သမိုင်းစာမျက်နှာဆိုသည်မှာ အဖြစ်အပျက်မြောက်များစွာ. စစ်မှန်သောအခြေခံအကြောင်း တရားများဖြင့် ပြည့်ဖြိုးခိုင်မာ ဝေသီသော၊ မတိမ်းမယိုင်ကျောက်စာတိုင်ကြီးဟု ဆိုလိုချင်ပါသည်။ သမိုင်းကို လိမ်လည် ရေးသား၍ မရသကဲ့သို့ သမိုင်းကို ကြံဖန်ရေးသား သူများကိုလည်း သမိုင်းတရားခံ အဖြစ် စွပ်စွဲကြရမည်သာ ဖြစ်ပေသည်၊ လိုချင်သလို ဆွဲယူရေးသားပြီး။ မလိုအပ်သည့်အခါအဖြစ်မှန်များကို ပယ်လွှဲဖျောက်ဖျက်။ မျက်ကွယ်ပြုခြင်း။ အဆက်အစပ်မရှိဘဲ။ အကြောင်းအရာတစ်ခုမှတစ်ခုသို့ ခုန်ကျော် ရေးသားခြင်းများ သည်ကား အတ္တစွဲသမားများ၏ လုပ်ကြံဖန်တီးမှုသာဖြစ်သည်၊ ယင်းကို သမိုင်းဟုပြောရလောက်အောင် အဆင့်မရှိ သော။ အခြေအမြစ်မရှိသော။ အဓိပ္ပါယ်မဲ့လုပ်ရပ်ဟု မုချယုံကြည် ကြရမည်ဖြစ်သည်။
လူ၊ သတ္တ၀ါနှင့်တိရိစ္ဆာန် အမျိုးမျိုးတို့ကား တိကျသောအမည်ရင်းတစ်ခုစီ အသီးသီး ရှိကြစမြဲ ဖြစ်သည်။ နှစ်ပေါင်းများစွာကြီးမြင့် ကြာရှည်လာပြီးမှ ငါ့အမည်ကား “A” မဟုတ်ပါ။ “B” သာလျှင်ဖြစ်သည်ဟု အများပြည်သူထံ ကြွေးကြော်တောင်းဆိုငိုကြွေးနေရပါလျှင်၊ ထိုအမည်နာမ မစစ်မြစ်သူ၏ အကြောင်း ဇစ်မြစ်ကို ကြားသူတိုင်းက၀ိုင်းဟား။ ရယ်မောကြမည်သာဖြစ်သည်၊ ကြားသူတိုင်းကလည်း မင်းမိဘကိုတွေ‹အောင်ရှာပြီး သွားမေးလိုက်ပါလား ဟုသာအဖြေပေးကြရလိမ့်မည်၊စာရေးသူ မွေးကတည်းကစပြီး စစ်တွေ ဒီဂရီကောလိပ် ၏တတိယနှစ်သင်ကြားချိန် (၁၉၈၈)ခုနှစ်ထိ တွေ့ဖူးကြုံဖူးခဲ့ရသော မူဆလင် စာသင်ဘက်များ ထံမှ စကားကြုံတိုင်း ကြားဖူးခဲ့ရသည်မှာ “ကျွန်တော် ရို့ကုလားပါ” ဟူ၍သာဖြစ်သည်၊
၁၉၈၈ ခုနှစ် ဒီမီုကရေစီအရေးတော်ပုံပြီးနောက်။ ဘင်္ဂလားဒေ့ခ်ျ-မြန်မာ နယ်စပ်ကို ရောက် လာခဲ့ရာ မကြားဖူးသော။ အသစ်အဆန်း“ရိုဟင်ဂျာ” ဆိုသည့် လူမျိုးအမည်တစ်ခုကို အံ့သြဖွယ် ကြားဖူးလာ ခဲ့ရသည်၊ထိုစဉ်ကျမှ ငယ်စဉ်ကကြားဖူးခဲ့သော။နှစ်စဉ်နှစ်တိုင်း ရွာသို့လာပြီး စပါးအငှားရိတ်သူ “ရွင့်ဂျာကုလား” ဆိုသူများကို ပြေးသတိရမိသည်၊ အဖိုးသျှင်။ အဘောင်သျှင်တို့ ယင်းအချိန်က ပြောပြချက် အရ။ ထိုရွင့်ဂျာ ကုလားများမှာ။ ရေမြေခြားဘင်္ဂလားတိုင်းပြည်မှ နှစ်စဉ် နှစ်တိုင်းပင်။ ရခိုင်ပြည်သို့ လာရောက်ပြီး။ စပါးအငှားရိတ်သိမ်းကြသူများဖြစ်ကြောင်း ကြားဖူးနားဝ ရှိခဲ့ဖူးပါသည်၊ သူတို့၏ ရိုးရာ။ ဘာသာ။ ယဉ်ကျေးမှု။ ရုပ်ရည်ပုံပန်းအရ။ ယင်းရွင့်ဂျာ စပါးရိတ် ကုလားများကို တိုင်းတပါးမှာ ပေါက်စိုင် ပင်ကျ ၀င်ရောက် အလုပ် လာလုပ်ကြသူများ အဖြစ်သာနားလည်ခဲ့ရ ဖူးပါသည်၊“ရွင့်ဂျာ”ဆိုသည် မှာ“အခြေအမြစ်မဲ့သူ”ဟူ၍ှု အဓိပ္ပါယ်သက်ရောက်ပြီး“နယ်မြေအတည်တကျမရှိခြင်း” ကိုဆိုလိုကြောင်းနှင့် “ကုလား”ဆိုသည်မှာကား။ နိုင်ငံ ရပ်ခြားတိုင်း တစ်ပါး။ ရေခြားမြေခြားဒေသတစ်ခုခုမှ ရောက်ရှိလာသူများကို ဆိုလိုကြောင်း ကြားဖူးခဲ့ပေသည်၊ ထို့ကြောင့်ယင်း “ရွင့်ဂျာကုလား” များမှာ တိုင်းတစ်ပါးမှ ၀င်ရောက်လာကြသော နယ်မြေအတည် တကျမရှိသူများအဖြစ် သဘောပေါက်ခဲ့ရဖူးပါသည်၊
တော်လှန်ရေးခရီးရှည်မှာ လျှောက်လှမ်းရင်းဖြင့် ထိုရိုဟင်ဂျာအမည်ခံ ရွင့်ဂျာ ကုလားခေါင်း ဆောင်များ နှင့် လည်းတစ်ခါတရံတွေ့ဆုံ စကားကြုံဖူးခဲ့ပါသည်၊ သူတို့၏ အယူအဆမှာ သမိုင်း အဆက်ဆက်က ရိုဟင်ဂျာ မင်းဆက်ပေါင်းများစွာ ရခိုင်ပြည်ကို စိုးစံခဲ့ဖူးကြပြီး။ မင်းဆက်သက်သေ ငွေဒင်္ဂါးများစွာက သက်သေထူ လျက်ရှိ ကြောင်း ပြောပြခဲ့ကြသည်ကို နားထောင်ခဲ့ဖူးသည်၊ မကြားစဖူး ဖြစ်၍။ မုသ၀ါဒါဟူ၍သာ မှတ်ယူ ခဲ့ရသည်၊ လေ့လာတွေ့ရှိခဲ့ရသမျှဆိုပါမူ ရခိုင်မင်းဆက်အချို့တို့.အိမ်နီးချင်း မိတ်ဖက်ပေါင်းဖော် ပီသခြင်း ဆိုသည့် သန့်ရှင်းသောအလေးထား အသိမှတ်ပြုခြင်းများကို။ လူတချို့က အာရပ်စာဖြင့်ရေးထိုးသုံးစွဲသော ရခိုင်ဒင်္ဂါးများမှာ မူဆလင်မင်းများ၏ သမိုင်းအမွေအနှစ် အဖြစ်၎င်း။မူဆလင်အမည်ခံခဲ့ကြသည့် ရခိုင်မင်းများအား မူဆလင်မင်းများ အဖြစ်၎င်း။ ထိုမင်းများ သည်ပင်လျှင် ရိုဟင်ဂျာ အမည်ခံကြသည့် ရွင့်ဂျာကုလားလူမျိုးများဖြစ်ခဲ့ကြသယောင်။ အကြံအဖန် ထုတ်နေကြသည်ကို အံ့သြဖွယ်ရာ တွေ့ရှိ လာခဲ့ရသည်။ သို့သော် ဖော်ပြပါ မင်းဆက်များသည်ကား ဗုဒ္ဓဘာသာ သာသနာထွန်းကား စည်ပင်ရေး အတွက် ကျောင်းကန်၊ စေတီ၊ ပုထိုး၊ ဘုရားဌာပနာ တည်ဆောက်ခြင်း အမှုများကိုသာပြုခဲ့ကြပြီး ဗလီမသိတ် တည်ဆောက်၍ အစ္စလင်(မ်)ဘာသာ စည်ပင်ရေးလုပ်ငန်းများ ဖော်ထုတ်ခဲ့ကြသည်ကိုကား တစိုးတစိမျှ မတွေရှိခဲ့ရချေ၊ ရခိုင်သမိုင်း ၃၃၂၅ ဘီစီ မှသည် ၁၇၈၄ အေဒီထိတိုင် သမိုင်းစာမျက်နှာများက သက်သေထူလျက်ရှိကြောင်းအတိအလင်း တွေ့မြင်ကြရမည်သာဖြစ်ပေသည်၊
