3 October 2011

-- အိပ်မက် -----

-- ယုံကြည်စွာ ငါတကယ်ရူးခဲံ့တာ
ချင်းမိုင်တောင်တန်းကြီးကိုမေးကြည့်
ငှက်ကလေးတွေတောင်သိတယ် ။
-- ချစ်ခွင့်မရပေမယ့်-
ငါတကယ်ချစ်ခဲံ့တာ
ကော်ဖီခွက်ကိုမေးကြည့်-
ဆေးလိပ်တိုလည်းသိတယ် ။
- အလွမ်းတွေ အပျံသင်တာမဟုတ်ဘူး
ငါတကယ်လွမ်းခဲံ့တာ
ကဗျာလေးတွေမေးကြည့်
ဘောပင်လေးလည်းသိတယ် ။
-- ဘာမှတော့မဖြစ်ခဲ့ပါဘူး-
ယုံကြည်မှုတွေဆေးသားနည်းလာရုံ
အတွေကြုံတွေအရောင်ရင့်လာရုံ
ငါ့မာနတွေ လုံးပါး-ပါးသွားရုံလောက်ပဲ ။
-- ကျေနပ်ပါတယ်---
ဘာမှမှတ်မှတ်ရရမရှိတာလေးကိုပဲ မှတ်မှတ်ရရသိမ်းထားခဲ့မိလို့။။။။။။။ .................... တယူသန်