23 July 2011

သူ့ကြောင်း

အဖေါ်မပါ တစ်ယောက်တည်းလည်း
ဥသြတို့ရဲ့ လွမ်းဆွဲသံလို့
တေးဆိုရင်းနဲ့ လွမ်းတတ်ပြီး။
သံယောဇဉ်နှောင်း မေတ္တာစစ်မို့
စွဲနစ်ရင်မှာ ဝေဒနာတည်ကာ
သောကတွေဝဲ လွမ်းတွေဝေပြီး
အိပ်မရတဲ့ ညနက်တွေမှာ
ရင်ခုန်သံတွေကို စီကာချလို့
ကဗျာတွေလည်း ရေးတတ်ပြီး။
လွမ်းဆွဲနေရ နေ့နဲ့ညမှာ
သူ့ကိုအမြဲ ချစ်နေဆဲမို့
မနက်ဖြန်မှာ သူ့ကိုတွေ့ဖို့
ဥသြလို့လည်း ကျူးတတ်ပြီး။

ရင်သွီး