သက္ကရာဇ် ၃၃၂၅ ဘီစီ မှ ၁၇၈၄ အေဒီထိ ရခိုင်သမိုင်းတွင် မည်သည့်ရိုဟင်ဂျာခေါ် သမိုင်းပညာရှင် တစ်ဦး တစ်ယောက်၏.မှတ်တမ်းမှတ်ရာကိုမျှ မတွေ့ရှိခဲ့ရချေ၊ခေတ်သစ်ပေါ် သမိုင်းလေ့လာသူဆိုသူများကသာ ပွဲလန့်တုန်းဖျာခင်းအယူဖြင့်။ မြန်မာပြည် စစ်အစိုးရအား နိုင်ငံတကာဖိအားပေးမှုများအပေါ် အခွင့်ကောင်း ယူ၍ လိုအပ်သည့်အခါ။ လိုအပ်သလို ရှုပ်ထွေးပွေလီစွာရေးသားဖော်ပြနေကြသည်ကို သမိုင်းအဖြစ် ရွင့်ဂျာ ကုလား များက ဖန်တီးယူနေကြသည်၊
ပြည့်စုံသော သမိုင်းမရှိဘဲ။ လူမျိုးမရှိနိုင်။ လူမျိုးမရှိလျှင် ဘာသာ။ သာသနာလည်း ရှိနိုင်လိမ့် မည်မ ဟုတ်ချေ၊ထိုနည်းတူ စာပေ။ ယဉ်ကျေးမှု။ အနုပညာ ဆိုသည်ကိုလည်း သမိုင်းမရှိသူများ ရှာတွေ့နိုင်ကြ လိမ့်မည်မဟုတ်ချေ။ အာရ်ဗီစာကို ရခိုင်ဘုရင်မင်း အဆက်ဆက်ကရှိနှင့်ခဲ့သော ရွင့်ဂျာကုလားစာဟု ကမ္ဘာကိုကြော်ငြာထည့ှ်ုလည်း အများသူငါတို့က ယုံကြည်နိုင်ကြ လိမ့်မည်မဟုတ်ချေ၊
လူမျိုးတစ်မျိုး သမိုင်းစဉ်ဆက့် ဖြစ်ပျက်မှုများစွာကို တွေ့ရှိကြရမည်ဖြစ်သည်၊ ပညာရေး။ ကျန်းမာရေး။ လူမူရေး။ နိုင်ငံရေးနှင့် အားလုံးသော ဖြစ်ပေါ်တိုးတက်ရေးစသည့် လုပ်ငန်းတာဝန်များကို။ မျိုးဆက်သစ်များက လက်ဆင့်ကမ်း သယ်ယူခဲ့ကြသည်ကို စဉ်ဆက်မပြတ်သော သမိုင်းစာမျက်နှာများက သက်သေထူပြကြသည်။ ထိုအကြောင်းအရာများကို အခြေခံ၍ ရွင့်ဂျာကုလား“ရိုဟင်ဂျာ”ဆိုသူများ၏ ဖြစ်အင်ကို လည်း ဆန်းစစ်ကြည့်သင့်သည်၊ လူသားတိုင်းက အမျိုးကိုချစ်ကြသည်မှာ သဘာဝတရားပင် ဖြစ်သည်၊ လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ် ၀င့်ထယ်စွာနေလိုကြသည်သာဖြစ်သည်၊တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေးတိုက်ပွဲဝင်ကြသည်၊ အကယ်၍သာ ရွင့်ဂျာကုလား “ရိုဟင်ဂျာ” အမည်ခံများကသာ ရခိုင်ပြည် ထီးစိုးနန်းစံနေခဲ့ဖူးပါမူ အောက်ဖော်ပြပါ နှိုင်းယှဉ်ချက်များဖြင့် ဆန်းစစ် ကြည့်ကြရမည် ဖြစ်ပေသည်၊
