24 July 2011

စကားတစ်ခွန်းပြောပါရစေ

တမ်းတမှုတွေနဲ့ ငါတို့ပြည်ရဲ့
အတိတ်သမိုင်းကို ကြည့်လိုက်တဲ့အချိန်
ငါတို့ပြည်က ငါကိုပြောတယ်
မင်းတို့ရင်ထဲမှာ ငါလွတ်မြောက်မယ့်တွက်
ကြိုးစားရမယ်လို့ မှတ်ထားပါ။.

စိတ်ကူးယဉ် အိမ်မက်တွေနဲ့
အနာဂါတ်ကို လှမ်းကြည့်တဲ့အချိန်
အနာဂါတ်က ငါကိုပြောတယ်
စိတ်ကူးမယဉ်ပါနဲ့တော
မင်းတို့ရဲ့ကြိုးစားမှု
မင်းတို့ရဲ့စည်းရုံးမှု
မင်းတို့ရဲ့လုပ်ဆောင်မှု
မင်းတို့ရဲ့ဇွဲလုံးလမှာ
ငါမှုတယ်နေတယ်တဲ့။
တွေဝေမှုတွေနဲ့ စဉ်းစားနေတဲ့အချိန်
ပစ္စုပ္ပန်က ငါကိုပြောတယ်
အခုချိန်မှာ ငါဟာ
မင်းတို့ရဲ့ဘဝ
မင်းတို့ရဲ့နှလုံးသား
မင်းတို့ရဲ့အသက်သွေးကြော
မင်းတို့ရဲ့ဒီနေ့
မင်းတို့ရဲ့မနက်ဖန်
မင်းတို့ရဲ့ထာဝရဖြစ်သောကြောင်း
လွတ်မြောက်အောင် ကြိုးစားကြပါတဲ့။


ရင်သွီး