24 July 2011

ဆိုင်မှာ အင်တာနက် သုံးသူများ သတိထားရန်

ကျနော် မြန်မာနိုင်ငံမှာ သုံးတုန်းက သူငယ်ချင်းတစ်ယောက်အကောက့်ကို ခိုးဖတ်နေတာကို သိလိုက်ရတယ်..ဒါကို ကျနော်က လေ့လာမယ်ဆိုပြီး ရှာလိုက်တော..ကို ခွန်မောင်ပန် ရေးထားတဲ့ ပို့စ်ကိုတွေလို့ ကျနော် Blog မှာ ပြန်ပြီးမျှဝေလိုက်ပါတယ်နော်...။
ကျွန်တော် ကိုယ်တိုင်တွေ့ခဲ့ရတာကို သူငယ်ချင်းတွေ သိသင့်တယ်ထင်လို့ ဒီပိုစ့်လေးကို တင်ဖြစ်အောင်တင်လိုက်တာပါ။ သိပြီးသားဆိုရင်လည်း ကျော်သွားလိုက်ပေါ့ ။ ရည်ရွယ်တာက မြန်မာနိုင်ငံ ကျွန်တော် သူငယ်ချင်းတော်တော်များများက ဆိုင်မှာ သုံးတာများတယ်လေ ။ခုပြောပြမယ် အချက်က တကယ်လည်း အရေးကြီးလို့ပါ ။ စလိုက်ကြစို့ ။


   ကျွန်တော်တို့ ဆိုဒ်တစ်ခုခုကို ဝင်မယ်ဆိုရင် အကောင့်တွေဘာတွေဖြည့်ပြီးချိန်မှာ တွေ့ရတတ်တာက ဒါတွေပါ ။ ဒါမှ မဟုတ် ဒါမျိုးလည်း ရှိသေးတယ် ။


တွေ့ဖူးကြမယ်ထင်ပါတယ် ။Remember ကို နိပ်မိလိုက်တာနဲ့  ကိုယ်ရဲ့ အကောင့် နာမည်နဲ့ ပစ်ဝေါ့က Firefoxကျန်နေပါလိမ့်မယ် ။
အောက်ပုံတွေကို ကြည့်ရင့် သဘောပေါက်ကြမယ်ထင်တယ် ။








ဒါကြောင့် မို့လို့ ဆိုင်မှာ အင်တာနက်သုံးနေတဲ့ သူငယ်ချင်းများရေ ... တကယ်လို့ Remember ကို နိပ်မိပြီဆိုရင် သင်ရဲ့ Password ပြောင်းလိုက်ပါတော့ ။ တကယ်လို့ ဆိုင်ဖွင့်နေတဲ့ သူငယ်ချင်းဆိုရင်လည်း စိတ်ထားကောင်းကောင်းနဲ့ နံပါတ်သုံးပုံမှာ ပါတဲ့အတိုင်း သူတစ်ပါးတွေရဲ့အကောင့်ကို မယူသုံးဘဲနဲ့ ။Remove all ကို နိပ်ပေးလိုက်ပါလို့ တောင်းဆိုလိုက်ပါ။ နောက်တစ်ချက်က အဲပေါ်မှ ပြတဲ့ပုံတွေထဲက Remember.Never for this site. Not now သုံးခုမှာ Never for this site ကို ရွေးပေးကြပါ ။ ပြီးတော့ အဲဒါကို မေးမေးနေတာကိုလည်း ပိတ်ထားပေးကြပါ ။


အဲဒါကတော့ Viwe page info ကနေဝင်တာပါ ။ အမှတ်လေးပေးထားရင် ဖြုတ်ထားပေးလိုက်ရုံပါပဲ ။
အားလုံးပဲ ပစ်စ်ဝေါ့အခိုးခံရခြင်းမှ ကင်းဝေးကြပါစေ


ရင်သွီး