(က) ၁၇၈၄ ခုနှစ် ရခိုင်ဘုရင့်နိုင်ငံတော်ကို ဗမာဘုရင်မောင်ဝိုင်း ၀င်ရောက်သိမ်းပိုက်၍ ရခိုင်တစ်မျိုးသားလုံး ကျွန်သပေါက်ဘ၀သို့ ရောက်ခဲ့ကြရစဉ်က ရွင့်ဂျာကုလား “ရိုဟင်ဂျာ” စစ်တပ် ဟူ၍ ရခိုင်ပြည်လွတ်မြောက်ရေး စစ်ဆင်ရေးတစ်စုံတစ်ရာကို ရခိုင်သမိုင်းတွေ့ရှိနိုင်ခြင်းမရှိပေ၊ ထိုလူမျိုး လွတ်လပ်ရေးတိုက်ပွဲ ပါဝင်မှု ဆုံးရှုံး နစ်နာမှု ဟူ၍လည်းမတွေရှိရချေ၊ အမျိုးဘာသာမတူငြားသော်လည်း နိုင်ငံပိုင် မဟာမြတ်မုနိ ဗုဒ္ဓရုပ်ပွါးတော်ကို ဗမာနယ်ချဲ့မင်းတို့ အတင်းအဓမ္မ ယူဆောင်ခဲ့ကြစဉ်ကလည်း ထိုကုလားတို့၏ အသိစိတ်ဓါတ်ဖြင့် ဆန့်ကျင်တော်လှန်မှု ပြုခဲ့ကြသည် လည်း မရှိခဲ့ချေ၊ ရခိုင်အမျိုးသားတို့ သွေးချောင်းစီးခဲ့ကြရသည်၊ အသက် နှင့်အိုး။ အိမ် ပိုင်ဆိုင်မှု များ ဆုံးရှုံးခဲ့ကြရသည်၊ အသိပညာရှင်။ အတတ်ပညာရှင်များလက်လွတ်ပေးခဲ့ကြရသည်၊ လူအခွင့်အရေး ပေါင်း စုံကို ချိုးဖောက်ခံခဲ့ကြရသည်၊ သိုသော် ထိုကုလားများ. မှတ်တမ်းတစ်စုံတရာကိုမျှ မည်သည့် သမိုင်းစာမျက်နှာကမှ ထောက်ပြမူမရှိပေ၊ ရခိုင်စစ်သည်ကြီး ဗိုလ်ချင်းပျံ ကျဆုံးရသည်ထိတိုင် ဗမာဆန့်ကျင်ရေး တိုက်ပွဲပေါင်းမြောက်များစွာ မည်သည့် ရွင့်ဂျာကုလား ဦးဆောင်ပါဝင်ပူးပေါင်းမှု ကိုမျှ ရခိုင်သမိုင်း၌ မတွေ့ရသည်မှာ ငြင်းစရာ မရှိချေ၊
သမိုင်း အစဉ်အလာအရ ရခိုင်အပါအ၀င် မြန်မာတိုင်းရင်းသားများ လွတ်လပ်ရေးတိုက်ပွဲ ကာလ တွေ့ရပုံ
(ခ) ၁၈၂၆ ခုနှစ်မှ ၁၉၄၂ ခုနှစ်ထိတိုင် ရခိုင်ပြည်အပါအ၀င် ဗမာပြည်တစ်ခုလုံး။ အင်္ဂလိပ် မျက်နှာဖြူများ လက်အောက် ကျွန်သပေါက်ဘ၀သို့ ကျရောက်ခဲကြရစဉ်က ဗြိတိသျှဆန့်ကျင်ရေး။ ဗမာပြည်။ ရခိုင်ပြည် လွတ်လပ်ရေ့း ရခိုင်ပြည်ကို စိုးစံခဲ့သည်ဆိုသည့် မည့်သည့်ကုလားရွင့်ဂျာ “ရိုဟင်ဂျာ” ဆိုသူတို့၏ လှုပ်ရှားမှု ကိုမျှ မတွေ့ရှိခဲ့ရပေ၊ မြန်မာပြည် လွတ်လပ်ရေး၏ မီးရူးတန်ဆောင် ရခိုင့်အမျိုးသား ဆရာတော် ဦးဥတ္တမ ကဲ့သို့သော ခေါင်းဆောင် တော်ကြီးများ မျက်နှာဖြူ ဆန့်ကျင်ရေး။ မြန်မာပြည်လွတ်လပ်ရေး တိုက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရ ဦးဆောင်တိုက်ပွဲ ၀င်ခဲ့ကြစဉ်က “ရိုဟင်ဂျာ” အမည်ခံလိုကြသူများ ဘယ်ခြုံကြားမှာ ရှောင်ပုန်းနေခဲ့ကြသည်ကို မပြောပြတတ်ပါ၊
