17 July 2011

ကျနော်နားလည်သော အချစ်ရဲ့ သင်္ကေတများ…

လောကကြီးမှာ လူဆိုတာ အချစ်နဲ့ကင်းကွာလို့ မရနိုင်ဘူးဆိုတာ သိပြီးသားပါ..။ အချစ်ရဲ့အကြင်နာတရားတွေနဲ့ တွေ့ပြီးဆိုရင် လောကကြီးမှာ ဖြစ်လာမယ့် မျက်မှောက်နန့်အနာဂါတ်ရေးရာအခက်ခဲ့တွေကို မေ့သွားတတ်ပါတယ်..။ အိမ်ကိုတောင် ဂရုမစိုက်တောသလို ဖြစ်သွားတယ်..နော်…ဟိဟိဟိဟိ..။ ဒါတွေကို အပြစ်ရှိတယ်လို့ ပြောလို့ ရမှာလား..ကျနော်ထင်တာကတော လူ့ဘဝမှာ ကျင်လည်နေတဲ့ သဘာဝရဲ့ နိယမတရားလို့ ထင်ပါတယ် အချစ်အပြုံအမုန်းဆိုတဲ့ လောကနိယာမတရားတွေ ရှိသမျှကာလပတ်လုံး လူတိုင်းရင်မှာ အချစ်ဆိုတာ ပိုင်ဆိုင်ခံစားရမှာပေါ...။
ဒါပေမဲ့ အချစ်ကို သတိထားရမှာကတော တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မှန်ကန်တဲ့ နားလည်မှုနဲ့ လိုက်လျော့နေထိုင်တတ်ဖို့လိုပါတယ်။ ချစ်သူနှစ်ယောက်ကြားမှာ တစ်ယောက်ကို တစ်ယောက် စိုးရိမ်ပှုပန်းမှု၊ မနာလိုသဝန်တိုမှု၊အတ္တကြီးတွေက ချစ်သူနှစ်ယောက်ကြားမှာ ကြောက်စရာတွေ ဖြစ်လာတတ်ပါတယ်။ ချစ်သူတွေ ဖြစ်လာပြီးဆိုရင် ဒါတွေမဖြစ်အောင် ပိုပြီးတော ဂရုစိုက်သင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်လာပြီးဆိုရင် တစ်ဦးကိုတစ်ဦး အေးစက်တဲ့ အပြုအမှုတွေ၊ အပြောအဆိုတွေနဲ့ ဆက်ဆံရေးတွေကြောင်းလည်း လမ်းခွဲလိုက်ရတဲ့ အဖြစ်မျိုးကို မကြုံပါရစေနဲ့နော်….။ ချစ်သူနှစ်ယောက် ချစ်ကြပြီးဆိုရင် တစ်ယောက်ကိုတစ်ယောက် နားလည်မှုအပြည့်အဝပေးပြီးတော ချစ်ကြပါစေနဲ့…။

ချစ်သူနှစ်ယောက်ကြားမှာ ပြဿနာတွေ ဖြစ်လာပြီးဆိုရင် ကြားစကားတွေကို မယုံမိပါစေနဲ့ ကြား စကားတွေကြောင်းလည်း တစ်ယောက်ကိုတစ်ယောက် ပုတ်ခတ်ပြောဆိုမှုတွေ မဖြစ်ပါစေနဲ့ ဒါတွေကတော လောကရဲ့ နိယမတရားတွေက ချစ်သူနှစ်ယောက်ရဲ့အချစ်ကို ပြိုကွဲစေလို့ပါ..ဘေးပြောတာကို မယုံနဲ့တဲ့ သွေးပြောတာကို ယုံပါလို့ စကားပုံတောင်ရှိသေးတယ်နော်….။ ကိုယ်သာသူ့ကို စစ်မှန်တဲ့ မေတ္တာတရားတွေနဲ့ ချစ်ခဲ့မယ်..။ လက်တွဲသွားမယ်ဆိုတဲ့ ရွယ်ရည်ချက်နဲ့ ချစ်တယ်ဆိုရင် လောကဓံတရားက ဘယ်လောက်ရက်စက်ကြမ်းကြုတ်ပါစေ ကံတရားကတော သူတို့နှစ်ယောက်ကို မျက်ကွယ်မပြုပါဘူး…။ ချစ်သူတွေ ဖြစ်လာပြီးဆိုင် ဒါတွေကို ပှုပင်နေလို့မရဘူးနော်…။ တစ်ယောက်ကိုတစ်ယောက် မှန်ကန်တဲ့ နားလည်မှုတွေ၊ မှန်ကန်တဲ့ ဖွင့်ဟပြောဆိုမှုတွေ ရိုးသားတဲ့အပြုအမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်ဆံပေးပါ…။ ဖြစ်လာမယ့် စွပ်စွဲချက်တွေ ဖြစ်လာမယ့်ပြဿတွေကို စိုးရမ်စရာတွေ၊ပှုပန်မှုတွေအစား ရင်ဆိုင်နိုင်ဖို့ ပွင့်လင်းရိုးသားမှုနဲ့ ပိတ်ပင်တားစီးထားပါ…။ အချစ်ကို ရှာဖွယ်တွေ့ရှိပြီးတဲ့နောက်ပိုင်းမှာ အတ္တအမျိုးမျိုးတွေကြောင်း အချစ်တွေပျောက်ကွယ်မသွားပါနဲ့…။ တစ်ယောက်ကိုတစ်ယောက် အချစ်သက်တမ်းတွေ ရှည်လျှားအောင် အံသြမှုတွေ တိုက်ဆိုင်မှုတွေ တမ်းတမှုတွေ ပြည့်လျှံနေတဲ့ အချစ်တွေကို ထာဝရသိမ်းထားကြည့်ပါ ဖမ်းတီးနိုင်ဖို့ ကြိုစားပါ..။ ချစ်သူရဲ့ အပြုအမှုတွေ သွားလာလှုပ်ရှားမှုတွေကို အကြိုက်တွေကို အမြဲတစိုက် အားပေးပါ…။

