နှလုံးသားရယ် စွန့်လည်းစွန့်စား
အချစ်ကိုလက်ဖွဲ့
နေ့များစွာထဲ မင်းနဲ့တွေ့ပြီး
ဆောင်းရိပ်ကျောခိုင်း ရင်ခတ်လှိုင်းထဲ
မှိုင်းမှိုင်းပြာဝေ နှင်းစက်တွေလည်း
ငါ့နှစ်လုံးသားကို အပူတွေထူအောင်
လုပ်သွားပြီး။
ငါ့နှလုံးသားရယ်
လူတွေကပြောတယ်
ပန်းပွင့်သစ်နွယ် ပြုံရိပ်ဝေကာ
ဘဝင်မကျ လမ်းခွဲရလို့
ခံစားရတာလည်း ငါ့နှလုံးသားပါ။
အပူတွေရောက် နွမ်းခြောက်ရတာလဲ ငါ့နှလုံးသားပါ။
တကယ်တော ငါ့နှလုံးသားဟာ
မာယာမများ မခွဲခြားဘူးဒါကြောင်း
ကျနော်နှလုံးသားကို
ဥသြတွေ ချစ်ကြတယ်
အလွမ်းသ္မားတွေ မြတ်နိုးကြတယ်။
ကျနော်တော ပူလောင်ရသူပါလား...။
ရင်သွီး
14 July 2011
မာယာမရှိသော နှလုံးသား
တင်ပြသူ ။.....။ . ။.....။စာတင်ချိန် ။...။ Thursday, July 14, 2011ခေါင်းစဉ်လိုက် ။...။ ရင်တွင်းဖြစ်