(ဂ) ၁၉၄၂ ခုနှစ်မှသည် ၁၉၄၅ ခုနှစ် ကာလအတွင်း။
ဖက်ဆစ်ဂျပန်လက်အောက် ရခိုင်ပြည် အပါအ၀င် ဗမာပြည်ကြီး တစ်ခုလုံးလူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့ ညှင်းပန်းနှိပ်စက်ခြင်းမျိုးစုံကို သဲထိပ်ဖွယ်ရာ ခံစား ခဲ့ကြ ရသည်၊ ရခိုင်အမျိုးသားများ မျိုးချစ်စိတ် ထက်သန် ပြည့်ဝမှုတို့ကြောင့် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ရခိုင်ပြည် မှ စတင်၍ ရခိုင်အမျိုးသားတို့က တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြသည်မှာ မြန်မာ့သမိုင်းတွင် ထင်ရှားလွန်းလှသည်၊ သိုသော် ဘင်္ဂလီမူဆလင် “ရိုဟင်ဂျာ” ဆိုသူများ ၏ သမိုင်းကိုကားတစ်စိုးတစ်စိမျှ ရှာမတွေ့နိုင်ချေ၊
(ဃ) ၁၉၄၅-၁၉၄၇ ခုနှစ် ဒုတိယအကြိမ်မြောက် ဗမာပြည် ဗြိတိသျှလက်အောက် ကျရောက်ခဲ့သည်၊ ဗမာအာဇာနည် ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သေ GCBA, BIA, AFPFL စသည့် အသင်းအဖွဲ့
စစ်တပ် နှင့်နိုင်ငံရေးပါတီတို့ပေါ်ပေါက်လာခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် မြန်မာပြည်လွတ်လပ်ရေးကို ဗြိတိသျှ လက်အောက်မှ အရယူနိုင်ခဲ့ကြသည်၊ သိုသော် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကား ရွင့်ဂျာကုလားများတို့အား“ရိုဟင်ဂျာ”အမည်ဖြင့်အသိမှတ်ပြု ရေးကိုလည်းကောင်း ပင်လုံညီလာခံသို့
တက် ရောက်ရန် ဖိတ်ကြား ခဲ့ဖူးသည် ကိုလည်းကောင်း မကြားဖူး။ မဖတ်ဖူးသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
ဦးစောသိန်း ၁-၈-၀၉
တောင်းပန်ချက်။ အထက်ပါ ပို့စ်တွင် ပိုဒ်ဖြတ်များ၊ ပုဒ်ထီး ပုဒ်မများကို အချိန်အခက်အခဲကြောင့် မပြင်ဆင်နိုင်တော့ပါ။ သို့ဖြစ်ပါ၍ စာဖတ်သူလူကြီးမင်းများအား ပို့စ်တင်သူမှ အနူးအညွတ် တောင်းပန်အပ်ပါသည်။ စာရေးသူ၏ အာဘော်အတိုင်း တင်ပေးထားခြင်းဖြစ်ပါသည်။
http://anti-rohingya.blogspot.com/2011/10/blog-post_9256.html