သူ့အကြိုက်တွေကို မှတ်ထားပါ…တစ်ခါတစ်ခါ ချစ်သူမျှော်လင်းမထားတဲ့ အရာတွေကို ဖန်တီးပေးပါ..။ အဲသြစရာတွေဖြစ်လာရင် ချစ်သူက အဲသြစရာတွေ ဖြစ်လာရင် ခါးသီးတဲ့စကားတွေကို ကဗျာဆန်သွားတာရှိပါတယ်…
ချစ်ခြင်းမေတ္တနဲ့ ပတ်သတ်ပြီး ann landers ပြောပြထားတယ်သိလား..
အချစ်ဟာ မိတ်ဆွေကောင်းဖြစ်ပြီး ချစ်သူတို့နှစ်ကို မီးတောက်စေသော အရာတစ်ခုဖြစ်ပါတယ်…။
အချစ်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေကိုလည်းပေးတယ် ။
ဝေငှမှုတွေကိုလည်း ပေးပါတယ်တဲ့။ အချစ်ဟာတစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ခြင်းပါဘဲတဲ့…။
အချစ်ဟာအေးအတူပှုအမျှ ဆင်းဆင်းရဲရဲ ချမ်းချမ်းသာသာမရွှေး သစ္စာရှိပါတယ်တဲ့။
အချစ်ဟာ လူသားသားတွေရဲ အားနည်းချက် အကောင်းဆုံးကိုကို မလုပ်ပေးနိုင်တာတွေ တွက် ခွင့်လွတ်တယ်။ အချစ်ဟာ လက်ရှိဘဝကိုကျေနပ်ပြီး အနာဂါတ်တွက် မျှော်လင်းချက်တွေလည်းထားတယ်ပါတယ်တဲ့…။ အချစ်မှာ နေ့စဉ်လှုပ်ချား ရုန်းကန်နေရတဲ့ ဘဝနဲ့ဆိုင်တယ်။ ပြဿနာတွေ ညိုနိုင်းရတာတွေလည်းရှိတယ်တဲ့။ ဝမ်းနည်းရတာ ကြွေကွဲရတာ နည်းနည်းရှိတယ်။ အချစ်မှာ အောင်မြင်တွေလည်း အများကြီးပါပဲတဲ့။ ဘဝကိုချစ်မြတ်နိုးတယ်ဆိုရင်တော အချစ်ဟာ သင်မှာလိုအပ်တဲ့အရာများကိုလည်း ပြည့်စည်းပေးနိုင်စွမ်းရှိတယ်တဲ့။ အင်း ……. ဘဝမှာ အချစ်မရှိရင်တော ဘယ်လောက်ပဲ ပြည့်စုံ ပြည်စုံ မပြည့်စုံနိုင်ပါဘူးတဲ့။

မှတ်ချက် // ဒီအကြောင်းတွေကို အချစ်ကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေ ဘလော့ဂ်တွေမှာ အကြံတွေယူပြီး ရေးသားသည်။

ရင်သွီး