3 October 2011

ကမ်းပျောက်သူ

ကံကြမ္မာလှေအိုနဲ့
နှလုံးသားရွက်လွှင့်သူ
မာယာလှိုင်းလုံးကြား
ဝေဒနာမုန်းတိုင်းက
အလှိုင်းလှိုင်းနဲ့မာန်ဆင်
အချစ်ဆိုတဲ့သမုဒ်ပြင်မှာ
အပြုံးကိုအားကုန်ဖွင့်လို့
ဘယ်လောက်ပင်.....ငါကူးကူး
အို......ကမ်းခြေရယ်
မင်းကိုဘယ်ခါ တွေ့မှာလဲ.....။

..................
ထွန်းလင်းစိုး