ၇-ရာစုလောက်က ရခိုင်ပြည်မြောက်ပိုင်းတ၀ိုက်စီးပွား ကုန်သွယ်အလုပ်နဲ့ ရွှေ့ပြောင်း အခြေချလာတဲ့ အာရပ်လူမျိုးစုကနေ တဆင့် မူဆလင်ဖြစ်လာကြတာ”ဟု ရေးသားဖေါ်ပြထား သည်ကို တွေ့ရှိရ၍ အံ့သြသင့်ရပါသည်။ ဤဆောင်းပါးကို ဖေါ်ပြသော ထိုင်းသတင်းစာများသည် ရိုဟင်ဂျာဆိုသူများထံမှ ရရှိ သော အချက်အလက်ဖြစ်ဟန်တူသည်။

ဆက်လက်ရန်.....

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာကြသော ဘင်္ဂါလီမူဆလင်များနှင့် ပတ်သက်သည့်လေ့လာချက် (၂)

အပိုင်း(၁)၊ မြောက်ဦးမတိုင်မီနှင့် မြောက်ဦးခေတ် ရခိုင်ပြည်

၁၇။ ။ ယနေ့ရခိုင်ပြည်နယ်သည် ပြန်မာနိုင်ငံ၏ အနောက်ဖက်ရှိ ရခိုင်ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်အကြား ကမ်းမြောင်ဒေသဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရခိုင်ရိုးမတောင်တန်းမှ ဘင်္ဂလားပင်လယ်အော် အတွင်းသို့စီးဆင်းသောမြစ်များရှိသည့်အနက် နပ်(ဖ်)မြစ်သည် တဖက်နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားပြည်နယ်၊ ယခုအခါ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံနှင့် ရခိုင်ပြည်နယ်တို့၏ နယ်နမိတ်မျည်းကြောင်းအဖြစ် တည်ရှိနေပါသည်။

ဆက်လက်ရန်.....

18 October 2011

စာစုများ

အာရှယဉ်ကျေးမှုတွေ ယိုယွင်းတိမ်းပါးပျက်စီးနေချိန်မှာ အနောက်တိုင်း ပြတိုက်တွေနဲ့ တက္ကသိုလ်ကျောင်းတော်ကြီးတွေဟာ အာရှတိုက်က ထုပ်လုပ်ခဲ့တဲ့ အနုပညာနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နေခဲ့တင်မက တလေးတစား တန်ဖို့ထားခဲ့ကြာ အထင်အရှားပါဘဲ။

ဆက်လက်ရန်.....

စာစုများ

လောကကြီးကို ပြိုကွဲပျောက်ပျက်မသွားအောင် ထိမ်းကွပ်ပေးထားသည့်အရာမှာ ကိုယ်ကျင့်တရားပဲဖြစ်သည်။ ထိုကိုယ်ကျင့်တရားခိုင်မာရေးတွက် ချမှတ်ပေးသော လမ်းပြသူဟာလည်း ဘာသာရေးပင်ဖြစ်သည်။

ဆက်လက်ရန်.....

ခွင့်လွတ်ပါ

အခွင့်မရှိလို့ အလိုက်မသိတာပါ ။
ကြင်နာမူနဲ့ ဝေးနေတာမဟုတ်ပါ ။
မတုန့်ပြန်နိုင်တာ အားမရှိလို့ မဟုတ်ပါ။
ဘောင်မဝင်လို့ ငြိမ်ခံလိုက်တာပါ။

ဆက်လက်ရန်.....

3 October 2011

--အပြန်----

- ၀မ်းမနည်းပါဘူး
လွမ်းနေခဲ့ရုံပါ။။။။။
- မမျှော်လင့်ခဲ့ပါဘူး
နွေးထွေးတဲ့ ချစ်ခြင်းတွေ တောင်းတခဲ့ရုံပါ။။
-လမ်းခွဲသားတာမဟုတ်ပါဘူး
အိပ်မက်တွေ အိပ်တန်းပြန် သွားရုံပါ။။
----- ဆိတ်သုန်း------


- မိုင်တွေထောင်ချီဝေးတဲ့
မင်းနဲ့ငါ့ကြား နားလည်မှုတွေ ။
-- မင်းင့ါဆီရောက်လာကတည်းက
ငါကော်ဖီခါးခါး သောက်တတ်ခဲ့တာ ။

ဆက်လက်ရန်.....

-- အိပ်မက် -----

-- ယုံကြည်စွာ ငါတကယ်ရူးခဲံ့တာ
ချင်းမိုင်တောင်တန်းကြီးကိုမေးကြည့်
ငှက်ကလေးတွေတောင်သိတယ် ။
-- ချစ်ခွင့်မရပေမယ့်-
ငါတကယ်ချစ်ခဲံ့တာ
ကော်ဖီခွက်ကိုမေးကြည့်-
ဆေးလိပ်တိုလည်းသိတယ် ။
- အလွမ်းတွေ အပျံသင်တာမဟုတ်ဘူး
ငါတကယ်လွမ်းခဲံ့တာ
ကဗျာလေးတွေမေးကြည့်
ဘောပင်လေးလည်းသိတယ် ။
-- ဘာမှတော့မဖြစ်ခဲ့ပါဘူး-
ယုံကြည်မှုတွေဆေးသားနည်းလာရုံ
အတွေကြုံတွေအရောင်ရင့်လာရုံ
ငါ့မာနတွေ လုံးပါး-ပါးသွားရုံလောက်ပဲ ။
-- ကျေနပ်ပါတယ်---
ဘာမှမှတ်မှတ်ရရမရှိတာလေးကိုပဲ မှတ်မှတ်ရရသိမ်းထားခဲ့မိလို့။။။။။။။ .................... တယူသန်

ဆက်လက်ရန်.....

လူနာ

လူနာ

ညှီနံ့တထောင်းထောင်းနဲ့နိုးထ
မနေ့ကအခိုးတွေတောင်
အကင်းမသေသေးဘူး ။
စိုးရိမ်စိတ်တွေနဲ့မျက်နှာသစ်ခဲ့
ဘယ်ခြေလှမ်း-လှမ်းရမလား
ညာခြေလှမ်း-လှမ်းရမလား
ဝေခွဲရခက်နေလေရဲ့
Update ဖြစ်တဲ့သတင်းက
ဟန်ဆောင်မှုတွေ
ပကာသနတွေ
ဈေးကွက်ဝင်နေဆဲ၊
တပိုင်တနိုင်တော့
သယ်သောကြဦးပေါ့။

ဆက်လက်ရန်.....

ကမ်းပျောက်သူ

ကံကြမ္မာလှေအိုနဲ့
နှလုံးသားရွက်လွှင့်သူ
မာယာလှိုင်းလုံးကြား
ဝေဒနာမုန်းတိုင်းက
အလှိုင်းလှိုင်းနဲ့မာန်ဆင်
အချစ်ဆိုတဲ့သမုဒ်ပြင်မှာ
အပြုံးကိုအားကုန်ဖွင့်လို့
ဘယ်လောက်ပင်.....ငါကူးကူး
အို......ကမ်းခြေရယ်
မင်းကိုဘယ်ခါ တွေ့မှာလဲ.....။

..................
ထွန်းလင်းစိုး

ဆက်လက်ရန်.....