20 December 2011

တွယ်တာမိတာ အပြစ်လား

မမျှော်လင်းခဲ့ပေမယ့်
တိတ်တိတ်လေးပဲ
အမှောင်ထုကိုဖြတ်ကျော်မယ့်
မျှော်လင်းခြင်းလမင်းလေးတစင်း
သူ့အကြင်နာမျက်ဝန်းက
ဖန်ဆင်းပေးခဲ့တယ်။

သူ့ရဲ့ကြင်နာမှုတွေက
ငါ့နှလုံးသားကို
အထပ်ထပ်အခါအခါ
ယိုင်လေးစေခဲ့တယ်။


တွေ့ခင်မြင်မိ
မြတ်နိုးတတ်သူမို့
ကြင်နာမိပေမယ်
ဖွင့်ပြောခွင့်မရှိတဲ့
မိမသားတွေဘဝက
အကြင်နာ အထာတွေကို
မျက်ဝန်းလွှာထဲမှာ
အပြည့်ရှိထည့်ထားပါတယ်။

နူညံတဲ့ခံစားမှုရှိသူမို့
စတွေ့ကတည်းက
ပြောခဲ့တဲ့စကားတွေ
တို့နှစ်ယောက်တွက်
ဆုံတွေ့စရာတွေဖြစ်ခဲ့ရင်
ကျလုဆဲမျက်ရည်ကို
ပြန်မျိုသိမ်းရင်း
အကြင်နာမျှဝေမှုတွက်
အမြဲစောင့်နေမှာပါ။

ထွန်းလင်းစိုး