19 July 2011

ပေးဆပ်သူသို့

ကျနော့်နှလုံးသားနဲ့
ရင်ခုန်သံတွေကို
စည်းချက်ညီအောင်
စွမ်းဆောင်နိုင်ခဲ့သူ။

ကျနော့်ခံစားချက်တွေကို
နူညံသိမ်မွေးအောင်လည်း
စွမ်းဆောင်နိုင်ခဲ့သူ။
ကျနော့်အချစ်တွေ
မြင့်မားလာဖို့
သဇင်ပန်းလို့
သစ္စာစောင့်ထိန်းဖို့
စွမ်းဆောင်နိုင်ခဲ့သူ။

ကျနော့်ရဲ့ရက်လနှစ်လတွေကို
အကြင်နာတရားတွေနဲ့
ပြုံပန်းတွေဝေဆာဖို့
မေတ္တာလမ်းလည်းခင်းပေးသူ။
မင်းဟာ ကျနော့်ဘဝရဲ့
သက်တန်းရောင်ပါ။

ရင်သွီး