3 October 2011

--အပြန်----

- ၀မ်းမနည်းပါဘူး
လွမ်းနေခဲ့ရုံပါ။။။။။
- မမျှော်လင့်ခဲ့ပါဘူး
နွေးထွေးတဲ့ ချစ်ခြင်းတွေ တောင်းတခဲ့ရုံပါ။။
-လမ်းခွဲသားတာမဟုတ်ပါဘူး
အိပ်မက်တွေ အိပ်တန်းပြန် သွားရုံပါ။။
----- ဆိတ်သုန်း------


- မိုင်တွေထောင်ချီဝေးတဲ့
မင်းနဲ့ငါ့ကြား နားလည်မှုတွေ ။
-- မင်းင့ါဆီရောက်လာကတည်းက
ငါကော်ဖီခါးခါး သောက်တတ်ခဲ့တာ ။



--မမှုပါဘူး
နည်းနည်းတော့ပူတာပေါ့
နွေရာသီကို ကိုယ်စားပြု ဘ၀ကိုပိုင်ဆိုင်ထားတာပဲ ။
-၀မ်းမနည်းပါဘူး
လူမသိအောင် လွမ်းနေခဲ့ရုံပေါ့ ။
- ထပ် -လွမ်းမနေတော့ဘူး
အလွမ်းတွေသာ ရေငွေ့လို တဖန်ဖြစ်တည်ခွင့်ရှိခဲ့ရင်လေ
ချင်းမိုင်မှာ မိုးတွေသည်းနေဦးမယ် ။။။။။ ................ တယူသန်