21 November 2011

အိပ်ပျက်ခဲ့တဲ့ည

မင်းပေးခဲ့တဲ့အိမ်မက်
နှလုံးသားမှာ တမ်းတရခက်
နာရီလက်တံသံတောင်
မင်းအသံထင်ရအောင်
ဖမ်းစားနိုင်ခဲ့သူ။

အိပ်မောကျဖို့ကြောက်လို့
မင်းပြောရေစကား
ကြားခဲ့တဲ့အသံ
မြင်ခဲ့တဲ့အရုပ်ကို
အိမ်မက်ထဲက နတ်သမီးအလား
စဉ်းစားလို့ စဉ်းစားလို့
ရင်မောခဲ့ရလူ။


ငါဟာ….အိမ်မက်ထဲမှာ
အလွမ်းရာဇဝင် အချစ်သမား
အမုန်းလှိုင်းလုံးကြားက
အကြံစဉ်မှားခဲ့တဲ့ ဒဿဂီရိလား..။

ငါ့တို့နှစ်ယောက်
ရေမြေခြားရင်လည်း
ရိုမီယိုနဲ့ဂျူလီယပ်လို
အိမ်မက်ကို ပုံသွင်း
အေးမြတဲ့ဘဝတွက်
အကြင်နာတရားကိုဆွဲထုပ်
နှလုံးသားကိုပေါင်းစပ်
မေတ္တာတရားကို
အတောင်ပံတတ်မယ်  သဘောတူလား..။

ထွန်းလင်းစိုး
၂၀.၁၁.၂၀၁၂