3 October 2011

လူနာ

လူနာ

ညှီနံ့တထောင်းထောင်းနဲ့နိုးထ
မနေ့ကအခိုးတွေတောင်
အကင်းမသေသေးဘူး ။
စိုးရိမ်စိတ်တွေနဲ့မျက်နှာသစ်ခဲ့
ဘယ်ခြေလှမ်း-လှမ်းရမလား
ညာခြေလှမ်း-လှမ်းရမလား
ဝေခွဲရခက်နေလေရဲ့
Update ဖြစ်တဲ့သတင်းက
ဟန်ဆောင်မှုတွေ
ပကာသနတွေ
ဈေးကွက်ဝင်နေဆဲ၊
တပိုင်တနိုင်တော့
သယ်သောကြဦးပေါ့။


မုသားတွေခြေလှမ်းကြဲလိုက်တာ
ငါ့နေရာသူဦးနေပြီး။
အတုယောင်တွေ ရောင်းအားသွတ်လိုက်တာ
ငါ့နေရာသူဦးနေပြီး။
ဟန်မဆောင်တတ်ရင်
လူမှုရေးနောက်ကျကျန်ခဲ့မယ်တဲ့
အော်…………
လူမှုရေးတဲ့….အပြုံတွေ ချဉ်လိုက်တာ
မုသားခပ်ပါးပါးလေး ပုတ်လိုက်မှ
ငါ့နားတောင် နဝင်ချိုတတ်နေပြီ။
အိုခြင်း နာခြင်း သေခြင်းမှ အပ
ကျန်တာတွေ Equation နည်းနေတယ်
ဒါကို မျက်ကန်းယောင် ဆောင်တဲ့သူတွေက
Global ဆိုတဲ့ ခေါင်းစဉ်တွေနဲ့။
လမ်းဘေးဈေးသည်ပါးစပ်က
အမှန်တရားလောက်
ငါတို့မြတ်နိုးနေရတာ
ခေတ်ကိုက ဘာလာလာဒေါင်းမှ
ထမင်းဝတဲ့ခေတ်။
ဒီလိုနဲ့ ……..
မနက်စာ ညစာနဲ့ပဲ နေဝင်မိုးချုပ်
ချွေး ..သွေး…မျက်ရည်တွေ
ပွဲတော်ကျင့်ပခံခဲ့ရတာ
ဟော….ကမ္ဘာကြီးတောင် ပျက်တောမယ်ဆိုပဲ။

................
တယူသန်